ဆားကြမ်းကို ပေါင်းမြက်သတ်ရန် သုံးသော်.. (ဘာတွေကောင်းပြီး ဘာတွေဆိုးမလဲ)
ယခုနောက်ပိုင်းမှာ စိုက်ပျိုးရေးလုပ်သူများအနေနဲ့ လက်တွေ့လုပ်ဆောင်ရလွယ်တဲ့ နည်းများနဲ့ မြေဩဇာများ၊ ပိုးသတ်ဆေးများကို ပြုလုပ်လာကြပါတယ်၊ အရေးအကြီးဆုံးတစ်ခုဖြစ်တဲ့ ပေါင်းသတ်ဆေးကိုလည်း အလုပ်သမားရှားပါးတဲ့အတွက် ယနေ့အထိ သုံးစွဲနေမြဲဖြစ်ပါတယ်။

ဩဂဲနစ်ပေါင်းသတ်ဆေး ဆိုပြီး ဆားတွေ ပက်တယ်။ ပေါင်းမြက်နိုင်တယ်ဆိုတဲ့ ကိစ္စကလည်း စိုက်ပျိုးရေးနယ်ပယ်မှာ ခေတ်ထနေပါတယ်။ ဒါကြောင့် ဆားရဲ့ ပေါင်းမြက်ကို သတ်တဲ့ ပုံစံနဲ့ ကောင်း ကျိုး ဆိုးကျိုးတွေကို ပြောပြပေးသွားချင်ပါတယ်။ ပထမအနေနဲ့ ဆားဟာဓာတ်ပစ္စည်း တည်ဆောက်မှုမှာ Sodium chloride ဖြစ်ပါတယ်။
ဆားဆိုတာတော့ အားလုံးသိပြီးသားဖြစ်မှာပါ၊ အငန်ဓာတ်များတယ်။ အရသာတွေကို လေးအောင် လုပ်ပေးနိုင်တယ်။ အဖြူရောင် အမှုန့်တွေပါ။ များသောအားဖြင့် ပင်လယ်ရေကို ကျိုချက်ပြီး ဆားများကိုထုတ်လုပ်ပါတယ်။ တစ်ချို့ကလည်း မြေမှ တူးရသော ကျောက်ဆားများကို အသုံးပြုကြပါတယ်။
ဆားပွင့်တို့ ရဲ့ သမိုင်းထဲက တန်ဖိုး

ဟိုးယခင် ရောမခေတ်အခါတွေမှာ ဆားကို ငွေကြေး အနေနဲ့ ပစ္စည်းတွေဝယ်ယူရာမှာ ပေးသုံးရတဲ့ အဓိ က တန်ဖိုးရှိခဲ့တဲ့အရာ ဖြစ်ပါတယ်။ ဘီစီ သက္ကရာဇ် ၁၄၀ ခန့်က ရောမ စစ်ဗိုလ်ချုပ် စီပီရို (Scipio Aemilianus) ဟာ တူနီးရှားနိုင်ငံရဲ့မြို့တော် ကာသေ့ကို စစ်နိုင်ခဲ့ပါတယ်၊ သူစစ်နိုင်ခဲ့တဲ့ မြို့ရဲ့ မြေတွေမှာ ဆားတွေကို တန်နဲ့ချီပြီး ထည့်ခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဆားတွေကြောင့် ကောက်ပဲသီးနှံတွေ စိုက်မရပဲ အမြဲ အစာအတွက် ဒုက္ခရောက်အောင် တိုင်းပြည် နာလန်မထူနိုင်အောင် လုပ်ခဲ့ပါတယ်။ ဒါမှ စစ်ရှုံးထားတဲ့ နိုင်ငံအနေနဲ့ ပြန်ပြီး မတော်လှန်နိုင်အောင် ဖြစ်ပါတယ်။ စပိန် နိုင်ငံကလည်း တူရကီ နိုင်ငံကို ယခုလို ဆားများနဲ့ နိုင်ငံမြေတွေကို ပက်တာတွေ ရှိခဲ့ပါတယ်၊ အဓိကအကြောင်းတရားကတော့ တူရကီနယ်စား Aveiro က သစ္စာဖောက်တဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုအရာတွေကြောင့် ဆားများဟာ ဟိုးတစ်ချိန် သမိုင်းတွေအရ ကြောက်စရာ လက်နက်တစ်ခုလိုဖြစ်ခဲ့ပါတယ်။
မည်ကဲ့သို့အပင်များကို သေစေပါသလဲ ???
အပင်တွေကို အဓိကသေစေတဲ့ အကြောင်းတရားကတော့ ဆားမှာပါဝင်သော ဆိုဒီယမ် Sodium ကြောင့်ဖြစ်ပါတယ်။ အငန်ဓာတ်တွေ များပြားလာမှုကြောင့် လူတွေမှာလို အပင်တွေမှာလည်း ရေငတ်လာပါတယ်၊ ပမာဏများ တဲ့အခါမှာ အပင်ဆဲလ်အမြှေးပါးတွေ ပျက်စီးပြီး အပင်တွေကို ခြောက်သေစေနိုင်ပါတယ်။ အပင်တွင်းမှ အပင်ရည်များ အပြင်သို့ စိမ့်ထွက်ကုန်ပါတယ် (High Osmotic stress)။ ပေါင်းသတ်ဆေး အနေနဲ့ ဆိုရင်တော့ ရွေးချယ်မဲ့ ပေါင်းသတ်ဆေးဖြစ်ပါတယ်။ အပင်အောက် ဆားတွေပုံတာနဲ့ ရေများများစားစားသာ မရှိရင် အပင်က သေမှာပါ။
ကောင်းကျိုးအနေဖြင့် တွေးသော် ...
