အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ်
ရှာဖွေခြင်းဆိုင်ရာ (Search Function) လမ်းညွှန်
အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်တွင် မိမိသိလိုသော အကြောင်းအရာများကို တစ်နေရာထဲမှာ စာရိုက်၍ ရှာဖွေနိုင်ပါတယ်။
ဤကဲ့သို့ ရှာဖွေခြင်း လုပ်ဆောင်ရန်အတွက် နည်းလမ်း ၂ ခုရှိပါတယ်။ လေ့လာ ကြည့်လိုက်ရအောင်လား ခင်ဗျ။
ပထမနည်း - အစိမ်းရောင်လမ်းဆော့ဝဲလ်၏ ပင်မစာမျက်နှာရှိ အပေါ်ဆုံးဘားတွင် မှန်ဘီလူး ပုံစံ အရာလေး ပါရှိပါတယ်။ ၎င်းနေရာကို နှိပ်ပြီး မိမိသိလိုသော စိုက်/ မွေးဆိုင်ရာအကြောင်းအရာများကို စာရိုက်၍ ရှာဖွေနိုင်ပါတယ်။
ဒုတိယနည်း - ထို့ပြင် ကဏ္ဍငယ် တစ်ခုချင်းစီအတွင်း ဝင်ရောက်၍လည်း ရှာဖွေနိုင်ပါတယ်။ မိမိကြိုက်နှစ်သက်သော ကဏ္ဍအတွင်း ဝင်ရောက်လိုက်သောအခါ ပုံတွင်ပြထားသည့်အတိုင်း ညာဘက်ထောင့်အပေါ်ဆုံးရှိ တြိဂံပုံ အတုံးလေးများကိုနှိပ်၍ သီးနှံရွေးချယ်ကာ ရှာဖွေနိုင်ပါတယ်။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်