အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကွမ်းရွက်ရဲ့ အသုံးဝင်ပုံ

ကွမ်းရွက်ရဲ့ အသုံးဝင်ပုံ

Green Way
Green Way • Greenovator • 20/04/2020

ကွမ်းယာက ကျန်းမာရေးကို ထိခိုက်စေပေမယ့် ကွမ်းရွက်ချည်းဘဲကတော့ ကျန်းမာရေးကို အကျိုးပြုတဲ့အချက်တွေ အများကြီးရှိပါတယ်။

သွားကျန်းမာရေးအတွက် ကောင်းမွန်

ကွမ်းရွက်က ခံတွင်း ပိုးဝင်တာတွေကို ကာကွယ်ပေးပါတယ်။ သွားတွေကို ခိုင်မာစေပါတယ်။ ဒါပေမယ့် ခဏခဏစားရင်တော့ ကွမ်းရွက်ကထွက်တဲ့ အနှစ်တွေက ခံတွင်းနဲ့ လည်ချောင်းကင်ဆာကို ဖြစ်စေပါတယ်။

အနာကို ကျက်စေ

အနာတွေ ရလာရင် ကွမ်းရွက်ကပ်ပေးပါ။ ကွမ်းရွက်မှာ Antioxidant သတ္တိတွေပါဝင်ပြီး အနာအကျက်မြန်စေတဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။

ချောင်းဆိုးတာကို လျော့ချပေး

ကွမ်းရွက်က ချောင်းဆိုးတာကို သက်သာ ပျောက်ကင်းစေပါတယ်။ ကွမ်းရွက်ကို မုန်ညှင်းဆီမှာ စိမ်ပြီး အဆုတ်နား ရင်ဘတ်ပေါ်မှာ ကပ်ပေးရင် ချွဲထတာတွေကို သက်သာစေပါတယ်။

MyFood Myanmar Website မှ ကူးယူဖော်ပြပါသည်။

ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။