ဆားကနေ ကလိုရင်းဓာတ် နဲ့ ဆိုဒီယမ်ဓာတ်ကို အပင်တွေအတွက် ရစေပါတယ်။ ကလိုရင်းက အရေးမကြီးပေမယ့် ဆိုဒီယမ်ဓာတ်ကတော့ အပင်တွေရဲ့ အနည်းလို အာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။ ပေါင်းသတ်ဆေးတွေ ဈေးကြီးနေတယ်၊ အရည်အသွေးကလည်း ပေါင်းတောင် မနည်းသေအောင် သုံးနေရတယ်ဆိုတဲ့ အနေအထားမှာ ဆားက ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ ဆားက သဘာဝကနေရတဲ့ စက်ရုံတွေကနေ ဓာတုပစ္စည်းတွေနဲ့ ချက်လုပ်ထားတာမဟုတ်လို့ ပြောမယ်ဆို ဩဂဲနစ်ဖြစ်ပါတယ်။ မိုးစပါး၊ ရေအမြဲ မပြတ်တဲ့ စိုက်ကွင်းတွေမှာ ဆားက ရေမငတ်စေသလို၊ ရေနဲ့ ဆေးချလိုက်တဲ့ပုံမျိုး ဖြစ်စေတဲ့အတွက် တစ်ခါ နှစ်ခါနဲ့တော့ ပြဿနာ မရှိလှပါ။
ဆိုးကျိုးများအနေဖြင့် ..
ဆားကို အရမ်းပူတဲ့ မြန်မာပြည် အလယ်ပိုင်း ဒေသတွေမှာ လုံးဝသုံးလို့မရပါဘူး။ ဆားပေါက်မြေ ပြဿနာတွေတောင် မနည်းဖြေရှင်းနေရတဲ့ ဒေသတွေမှာ ဆားနဲ့ပေါင်းသတ်မယ်ဆိုရင် အတော့်ကို ရင်လေးစရာ ကိစ္စဖြစ်ပါတယ်။ ဩဂဲနစ်စိုက်ပျိုးရေး ဆိုတာဟာ စက်ရုံချက် ဓာတုဆေးတွေ ၊ ဓာတ်မြေဩဇာတွေမသုံးဘဲ သဘာဝကရတဲ့ အရာတွေနဲ့ စိုက်တာ တစ်ခုတည်းမဟုတ်ပါ။ မြေကို ရေရှည်ဒုက္ခမပေးတဲ့ အချက်ကိုလည်း ထည့်စဉ်းစားပါတယ်။ ဒီ့အတွက် ပေါင်းသတ်တိုင်းသာ ဂလိုင်ဖိုစိတ်အစား ဆားကို သုံးမယ်ဆိုရင် ဩဂဲနစ်စနစ် မဟုတ်တော့ပါ။ ပေါင်းသတ်ဆေးအနေနဲ့ဆိုရင်တော့ ရွေးချယ်မဲ့ ပေါင်းသတ်ဆေးသာ ဖြစ်ပါတယ်။ အပင်အမျိုးအစားအလိုက် မထိခိုက်အောင် စနစ်တကျ ဓာတ်ခွဲချက်လုပ်ထားသော ဆေးမဟုတ်ပါ။
တောင်သူဦးကြီးများအတွက် အကြံပေးချက်
တန်ဆေးလွန်ဘေး ဖြစ်ပါသဖြင့် အလွန်အကျွံ မသုံးသင့်ပါ။ မဖြစ်မနေ သုံးမယ်ဆိုရင်..
(၁) ဆားငံဒဏ်ခံနိုင်ရည်ရှိသော သီးနှံများ စိုက်ခြင်း - ဥပမာ ဆားငန် စပါးမျိုးများ၊ အမြစ်ရှည်လွန်းသော အပင်များ မြေငန်တာ (Soil pH) မြင့်တာကို ကြိုက်တဲ့ အပင်အမျိုးအစားများ။
(၂) မိုးများသော၊ ရေအမြဲရနိုင်ပြီး စိုက်ပျိုးရေ သွင်းရလွယ်သော စိုက်ခင်းဖြစ်ရပါမယ်။
(၃) ပမာဏအားဖြင့် တစ်ဧကကို ၂၀ ကီလို အနည်းဆုံး နဲ့ တစ်နှစ်လျှင် ၁ ကြိမ်သာ သုံးသင့်ပါတယ်။
(၄) သုံးပြီးတဲ့အချိန်တိုင်းမှာ သစ်ဆွေးဓာတ် (Organic matter) များတက်အောင် ဟျူးမစ်အက်ဆစ်ပါသော ပစ္စည်းများ၊ မြေဆွေးအမျိုးမျိုး၊ သစ်စိမ်းမြေဩဇာ၊ အီးအမ် ဘိုကာချီ၊ တီကျစ်မြေဆွေး၊ တီကျစ်ရည်၊ ထရိုင်ခိုဒါးမားမြေဆွေး စတာတွေကို များများ ပြန်ထည့် ပေးရပါမယ်။
ကြပ်တည်းနေသော အခြေအနေများကြားအတွင်း စိုက်ပျိုးရေးလုပ်ကိုင် နေသူတိုင်းကို
လေးစားလျက်
ဖုန်းမာန်တိုး (ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
LinHtet
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ကိုထွန်းလင်းအောင်
လွန်ခဲ့သော ၄ နှစ် ကဆရာတိုးရေ ကျေးဇူးဗျို့
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....