စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း - ၄)

11/03/2025 10:31 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (163)  Agricultural Extension and Rural Development (Part-4) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၆၃) စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း - ၄)

 ဤပညာရပ်များအကြောင်းမိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာဆောင်းပါး အမှတ်စဉ် (၂၁-စိုက်ပျိုးပညာပေးရေး) နှင့် (၄၀ နှင့် ၄၁-ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး) တို့တွင် မိတ်ဆက်တင်ပြ ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ တောင်သူ ဦးကြီးများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကျောင်းသား/ကျောင်းသူများ၊ ဤပညာရပ်များကို မူဝါဒ ချမှတ်မည့်သူများအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်ရန်  ဆက်လက်ဆွေး နွေးကြည့် ရအောင်ပါ။ 

တောင်သူပညာပေးလုပ်ငန်း (စိုက်ပျိုးရေး၊ မွေးမြူရေး) (Agricultural Extension)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး/ကျေးလက်ဖွံ့ဖြိုးမှု (Rural Development)၊ ကျေးလက် လူထု၏ လူမှုဗေဒ (Rural Sociology) ပညာရပ်များ သီးခြားစီ ရှိပါသည်။

တောင်သူလယ်သမားပညာပေးလုပ်ငန်းစနစ်အမျိုးမျိုး (Agricultural Extension Systems)

(က) အစိုးရမှဆောင်ရွက်ပေးသောတောင်သူပညာပေးစနစ် (Public Agricultural Extension System) 

အစိုးရမှရံပုံငွေပေးပြီး အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဌာနများမှ စီမံဆောင် ရွက်ပါသည်။ ဥပမာ - မြန်မာနိုင်ငံအပါအဝင် တရုတ်၊ ဘရာဇီးလ်၊ ကင်ညာနိုင်ငံများ

အားသာချက်များ - နိုင်ငံအနှံ့ရောက်ရှိနိုင်၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် အပန်းဖြေမှုများပါထည့်တွက်နိုင်

အားနည်းချက်များ - ဗျုရိုကရက်စနစ်ကြောင့် ထိရောက်မှုအားနည်း၊ ဘတ်ဂျက်နှင့် ဝန်ထမ်းအရေအတွက်အားနည်းနိုင်

(ခ) ပုဂ္ဂလိကမှဆောင်ရွက်နေသောတောင်သူပညာပေးစနစ် (Private Agricultural Extension System) 

ပုဂ္ဂလိကစိုက်ပျိုး၊ မွေးမြူရေးကုမ္ပဏီများ (Private Companies and Agribusiness Firms)၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs – Non-Governmental Organization) မှ ဆောင်ရွက်လေ့ရှိပြီး တောင်သူများက ကုန်ကျစရိတ် အချိုးကြ ထည့်ဝင်ပါသည်။ ဥပမာ - အမေရိကန်၊ နယ်သာလန်၊ ဩစတေလျနိုင်ငံများ 

အားသာချက်များ - သီးနှံ၊ မွေးမြူရေးတိရစ္ဆာန် တစ်မျိုးခြင်းအလိုက် ဆောင်ရွက်ပေးနိုင်၊ အစိုးရစနစ်ထက် ပိုမိုအကျိုးရှိကြောင်း သုတေသနများက တင်ပြထား

အားနည်းချက်များ - ကုန်ကျစရိတ်များ၍ တောင်သူငယ်များ မတတ်နိုင်ပါ။ စီးပွားဖြစ် သီးနှံများကို ဦးစားပေးနေ၍ အစားအသောက်လုံခြုံရေး (Food Security) ကို ဦးစား မပေးနိုင်ပါ၊ 

(ဂ) အားလုံးရောနှောထားသောတောင်သူပညာပေးစနစ် (Pluralistic Extension System)

အစိုးရ၊ ပုဂ္ဂလိကရောနှောထားသော တောင်သူပညာပေးနည်းစနစ်ဖြစ်ပါသည်။ ဥပမာ - အိန္ဒိယ၊ ဂါနာ၊ အီသီ ရိုးပီးယား

