တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်၍ ပဲတီစိမ်းဈေးပြန်မြင့်၊ စပါးဈေးပိုကောင်းလာနိုင်ဟု ကုန်သည်များခန့်မှန်း
ပြီးခဲ့တဲ့အပတ်ကအထိ ဆက်တိုက်ဈေးကျဆင်းနေခဲ့တဲ့ ပဲတီစိမ်းဟာ အခုတစ်ပတ်အတွင်းမှာတော့ လက်ရှိ တရုတ်နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်လာမှုနဲ့အတူ တင်ပို့မှုများလာပြီး ဈေးတွေလည်း ပြန်မြင့်တက်လာပါတယ်။ ဆန်တင်ပို့မှုမှာလည်း နယ်စပ်စခန်းတွေပြန်ဖွင့်လာတာကြောင့် ပိုမြင့်တက်လာနိုင်ပြီး ဈေးထပ်တက်နိုင်ဦးမယ်လို့ ဆန်ကုန်သည်တွေက ခန့်မှန်းပါတယ်။
ပဲတီစိမ်း

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ၊ ခရမ်းရွှေဝါ၊ ဝါးခယ်မ)တို့က တစ်ပိဿာကို ၂၀၀၀ ကနေ ၂၉၂၀ ကြား ပေါက်ဈေးရှိနေပြီး အကျဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဒါပေမဲ့ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ် (ပိဿာ ၆၀)ကို ၁၃၅၀၀၀ ကနေ ၁၄၇၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၇၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။
မုံရွာဈေးကွက်မှာလည်း တစ်တင်း(ပိဿာ ၂၀)ကို ၃၆၅၀၀ ကနေ ၄၆၅၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်း(ပိဿာ ၂၀)ကို ၄၂၀၀၀ ကနေ ၄၇၅၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက် ဈေးမြင့်တက်လာပါတယ်။
ဆန်၊ စပါး

ရန်ကုန် ဝါးတန်းဆန်ဈေးကွက်မှာတော့ အခုတစ်ပတ်အတွင်း ဆန်အသစ်တွေ ဈေးကွက်စဖွင့်လာပြီး ဆန်ချောမှာတော့ အဟောင်းဈေးနဲ့ ဈေးအများကြီး ကွာဟမှုမရှိဘူးလို့ ဈေးကွက်စာရင်းတွေအရ သိရပါတယ်။
ဆန်အဝင်ကတော့ ဈေးကွက်အတွင်း ပုံမှန်ရှိပြီး အရောင်းအဝယ်လည်း ကောင်းနေတယ်လို့သိရပါတယ်။
ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်း(နယ်စုံ၊ဖျာပုံ၊မြောင်းမြ၊ဒေးဒရဲ)တို့က တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး အဟောင်းဈေးနဲ့ တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကြားသာ ကွာဟမှု ရှိပါတယ်။
ရွှေဘိုပေါ်ဆန်းအသစ်ကတော့ တစ်အိတ်ကို ၆၆၀၀၀ ကနေ ၇၂၀၀၀ ကြားပေါက်ဈေးရှိနေပြီး အဟောင်းနဲ့ ယှဉ်ရင်တော့ တစ်အိတ်ကို ၂၀၀၀၀ နီးပါး ကွာဟမှု ရှိပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကတော့ အဟောင်းလက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။ ဈေးကွက်အတွင်းမှာတော့ တစ်အိတ်ကို ၂၅မှတ်တန်က တစ်အိတ်ကို ၄၁၅၀၀ ကနေ ၄၂၅၀၀ ပေါက်ဈေးရှိနေပြီး ဧည့်မထရိုးရိုးကတော့ တစ်အိတ်ကို ၄၂၅၀၀ ကနေ ၄၄၀၀၀ ကြားပေါက်ဈေးရှိကာ ဈေးငြိမ်နေပါတယ်။
အခြား ငစိန်သစ်၊ မြီးဒုံးသစ် ၊ရက် ၉၀ ဆန် တို့ကတော့တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၆၀၀၀ ကြား ပေါက်ဈေးရှိနေပြီး အဟောင်းနဲ့ ယှဉ်ရင် တစ်အိတ်ကို ၅၀၀၀ ကနေ ၈၀၀၀ ကြားဈေးကွာဟမှု ရှိနေပါတယ်။
ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၄ သိန်းကျော်ပေါက်ဈေးရှိနေပြီး ဆန်ကတော့တစ်အိတ်ကို ၅၅၀၀၀ ပေါက်ဈေးရှိနေပါတယ်။ အခြား မြောင်းမြ၊ ဒေးဒရဲ၊ ဖျာပုံပေါ်ဆန်းစပါး တို့ကလည်း တင်း ၁၀၀ ကို ၁၄ သိန်းကနေ ၁၄ သိန်းခွဲကြားပေါက်ဈေးရှိနေပြီး ဆန်ကလည်း တစ်အိတ်ကို ၅၅၀၀၀ ကနေ ၅၈၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။ အပြင်ပေါက်ဈေးမှာတော့ စပါးဈေးက ယခုထက် များပြားတယ်လို့ သိရပါတယ်။
ဧည့်မထ(မြို့နယ်စုံ)စပါးတွေကလည်း တင်း ၁၀၀ ကို ၁၁ သိန်းကနေ ၁၁ သိန်း ၅ သောင်းကျော်ထိ ပေါက်ဈေးရှိနေပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၆၀၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ် ၉ လတာ ကာလအတွင်းမှာတော့ ဆန်တင်ပို့မှုက တရုတ်နိုင်ငံထံ အများဆုံး ဖြစ်ခဲ့ ပြီး အိမ်နီးချင်းနိုင်ငံတွေထဲက ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း ဝယ်ယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ
မတ်ပဲကတော့ ပြည်တွင်း ငွေလဲလှယ်နှုန်း ဈေးမြင့်တက်လာမှုနဲ့အတူ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးကအနည်းငယ်တက်လာပါတယ်။ ပြည်တွင်း ကုန်သည်အချို့သုံးသပ်တာကတော့ အိန္ဒိယမှာ ပွဲတော်ကာလမို့ အဝယ်များနေတာဖြစ်ပြီး သိပ်မကြာခင် ဈေးကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။
အတက်ဈေးမှာရှိနေတဲ့ ပဲစင်းငံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်ထပ်တက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာပါ ပဲစင်းငုံနီဝယ်ယူမှု မြင့်လာတဲ့အတွက် ပြည်တွင်းမှာပါ ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာပြည်တွင်းမှာတော့ အသစ်တွေ ထွက်ရှိနေပေမဲ့ ကြိုပွိုင့်ဝယ်ယူမှုတွေကြောင့် ဈေးက ကောင်းနေပါတယ်။ ကုန်သည်အချို့ကတော့ လက်ရှိပဲစင်းငုံနီ ဈေးကွက်အခြေအနေဟာ ပြည်တွင်း ငွေ လဲလှယ်နှုန်း မြင့်တက်မှုပေါ် သက်ရောက်မှုမရှိဘဲ ကြိုက်ဈေးကြိုက်ဝယ် အနေအထားရှိနေပြီဖြစ်တယ်လို့ ဆိုပါ တယ်။ အပြောင်းအလဲများတဲ့ အိန္ဒိယရဲ့မူဝါဒတွေကို စောင့်ကြည့်ရမှာဖြစ်ပေမဲ့ ရေရှည်မှာတော့ ဈေးကောင်း ရနိုင်တယ်လို့လည်း ကုန်သည်တွေက ဆိုပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) က ပေးပို့လာသည့် တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026