ဆားပေါက်မြေတွင်သီးနှံအထွက်နှုန်းကောင်းရန် အော်ဂဲနစ်မြေသြဇာဖြင့် မြေပြုပြင်နည်း

18/07/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၆ဝ)

အော်ဂဲနစ်မြေသြဇာဖြစ်သောမြေဆွေးနှင့် ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေး တိုးစေသည် (၁၂)

ဆားပေါက်မြေတွင်စိုက်သော အပင်များအတွက် နိုက်ထရိုဂျင်ကြွယ်ဝသော အော်ဂဲနစ်မြေသြဇာဖြင့် ထိန်းညှိခြင်း

ဘာကြောင့် သုံးသင့်တာလဲ

ဆားပေါက်မြေတွင် စိုက်ရသော အပင်များအတွက် အင်အော်ဂဲနစ်ဓာတ်မြေသြဇာ (၅ဝ%) သုံးစွဲမှု လျှော့ချပြီး အပင်အတွက်လိုအပ်သော သတ်မှတ်နိုက်ထရိုဂျင်နှုန်း (Recommended nitrogen dose, RND) ထားအတိုင်း ပြန်လည်ရရှိရန် နိုက်ထရိုဂျင်ကြွယ်ဝသော အော်ဂဲနစ်မြေသြဇာဖြင့် ဖြည့်စွက်သုံးခြင်းသည် မြေဆီသြဇာကောင်းခြင်း၊ အပင်များကြီးထွားခြင်းအပြင် အထွက်နှင့် အရည်အသွေးကို တိုးစေသည်။ ဥပမာ စတီးဗီးယားပင်နှင့် အခြားဆားပေါက်မြေဒဏ်ကို အသင့်အတင့်ခံနိုင်သော အပင်ဖြစ်သော်လည်း အထွက်နှင့် စုစည်းမှု ကျဆင်းစေသဖြင့် ဆားပေါက်မြေကို ပြုပြင်သုံးသင့်သည်။

အော်ဂဲနစ်မြေသြဇာထည့်ခြင်းက ဘာတွေပြောင်းလဲသလဲ?

မြေကို ပြုပြင်ပြောင်းလဲစေသည့် အားသာချက်များသည် အော်ဂဲနစ်ပစ္စည်းတိုးသည်။ မြေနေသက်ရှိများ တိုးသည်။ အပင်နှင့်မြေကြီး အာဟာရဓာတ်တိုးသည်။ အော်ဂဲနစ်မြေသြဇာထည့်ပေးသဖြင့် သဘာဝမြေနေ သက်ရှိအေအမ်အက်ဖ်မှို၏ ဇီဝကမ္မဖြစ်စဥ်ကြောင့် စတီးဗီးယားရွက်ချိုမှုန့်ပင်၏ ဆားပေါက်ဒဏ်ကို လျော့နည်းစေသည့် အောက်ဆီဒေးတစ် ဖိအားလျော့ကျသည်။ နေရောင်ဖြင့် အစာချက်မှုတိုးသည်။ ထို့ကြောင့် ဒြပ်ခြောက်အထွက် ကောင်းသည်။ စုစုပေါင်း ကလိုရိုဖီးတိုးသည်။ စတီးဗီရောဂလိုက်ကိုဆိုဒ်များ ပါဝင်မှုတိုးသည်။ စတီဗီရိုဆိုက် ပါဝင်မှုတိုးသည်။

စတီးဗီးယားရွက်ချိုမှုန့်ပင် အစိုချိန် ၁မီလီဂရမ်တွင်ပါသော စုစုပေါင်း ကလိုရိုဖီး(မိလီဂရမ်) တိုးခြင်း

စတီးဗီးယား ရွက်ချိုမှုန့်ပင်တွင် နေရောင်ဖြင့် အစာချက်လုပ်မှုတိုးခြင်း

စတီးဗီးယား ရွက်ချိုမှုန့်ပင် ပရိုတင်း ၁ မီလီဂရမ်တွင်ပါသော အင်ဇိုင်း CATလှုပ်ရှားမှုယူနစ် တိုးခြင်း