အားသာချက်များ - ဘက်ပေါင်းစုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

အားနည်းချက်များ - ကုန်ကျစရိတ်များ၍ တောင်သူငယ်များ မတတ်နိုင်ပါ။ စီးပွားဖြစ် သီးနှံများကို ဦးစားပေးနေ၍ အစားအသောက်လုံခြုံရေး (Food Security) ကို ဦးစားမပေးနိုင်ပါ။ 

(ဃ) တောင်သူမှတောင်သူသို့ ဆောင်ရွက်သော တောင်သူပညာပေးစနစ် (Farmer-to-Farmer Extension System)

အတွေ့အကြုံရှိသောအကျိုးဆောင်တောင်သူများက မိမိတို့ လယ်၊ယာအနီးရှိ မိတ်ဆွေ တောင်သူအချင်းချင်း ကူညီဆောင်ရွက်ပေးသည့် စနစ်ဖြစ်ပါသည်။ ဥပမာ - မက္ကဆီကို၊ ဖီလစ်ပိုင်၊ ယူဂန်ဒါ

အားသာချက်များ - ကုန်ကျစရိတ် မရှိဘဲလက်တွေ့ကျပါသည်၊ တောင်သူအချင်းချင်း ယုံကြည်မှုတည်ဆောက်ပြီး တောင်သူကွန်ယက် (Fermers Network) ဥပမာ - ဗိုက်ဘာ အုပ်စု (Viber Group) များစွာ ဆောက်တည်နိုင်ပါသည်၊ 

အားနည်းချက်များ - နည်းပညာ အသစ်များ ပေးဝေနိုင်မှုအားနည်းပါလိမ့်မည်၊ ကျွမ်းကျင်တတ်မြောက်၊ တက်ကြွသော အကျိုးဆောင်တောင်သူရွေးချယ်မှု အပေါ်မူတည်၍ အကျိုး ရှိမှုကွာပါလိမ့်မည်။

(င) သတင်းအချက်အလက်ပညာ အခြေပြုတောင်သူပညာပေးစနစ် (ICT-Based Digital Extension System)

တက္ကသိုလ်နှင့်သုတေသနဌာနများမှ နောက်ဆုံးပေါ်ခေတ်မီနည်းပညာများဖြင့် တောင်သူ များ၏ အခက်အခဲပြဿနာများ၊ ဗဟုသုတဖြစ်စရာ၊ ဝင်ငွေရရှိနိုင်မည့် နည်းလမ်းများကို ဒီဂျစ်တယ်ရပ်ဝန်း (Digital Platforms)၊ တယ်လီဖုန်းပရိုဂရမ်စနစ်များ (Mobile Apps)၊ စာတိုပို့သည့်စနစ် (SMS – Short Message Service)၊ အဝေးအရင်းအမြစ်မှ ဆောင်ရွက်ပေးချက်များ (Online Resources) အသုံးပြုခြင်းဖြစ်ပါသည်။

ဥပမာ - အိန္ဒိယနိုင်ငံ အီး-ချော်ပယ်စနစ် (e-Chopal, India)၊ ကင်ညာနိုင်ငံ အမ်ဖန်းစနစ် (M-Farm, Kenya)၊ နိုက်ဂျီးရီးယားနိုင်ငံ ဖန်းကရောက်ဒီစနစ် (FarmCrowdy, Nigeria) 

အားသာချက်များ - မြန်ဆန်ပြီး တယ်လီဖုန်း၊ အင်တာနက်ရှိပါက အချက်အလက်များဆီသို့ လွယ်ကူစွာ ရောက်ရှိနိုင်ပါသည်။

အားနည်းချက်များ - တောင်သူနေရာတိုင်းအတွက် လက်ကိုင်ဖုန်း (Mobile Phone)၊ အင်တာနက် (Internet) စသည်တို့ ရှိမှ အဆင်ပြေပါလိမ့်မည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တောင်သူများလက်ဝယ် စမတ်ဖုန်း (Smart Phone) ရှိမှု၊ အင်တာနက် လိုင်းကောင်းမှုများ၊ ဖုံးဘေလ်သုံးစွဲနိုင်မှုများမှာ စိန်ခေါ်ချက်များ ရှိပါသည်။

(စ) တက္ကသိုလ်မှဦးဆောင်သော တောင်သူပညာပေးစနစ်များ (University-Led Extension System)

