ရိုးရာနည်းဖြင့် မျှစ်ချဉ်ထည့်နည်း

28/06/2021 13:30 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

    မျှစ်ကတော့ အာရှဟင်းလျာတွေမှာ အသုံးအများဆုံးဖြစ်ပြီး ပုံစံအမျိုးမျိုး၊ ဟင်းလျာအမျိုးမျိုးနဲ့ အာရှသားတို့ကြိုက်ကြတဲ့ ရာသီစာဖြစ်ပါတယ်။ ရာသီချိန်တင်မကဘဲ အချိန်မရွေးစားသုံးနိုင်အောင် အချဉ်တည်ပြီး သိုလှောင်ကြပါတယ်။ လူတိုင်းကြိုက်တဲ့ အစားအစားဖြစ်တဲ့အပြင် ကျေးလက်နေလူထုအတွက် ဝင်ငွေရတဲ့ ရာသီစာတစ်ခုဆိုလည်းဟုတ်သလို ငွေကုန်ကြေးကျမများဘဲ အနံ့အရသာပြည့်စုံစေတဲ့ ဟင်းချက်စရာတစ်ခုဆိုလည်း ဟုတ်နေပြန်ပါတယ်။ ခုလို ဇွန်၊ ဇူလိုင်က မျှစ်တွေပေါ်တဲ့ရာသီပါ။ လူကြီးတွေကတော့ မျှစ်ကို အကြောတင်းစာရယ်ဆိုပြီး ကြောက်ကြတာတွေလည်း ရှိပါတယ်။ ဒီလို ကောင်းမွန်တဲ့ ဟင်းတစ်ခွက်က ကျန်းမာရေးနဲ့ ညီညွတ်လား မညီညွှတ်ဘူးလား  ဆိုတာကတော့ အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။

    မျှစ် က အသားဓာတ်ကြွယ်ဝပါတယ်။ အသားဓာတ်၊ ကစီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ phytosterols,phenols နဲ့ အဆီအနည်းဆုံးပါဝင်တဲ့ စားစရာတစ်ခုပါ။

    ဒီလို အာဟာရကြွယ်ဝသားနဲ့ အကြောတင်းတာ၊ နေမကောင်းတာတွေ ဖြစ်ရတာကတော့ မျှစ်ချဉ်ပြုလုပ်တဲ့နည်းစနစ်တွေအပေါ် မူတည်တာဖြစ်ပါတယ်။ အကြောင်းကတော့ အချဉ်တည်လိုက်တဲ့အခါ လက်တစ်အက်စစ် ဘက်တီးရီးယား (၇)မျိုး ပေါက်ဖွားလာပါတယ်။ ဒီ (၇) မျိုးထဲမှာ လူအတွက် မကောင်းတဲ့ ဘက်တီးရီးယားတွေပါဝင်လာလို့ပဲ ဖြစ်ပါတယ်။ 

    ဒါကြောင့် အိန္ဒိယက တက္ကသိုလ်တစ်ခုက အချဉ်တည်နည်းအလိုက် မျှစ်ချဉ်ထဲမှာပါဝင်တဲ့ လက်တစ်အက်စစ် ဘက်တီးရီးယားတွေကို စမ်းသပ်ထားပါတယ်။ 

ရိုးရာနည်းလမ်း(၁)

    စဉ့်အိုး (သို့) ကျောက်စည် (သို့) ခြင်းကြားထဲမှာ ကျွန်းရွက်၊ ဒါမှမဟုတ် ပလတ်စတစ်စကို သုံးပြီး လေလုံအခန်းငယ်တစ်ခုပြုလုပ်ပါတယ်။ သန့်စင်ပြီးသားမျှစ်တွေကို ဖိသိပ်ထည့်ပြီး လေလုံအောင်ထုတ်ထားလိုက်ပါတယ်။ ကြပ်ကြပ်လေးဖြစ်ဖို့ ဖိပြီးထည့်ရပါမယ်။ ထည့်စရာရဲ့ အခြေမှာတော့ အရည်တွေထွက်ဖို့ အပေါက်ငယ်ထားရှိပေးရမှာပါ။။ ၅-၈ လကြာတဲ့အခါ ထုတ်ယူလို့ရရှိပြီဖြစ်ပါတယ်။