စတီးဗီးယားရွက်ချိုမှုန့်ပင် ပရိုတင်း ၁ မီလီဂရမ်တွင်ပါသော အင်ဇိုင်း POX လှုပ်ရှားမှုယူနစ်တိုးခြင်း

စတီးဗီးယားရွက်ချိုမှုန့်ပင် ပရိုတင်း ၁ မီလီဂရမ်တွင်ပါသော အင်ဇိုင်း SOD လှုပ်ရှားမှုယူနစ်တိုးခြင်း

၁။ ဆားပေါက်မြေတွင် ဂျစ်ဆန်တစ်မျိုးတည်းသုံးခြင်းအကျိုးပြုမှု

ဂျစ်ဆန်သည် သီးနှံပင်များကို ဆားပေါက်ဒဏ်ခံနိုင်ရန်နှင့် သက်သာစေရန် ကယ်စီယမ်နှင့် ဆိုဒီယမ် အချိုးထိန်းညှိပေးသည်။ မြေဖျော်ရည်တွင် ဆိုဒီယမ်များစုစည်းမှု သက်သာစေသည်။ ဆားပေါက်မှုသက်သာစေရန်နှင့် မြေတွင် ဂျစ်ဆန်တစ်မျိုးတည်း၏ အကျိုးပြုမှုမြင့်စေရန် အပင်မှရေလိုအပ်ချက်ပြည့်မီရန်လိုသည်။ ဂျစ်ဆန်ထည့်ပြီးပါက အမြစ်ဇုန်မှ ဆိုဒီယမ်များ အလွယ်တကူ စီးဆင်းပါသွားစေရန် လိုအပ်သောရေအသွင်းအထုတ် လုပ်ပေးရမည်။ Bello et al., 2021, Warner 2022

 

၂။ ဆားပေါက်မြေတွင် ဂျစ်ဆန်သည် မြေတွင်း အော်ဂဲနစ်ပစ္စည်းများနှင့် ပူးတွဲအကျိုးပြုမှု

ဆားပေါက်မြေတွင် ဂျစ်ဆန်သည် အော်ဂဲနစ်မြေသြဇာထည့်ထားသော မြေရှိအော်ဂဲနစ်ပစ္စည်းများနှင့် သဘာဝမြေနေသက်ရှိများ၏ ဇီဝကမ္မဖြစ်စဥ်ကြောင့် ဇီဝအော်ဂဲနစ် ဖြည့်စွက်ပစ္စည်းများအဖြစ် အပင်ကိုအကျိုးပြုသည်၊ (Bello et al., 2021, Warner 2022)

အော်ဂဲနစ်မြေသြဇာနှင့် ဂျစ်ဆန်ထည့်ထားသော မြေတွင် ဇီဝအော်ဂဲနစ် ဖြည့်စွက်ပစ္စည်းများအဖြစ် စတီဗီရိုဆိုက် %၊ အရွက် ပရိုတင်း % တိုးစေခြင်းဖြင့် အပင်ကိုအကျိုးပြုသည်၊

စုစုပေါင်း ကလိုရိုဖီး(မီလီဂရမ်) တိုးခြင်း

ကိုးကား

Bello SK . et al., Mitigating Soil Salinity Stress with Gypsum and Bio-Organic Amendments: A Review. Agronomy 2021, 11(9), 1735; https://doi.org/10.3390/agronomy11091735

Bidabadi SS. and M. Masoumian  Arbuscular mycorrhizal symbiosis improves growth and antioxidative response of Stevia rebaudiana (Bert.) under salt stress.Trends in Horticulture (2018) Volume 1. doi:10.24294/th.v1i3.549

 Youssef  MA Exogenously applied nitrogenous fertilizers and effective microorganisms improve plant growth of stevia (Stevia rebaudiana Bertoni) and soil fertility. AMB Express. 2021; 11: 133.Published online 2021 Sep 27. doi: 10.1186/s13568-021-01292-8

Warner Ryan M. Influence of Environmental Parameters, Pinching, and Ethephon Application on Growth and Branching of Potted Stevia. Hortscience 57(1):81–84. 2022. https://doi.org/10.21273/HORTSCI16241-21 USA 2022

 ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်