တက္ကသိုလ်၊ သုတေသနဌာနများ (Universities and Research Institutions) မှ တောင် သူများနှင့်တိုက်ရိုက်ထိတွေ့ပြီး ပညာပေး လုပ်ငန်းများ၊ ကာလတိုသင်တန်းများ (Short-term Practical Training) ဆောင်ရွက်ခြင်းဖြစ်ပါသည်၊ 

ဥပမာ - အမေရိကန်နိုင်ငံ မြေငှားစနစ်အသုံးပြုသော တက္ကသိုလ်များ (US Land-Grant University Extension Service)၊ ဂျာမနီ၊ ကနေဒါ

အားသာချက်များ - သုတေသနအခြေခံပြီး (Research-based) တည်ထွင်ဖန်တီးမှု ရလဒ် များ (Innovative Approaches) ပါဝင် နိုင်ပါသည်၊ သင်တန်းပေးမှု အားသာပြီး ပညာရှင် မွေးထုပ်မှု သင်ကြားရင်းလေ့ကျင့် ပြုလုပ်ပေးနိုင်ပါသည်။

အားနည်းချက်များ - ပညာရပ်ဆိုင်ရာဝန်းကျင် (Academic Circles) မှနေ တောင်သူလက်တွေ့ဘဝ ထိတွေ့မှု အားနည်းနိုင်ပါသည်။ လက်တွေ့ကျမှု (Lack of Practical and Field Experience) အားနည်းနိုင်ပါသည်။

(ဆ) အစိုးရမဟုတ်သောအဖွဲ့အစည်းများ ၏တောင်သူပညာပေးစနစ် (Non-Governmental Organization – NGO-based Extension System)

မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (International NGO) နှင့် ပြည်တွင်းရှိ အဖွဲ့အစည်းများ (Local NGO) သည် လုပ်ကွက်ငယ်တောင်သူများ နှင့် အထိခိုက်မခံနိုင်သော (Small-Scale and Velnerable Farmers)  အထိ တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ကြပါသည်။ ဥပမာ - အာဖရိကန်နှင့် တောင်အာရှနိုင်ငံများ

အားသာချက်များ - ကျန်အဖွဲ့အစည်းများ မရောက်နိုင်သော တောင်သူငယ်ကလေးများကို ဦးတည်ပါသည်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး (Rural Development) အစီအစဉ်များဖြင့် ပူးတွဲဆောင်ရွက်ပါသည်၊ 

အားနည်းချက်များ - ထောက်ပံ့ပေးသောအဖွဲ့အစည်း (Donor Organizations) များအပေါ် မူတည်နေပါသည်။ စီမံကိန်း (Projects) ရပ်သွားပါ ရေရှည်တည်တံ့ခိုင်မြဲမှု ပြဿနာ (Sustainable Problems) အခက်အခဲ ရှိပါသည်။ 

(ဇ) သမဝါယမအခြေခံ တောင်သူပညာပေးလုပ်ငန်းများ (Cooperative-Based Extension System)

သမဝါယမစနစ်ကိုအခြေခံပြီး တောင်သူပညာပေးလုပ်ငန်းအောင်မြင်နေသည့် နိုင်ငံများရှိပါသည်။ ဥပမာ - ဂျပန်၊ အစ္စရေးနိုင်ငံများ

အားသာချက်များ - တောင်သူအဖွဲ့အစည်းများ (Farmers organization) ကို အခြေခံသဖြင့် အတိုင်းအတာ တစ်ရပ်အထိအောင်မြင်ပါသည်၊ အများစုက ဈေးကွက် ကိုသိပြီး ဈေးနှိမ်ဝယ်ယူခံရမှုနည်းပါသည်၊ 

