ရှမ်းတောင်တွင် ပို့ချမည့် ထောပတ်သီး စိုက်ပျိုးနည်း သင်တန်း

07/09/2014 01:53 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အားလုံးပဲ မဂၤလာပါ

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးမှု အစီအစဉ် (USAID) ၏ ထောက်ပံ့ မှုဖြင့် Asia Farmer-to-Farmer (F2F) Program ကို Winrock International မှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး နဲ့ ရွာငံ မှာ ပြုလုပ်မဲ့ သင်တန်း အကြောင်းလေး ဝေမျှပါရစေ။

မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း ရန်ကုန် (ရုံးချုပ်) နှင့် ရှမ်းပြည်နယ် တောင်ပိုင်း(ရုံးခွဲ) တို့၏ ဖိတ်ကြားမှု ဖြင့်   မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပါတယ်။

သင်တန်းဆရာကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါ တက္ကသိုလ် မှ ပါမောက္ခ ဆရာ ဖြစ်ပါတယ်။

သင်တန်း အကြောင်းအရာ ကတော့ ထောပတ်သီး စိုက်ပျိုးနည်း ဖြစ်ပါတယ်။ သင်တန်းမှာ မျိုးရွေးချယ်နည်း၊ ကိုင်းကူးကိုင်းဆက်နည်း၊ ထောပတ်သီး စိုက်ပျိုးရေး စီမံခန့်ခွဲမှု များ စတဲ့ ခေါင်းစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

သင်တန်းကို ၂ နေရာ ခွဲပြီး ပြုလုပ်မှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက် ကို တောင်ကြီး စိုက်ပျိုးရေးခန်းမ မှာ မနက် ၉ နာရီ မှ ညနေ ၄ နာရီ ထိ ကျင်းပမှာ ဖြစ်ပါတယ်။

တောင်ကြီးမြို့ သင်တန်း အတွက် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေကတော့ ဦးစိုးညွန့် (ထောပတ်သီး စိုက် တောင်သူ) ၀၉ ၅၂၁၅၆၁၀၊ ဒေါ်ဝါဝါဆွေ (စိုက်ပျိုးရေးဌာန) ၀၉ ၃၆၀၈၀၉၆၄

နောက် တစ်နေရာကတော့ စက်တင်ဘာ ၂၄ ရက် မှ ၂၅ ရက် ကို ရွာငံခန်းမ မှာ မနက် ၉ နာရီ မှ ညနေ ၄ နာရီ ထိ ကျင်းပမှာ ဖြစ်ပါတယ်။

သင်တန်းအတွက် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေကတော့ ဦးဝင်းအောင်ကျော် ( ထောပတ်သီး စိုက် တောင်သူ) ၀၉၄၉၃၅၉၀၈၈ ဖြစ်ပါတယ်

သင်တန်း အကြောင်း အသေးစိတ် နဲ့ အဖွဲ့အစည်း အကြောင်း အသေးစိတ် (မြန်မာဘာသာ + အင်္ဂလိပ်ဘာသာ) ကို ဓါတ်ပုံ ထည့်ရင် အဆင်မပြေမှာ စိုးလို့ pdf ကိုပဲ တင်ထားပေးလိုက်ပါတယ်နော်။ မပျက်မကွက် ဖတ်ရှုပေးကြပါအုန်းနော်။

မျိုးရွေးချယ်နည်း  နှင့် ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်း

Dear All

One volunteer, Professor from University of Florida, US will give Avocado Plantation Training at Southern Shan State.

Date - 19 to 20, Sept. Training Place - Ministry of Agriculture Hall, Taunggyi Training Time - 9 AM to 4 PM

Contact Person - U Soe Nyunt (Avocado farmers), 09-5215610, Daw War War Shwe from Agriculture Department, 09-36080964.

Another Place

Date - 24 to 25, Sept Training Place - Ywangan Hall, Ywangan Training Time - 9 AM to 4 PM

Contact Person - U Win Aung Kyaw (Avocado Farmers), 09-49359088

The training will cover Avocado variety selection, Propagation and Plantation Management title. The training is free and anybody who interest in Avocado Plantation can join to the training.

Photo source : http://news.ifas.ufl.edu/wp-content/uploads/2014/06/Avocados.jpg


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်