ရိုးရာနည်းလမ်း(၂)

    နောက်တစ်နည်းကတော့  အဆင့်(၂)ဆင့်ပါ။ မျှစ်တွေကို အနေတော် အတုံးလေးတွေပိုင်းဖြတ်ပြီး သန့်စင်ပါ။ ပလတ်စတစ်အိတ်အကြီးကြီး (သို့) ပလတ်စတစ်ဘူးထဲကို မျှစ်တွေထည့်လိုက်ပါ။ ရေကို မျှစ်တွေမြုပ်တဲ့အထိ ထည့်လိုက်ပါ။ (၇-၈) ရက်ကြာတဲ့အခါမှာ ထုတ်ယူပြီး အခြားပလတ်စတစ်အိတ်တစ်ခုထဲမှာ (၁၀-၁၅)ရက်ကြာတဲ့အထိ  ကြပ်နေအောင် ထုတ်ထားလိုက်ပါ။ ရက်စေ့ရင်တော့ ဝါးနဲ့ရက်လုပ်ထားတဲ့ ခြင်းထဲကို ပြောင်းသိပ်ပါ။ ပလတ်စတစ်စနဲ့ ဖုံးထားလိုက်ပြီး အပေါ်ကနေ အုတ်ခဲ ကျောက်ခဲတွေဖိထားလိုက်ပါ။ ၃-၄ လထားလိုက်ပါ။ ကြာကြာထားနိုင်လေ အရည်အသွေးကောင်းလေပဲဖြစ်ပါတယ်။၅-၆နှစ်အထိထားပြီး အကောင်းဆုံး အရည်အသွေးကိုရယူပါလို့လည်း အကြံပေးထားတာတွေတွေ့ရပါတယ်။ ၆ လမှ ၁ နှစ်အတွင်း အချဉ်တည်ထားတဲ့မျှစ်တွေက စျေးအကောင်းဆုံးရကြတယ်လို့လည်း ပြောပါတယ်။

    ဒီလိုအချဉ်တည်ပြီးရရှိတဲ့မျှစ်တွေကိုတော့ နေပူခြောက်လှမ်းလို့ပဲဖြစ်ဖြစ် ။ မီးကင်ပြီးပဲဖြစ်ဖြစ် အခြောက်ပြုလုပ်ထားလို့ ရပါသေးတယ်နော်။

ရိုးရာနည်းလမ်း (၃)

    ဒီနည်းလမ်းကတော့ အိမ်မှာ ပလတ်စတစ်ဘူးနဲ့ လွယ်လွယ်ကူကူလုပ်ခြင်းပါ။ သန့်စင်ပြီးတဲ့မျှစ်တွေကို အပိုင်းလေးတွေပိုင်းပြီး ပလတ်စတစ်ဘူးထဲကို ရေမြုပ်အောင်ထည့်ပြီးသိမ်းထားခြင်းဖြစ်ပါတယ်။ ၉-၁၀ ရက်ကြာတဲ့အခါ စားလို့ရပါပြီ။ တစ်နှစ်ကနေ တစ်နှစ်ခွဲအထိထားနိုင်ပါတယ်။ အသား၊ ငါးတွေနဲ့ ရောချက်ပြီး ကောင်းမွန်တဲ့ဟင်းတစ်ခွက် ဖန်တီးနိုင်ပါတယ်။

    မျှစ်ချဉ်ထည့်ရာမှာ ရလာတဲ့အရည်ကိုတော့ အသားငါးတွေချက်တဲ့အခါ ပြန်သုံးကျပြီး ကောင်းမွန်တဲ့အရသာရှိဖို့ မဖြစ်မနေကို အသုံးပြုကြပါတယ်တဲ့။

ရိုးရာနည်းလမ်း(၄)

    ဒီနည်းလမ်းကတော့ ဝါးဆစ်ထဲမှာ သိပ်တဲ့နည်းပါ။ သန့်စင်ပြီးသားမျှစ်တွေကို ပါးပါးလှီးပြီး ဝါးဆစ်ထဲကိုထည့်ပါ။ ဝါးဆစ်ဝကို ဝါးရွက် သို့မဟုတ် အဝတ်စနဲ့စို့ပါ။ အချဉ်တည်နေတုန်း အရည်တွေစိမ့်ထွက်နိုင်အောင် ဝါးဆစ်ကို ဇောက်ထိုးအနေအထားထားလိုက်ပါ။၁၀-၁၅ရက်ကြာတဲ့အခါမှာ စားသုံးလို့ရပါပြီ။

ရိုးရာနည်းလမ်း(၅)

    မြေကျင်းတူးပြီး သိပ်တဲ့နည်းပါ။ ဝါးခြင်းထဲကို မျှစ်တွေထည့်ပြီး တူးထားတဲ့ကျင်းထဲကိုမြှုပ်ပါ။ သစ်ရွက် အထပ်ထပ်ဖုံးထားပြီး အရည်ထွက်သွားအောင် ကျောက်ခဲတွေဖိထားရပါမယ်။ ၂-၃ လ ကြာတဲ့အခါရပါပြီ။

ရိုးရာနည်းလမ်း(၆)

    နည်းလမ်း (၅) အတိုင်းကို မှ ၂-၃ ကြာတဲ့အခါ ထုတ်ရပါမယ်။ ထုတ်ယူရရှိပြီးမျှစ်တွေကို ၇-၁၀ ရက်အကြာထိ နေလှန်းရပါမယ်။။ အခြောက်လှန်းတာမို့ တစ်နှစ်ပတ်လုံး အသိမ်းခံတဲ့ အချဉ်တည်းနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

    အချဉ်ဖောက်ခြင်းဖြစ်စဉ်မှာပါဝင်တဲ့ မိုက်ခရုပ်အမျိုးအစားတွေအလိုက် မျှစ်ချဉ်ရဲ့ အာနိသင်တွေက ကွာသွားပါတယ်။ အနံ့၊ အရသာ၊ အချဉ်စူး၊ မစူးတွေလည်း ကွာကြပါတယ်။

    နည်းလမ်း(၄)နဲ့(၅)ကတော့ Lactobacillus plantarum ပါဝင်မှု အမြင့်ဆုံးဖြစ်လို့ ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အနှောက်အယှက်ပေးတတ်ပါတယ်။

    နည်းလမ်း(၁) (၂) (၃)တွေမှာတော့ Lactobacillus plantarumက ပါဝင်ပေမယ့်၊ သက်ရှင်လှုပ်ရှားမှုအနည်းဆုံးဖြစ်တယ်လို ဖော်ပြထားကြပါတယ်။

    မျှစ်ချဉ်ကို အမြောက်အများထုတ်လုပ်မယ်ဆိုရင်တော့ ကျန်းမာရေးအတွက် စိတ်ချရတဲ့ အစားအစာတစ်ခုဖြစ်ဖို့ တိကျတဲ့ သုတေသနပြုလုပ်မှုတွေ လိုအပ်နေအုံးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Traditional fermented bamboo shoot foods of North-East India and their characteristic natural microbial flora

 Potshangbam Nongdam Department of Biotechnology Manipur University, Canchipur, Imphal-795003 

 ဒီဆောင်းပါးလေးကတော့ အိန္ဒိယနိုင်ငံရဲ့ မျှစ်ချဉ်နဲ့ပတ်သက်ပြီး ပြုလုပ်ထားတဲ့သုတေသနတစ်ခုကို ကိုးကားရေးသားခြင်းပါ။

အိန္ဒိယမှာလည်း ကျွန်မတို့ မြန်မာနိုင်ငံမှာလိုပဲ မျှစ်ကို စားသုံးမှုပုံစံတွေ၊ မျှစ်ချဉ်ပြုလုပ်နည်းတွေက တူကြတာကြောင့် အာဟာရပိုင်းဆိုင်ရာအတွက် မြန်မာအိမ်ရှင်မတို့ ဗဟုသုတရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်