အားနည်းချက်များ - သမဝါယအဖွဲ့ဝင်မဟုတ်သူများ (Non-members) ကျန်ရစ်ခဲ့နိုင်ပါသည်။ 

ပုံ - ၁ အောင်မြင်မှုရှိသောစနစ်နှင့်အားနည်းသောတောင်သူပညာပေးစနစ်

အန္ဒိယနိုင်ငံ၏ တောင်သူပညာပေးလုပ်ငန်းမှာ ဗဟိုအစိုးရ (Central/Federal Government) အနေနှင့် အိန္ဒိယစိုက်ပျိုးမွေးမြူရေးသုတေသနကောင်စီ (ICAR – Indian Council of Agricultural Research) ကကြီးကြပ်ပြီး သင်ကြားရေး (တက္ကသိုလ်၊ ကောလိပ် Teaching)၊ သုတေသန (Research)၊ တောင်သူပညာပေးလုပ်ငန်း (Extension) ကို ပြည်နယ် အစိုးရနှင့် ပူးတွဲဆောင်ရွက်ပါသည်။ ဤအဖွဲ့က ပြည်နယ်အားလုံးရှိ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ကျောင်းပေါင်း ၇၀ ကို ကြီးကြပ်၊ ညှိနှိုင်း ဆောင်ရွက်ပါသည်။

တောင်သူပညာပေးလုပ်ငန်း အောင်မြင်နေသည့် နောက်တစ်ချက်မှာ တက္ကသိုလ်များ နှင့် ချိတ်ဆက်ထားပြီး တစ်နိုင်ငံလုံး တောင်သူများနှင့် အနီးကပ်ရှိနေသော တောင်သူ ပညာပေးရုံးဌာန (သူတို့ အခေါ် KVK – Krishi Vigran Kendra – Agricultural Technology Transfer Centers) ၇၀၀ ကျော် ရှိနေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံလို  စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ စက်မှုလယ်ယာ၊ ဆည်မြောင်း စသည်တို့ တစ်ရုံးစီရှိ မနေဘဲ တစ်နေရာတည်းတွင် တစ်ရုံးတည်း ရှိနေပြီး (One-Stop Service) ရုံးအကြီးအကဲ တစ်ယောက်တည်း၏ အောက်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ (SMS – Subject Matter Specialists) ရှိကာ  တောင် သူ လိုအပ်ချက်များ ဖြည့်တင်းပေး သော ရုံးဌာနများဖြစ်၍ အားကျ အတုယူဖွယ် ကောင်းလှပါသည်။ 

၂၀၁၇-ခုနှစ် ကျွန်တော်တို့ အဖွဲ့နယူးဒေလီမြို့ရှိ အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ် (IARI – Indian Agricultural Research Institute) သို့လေ့လာရေး ခရီးထွက်စဉ်က ကျွန်တော့်မိတ်ဆွေ ပါမောက္ခဒေါက်တာမက်တာ (Professor Dr. S.L. Mehta) နှင့်အတူ ဤ တက္ကသိုလ်မှ ကြီးကြပ်နေသည့် နယူးဒေလီမြို့မှအထွက် ကျေးရွာတစ်ခု အနီးတွင်ရှိနေသော ကေဗီကေပညာပေးဌာန (KVK Centre) ကို သွားရောက်လေ့လာခဲ့ရပါသည်။ တာဝန်ခံအုပ်ချုပ်ရေးမှုးမှာ မွေးမြူကုသရေးပညာရှင်တစ်ယောက်ဖြစ်ပြီး သူ၏အောက်တွင် ဘာသာရပ်ဆိုင်ရာပညာရှင်များစွာက  မြေဆီလွှာ ဓာတ်ခွဲခန်း (Soil Laboratory)၊ မျိုးစေ့များရောင်းချသည့်နေရာ (Seeds Distribution Room)၊ စက်မှုလယ်ယာ (Farm Machinery Place)၊ ရေသွင်းရေထုပ်တာဝန်ခံ (Irrigation Specialist)၊ ဆိတ်သားပေါက်များ ရောင်းချရာနေရာ (Goat-Selling Places) စသည်ဖြင့် တစ်နေရာထဲတွင် တည်ရှိနေပါသည်။ နောက်ကျေးရွာထဲတွင် အမျိုးသမီးများ သမဝါယပုံစံ အုပ်စုလိုက်မဆလာ ပြုလုပ်ရောင်းချနေသည်ကို တွေ့မြင်ခဲ့ရပါသည်။

ပုံ - ၂ အိန္ဒိယနိုင်ငံ IARI KVK  ပညာပေးဌာန (ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Shayavanan, R. (2010) ICTs for Agricultural Extension. New India Pub. Agency, New Delhi. 557p.

Karthikeyan, C.; Sendilkumar, R. and Jaganathan, D. (2019) A Textbook of Agricultural Extension Management. Atlantic. New Delhi. 147p.

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်