“ မွှေးရနံ့ထုတ်လုပ်ပေးသော………ဗနီလာပင်အကြောင်း"

08/06/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဗနီလာပင်အသုံးဝင်ပုံ

လူကြိုက်များလှတဲ့ အစားအစာတွေဖြစ်တဲ့ ချောကလက်၊ ရေခဲမုန့်၊ သကြားလုံး၊ ကိတ်မုန့်ပြုလုပ်ရာ၌ လည်းကောင်း၊ ရေမွှေးအမျိုးမျိုးဖော်စပ်ရာ၌ လည်းကောင်း အသုံးပြုသော အမွှေးနံ့ကို ဗနီလာပင်၏ အသီးတောင့်မှ ထုတ်ယူရရှိပါသည်။

ဗနီလာပင်မှာ သစ်ခွမျိုးနွယ်ဝင် နွယ်ပင်တစ်မျိုးဖြစ်ပြီး ဈေးကောင်းလှသော အပင်အမျိုးအစားတွင် ပါဝင်ပါသည်။ စိုက်ပျိုးရာတွင် လုပ်အားလိုအပ်ချက်များခြင်းမှာလည်း ဈေးကြီးရခြင်း၏ အကြောင်းတစ်ခုဖြစ်ပါသည်။

ဗနီလာ(Vanilla) ဝယ်လိုအားမှာ နှစ်စဥ်တိုးတက်လျက်ရှိပြီး မွှေးပျံ့လွန်းသောရနံ့နဲ့ ဗနီလာဟာ အလှကုန်၊ စားသောက်ကုန်တွေမှာ အသုံးပြုကြပြီး အလေးချိန်(ကီလိုကို အရည်အသွေးအလိုက် ဒေါ်လာ(၅၀၀-၇၀၀ဝန်းကျင်အထိ ဈေးနှုန်းရှိကြောင်းသိရပါသည်။

ဗနီလာပင်အကြောင်း

ဗနီလာပင်သည် သစ်ခွပင်တစ်မျိုးဖြစ်၍ ကြီးမားရှည်လျားသော နွယ်ပင်ဖြစ်သည်။ ဗနီလာပင်အမျိုးအစားပေါင်း(၅၀)ခန့်ကို ကမ္ဘာအရပ်ရပ်၌ တွေ့ရှိရသည်။ ဗနီလာပင်၏ မူလဇာတိဒေသသည် မက္ကဆီကိုနိုင်ငံဖြစ်သည်။

ဗနီလာပင်မှာ ပူအိုက်စိုစွတ်သောရာသီဥတုကိုနှစ်သက်သည်။ မြေနိမ့်အရပ်မှ ပေ ၂၀၀၀ အမြင့်ရှိသော အရပ်ဒေသများအထိပေါက်ရောက်နိုင်သည်။ အလျားပေ(၂၀-၃၀အထိ ရှည်တတ်သည်။

ဗနီလာပင်သည် အနှစ်(၅၀နီးပါးအသက်ရှည်နိုင်သည်။ အပင်ပေါက်ပြီး ()နှစ်အကြာတွင် အသီးတင်လေသည်။ အသီးတို့သည် ရှည်ရှည်လုံးလုံးအသီးတောင့်များဖြစ်၍ (-လက်မ အထိရှည်သည်။  ဗနီလာအမွှေးနံ့ကို ဗနီလာပင်၏ အသီးတောင့်မှ ထုတ်ယူရရှိပါသည်။

ဗနီလာအသီးတောင့်မှ အမွှေးနံ့ထုတ်ယူပုံ

ဗနီလာအသီးအတွင်း၌ မည်းနက်၍ ကျိချွဲသော အနှစ်များနှင့် သေးငယ်သော အစေ့မဲမဲများရှိကြသည်။ ထိုအနှစ်မှ ဗနီလာအမွှေးနံ့ကို ရရှိကြပါသည်။ အမွှေးနံ့ထုတ်ယူရန် အသီးတောင့်များကောင်းစွာမမှည့်မီ အသီးတောင့်ဖျား၌ အဝါရောင်သန်းလာလျှင် ဆွတ်ခူးရသည်။ ထို့နောက်ရေနွေးပူပူတွင် စိမ်၍ဆယ်ယူပြီးသော် သွေ့ခြောက်စေ၍ ကြာရှည်ခံအောင်ပြုပြီးလျှင် အသီးထဲမှ အနှစ်များ ကဇော်ပေါက်လာအောင်ပြုရသည်။ အသီးတောင့်များကို ကြာရှည်ခံအောင် တဖြည်းဖြည်းပြုလုပ်နိုင်လေ အမွှေးနံ့ကောင်းလေဟု သိရပါသည်။

ထိုကဲ့သို့ ကြာရှည်ခံအောင်ပြုလုပ်၍ အမွှေးနံ့ထုတ်ယူရန် တင်ပို့ရောင်းချကြပါသည်။ ထိုအခြေအနေတွင် အသီးအတောင့်များသည် ချောကလက်ရောင်ရှိပြီး အသီးတောင့်များပေါ်တွင် သကြားခဲကဲ့သို့ ဖြူဖြူအခဲကလေးများ ဖြစ်ပေါ်နေသည်။ သကြားခဲကလေးများ မရှိလျှင် ဗနီလာအမွှေးနံ့ ထုတ်ယူရန် အဆင့်အတန်း မမှီဟုယူဆကြပါသည်။

ကျန်းမာရေးအတွက် ဗနီလာ(Vanilla) အသုံးဝင်ပုံ

ဗနီလာ(Vanilla)မှာ Antioxidants ကြွယ်ဝစွာပါဝင်ပါသည်။ ထို့အပြင် ခန္ဓာကိုယ်ထဲရှိ မကောင်းသော Bacteria များကို သေစေသည့် အစွမ်းသတ္တိရှိပြီး ရောင်ရမ်းမှု ဝေဒနာကိုလည်း သက်သာစေနိုင်ပါသည်။ ထို့ကြောင့် ဖျားနာနေချိန်တွင် Vanilla(ဗနီလာ)ပါဝင်သော အစားအသောက်များသည် ခန္ဓာကိုယ်အတွက် သင့်လျော်ပါသည်။ ဗနီလာဆိုသည်မှာ နှစ်လိုဖွယ်ရနံ့နဲ့ ဆိမ့်တဲ့ အရသာရှိရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုနိုင်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါး/ဦးစီး)

Ref: သုတစွယ်စုံကျမ်း။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်