ခုနောက်ပိုင်း မရောနစ်(Mayonnaise)ကို အစားအသောက်တော်တော်များများနဲ့ တွဲဖက်စားသောက်လာကြပြီး လူကြိုက်များလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် မရောနစ်ကို အိမ်မှာတော့ မလုပ်စားဖြစ်သေးဘူး။ လုပ်ရတာခက်မယ်လို့ထင်ထားတာကိုး။ လုပ်နည်းသိတော့မှ တကယ်အံ့ဩသွားတယ်။ လုပ်နည်းကလွယ်လွယ်လေးရယ်။ ကုန်ကျစရိတ်လဲတော်တော်နည်းတယ်။ လုပ်ရောင်းရင်တောင် ဝင်ငွေတိုးမယ့် နည်းတစ်နည်းပါ။
ပါဝင်ပစ္စည်းများ
- ကြက်ဥ- ၂လုံး
- ဆား- လက်ဖက်ရည်ဇွန်း၂ ဇွန်း
- သကြား- ထမင်းစားဇွန်း ၂ ဇွန်း
- ရှာလကာရည်(သို့)သံပုရာရည်- ထမင်းစားဇွန်း၂ ဇွန်း
- ဆီ- လက်ဖက်ရည်ပန်းကန်လုံးနှစ်လုံး
- ငရုတ်ကောင်းမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း (မကြိုက်ရင်မထည့်လို့ရပါတယ်)
ပြုလုပ်နည်း
- ကြက်ဥ၊ ဆား၊ သကြား ၊ ငရုတ်ကောင်းနှင့် ရှာလကာရည်(သို့)သံပုရာရည်ကို သစ်သီးဖျော်စက်(blender)ထဲကိုထည့်ပြီး မွှေပါ။
- မွှေနေရင်း နေကြာဆီ (သို့မဟုတ်) ဟင်းသီးဟင်းရွက်ဆီကို အနည်းငယ်ထည့်ပါ။ မွှေတာကိုရပ်ပြီးထည့်လဲရပါတယ်နော်။
- မွှေလိုက် ဆီနည်းနည်းထည့်လိုက် ထပ်မွှေလိုက်လုပ်ပေးပြီး ပျစ်လာရင်အရသာရှိတဲ့ မရောနစ်လေး ရပါပြီ။ ဓာတုဆေးမသုံးပဲတောင် တစ်ခါလုပ်ထားရင် တစ်ပတ်လောက်အထားခံပါတယ်နော်။
သစ်သီးဖျော်စက်(blender)မရှိသူများအတွက်ပြုလုပ်နည်း
- ကြက်ဥ၊ ဆား၊ သကြား ၊ ငရုတ်ကောင်းနှင့် ရှာလကာရည်(သို့)သံပုရာရည်ကို ပန်းကန်လုံးထဲကိုထည့်ပြီး ကြက်ဥမွှေတံဖြင့် မွှေပေးပါ။
- ထို့နောက် ဆီအနည်းငယ်ထည့်ပြီး ဆက်မွှေပါ။
- ၅-၁ဝ မိနစ်လောက် မွှေပြီးရင် ၃ မိနစ်လောက် ခဏနားပါ။
- ပြီးနောက် ဆီထည့်လိုက် မွှေလိုက် ဆက်တိုက်လုပ်ပေးပြီး နောက်ဆုံးအနှစ်တွေပျစ်လာရင် စားသုံးလို့ပါပြီ။ အချိန်ခဏကြာအောင် စိတ်ရှည်လက်ရှည်မွှေပြီးနောက် အရသာရှိတဲ့ မရောနစ်လေးကို ရရှိမှာဖြစ်ပါတယ်။
မရောနစ်ပမာဏကို များစေချင်ရင် ဆီပမာဏပိုထည့်လို့ရပါတယ်နော်။ နောက်ပြီး အရသာကိုလည်း ကိုယ်ကြိုက်သလို လိုတိုးပိုလျော့လုပ်လို့ရပါတယ်နော်။
ဝတ်မှုံသင်း
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator