ပျိုပျိုမေတို့ အလှပိုစေဖို့

23/10/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

  Greenway က တောင်သူဦးကြီးတွေအတွက်ပဲ မဟုတ်ပါဘူးနော်။ အိမ်ကနေပြီးတော့ ရေပူရေချမ်း ကမ်းလှမ်းနေတဲ့ မမတွေအတွက်လည်း နည်းလမ်းလေးတွေ ပြောပြပေးမှာပါ။ 

   အိမ်မှာနေ အထိုင်များဆိုရင် ဝလာတတ်ကြတာပါပဲ။ ဝတာက ဘာမှ မဖြစ်သေးပါဘူး ကယ်လိုရီတွေ တက်လာပြီဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်နော်။ အဲ့လိုတွေ မဖြစ်ရစေဖို့အတွက်ကို အိမ်မှာပဲ ရှိတဲ့နည်းလမ်းလေးတွေကို သုံးပြီးတော့ ထိန်းထားမယ်ဆိုရင် ကျန်းမာရေးလည်းကောင်းပြီး မောင်တစ်ထမ်း မယ်တစ်ရွက်ကြိုးစားလို့ အလှူကြီး အတန်းကြီးတွေလည်း ပြုလုပ်နိုင်မှာပါ။ ကဲ ပြောနေကြာပါတယ် လိုက်လုပ်လိုက်တော့။

(၁) အိပ်ရေးဝဝ အိပ်ပါ။ 

   အိပ်တာက ခန္ဓာကိုယ်ဖြစ်စဉ်တွေကို ကူညီပေးပါတယ်။ အိပ်ရေးဝဝမအိပ်ဘူးဆိုရင် သွေးထဲက သကြားဓာတ်က နည်းသွားမယ်။ အဲ့လိုနည်းသွားရင် ဦးနှောက်ကိုပို့ပေးတဲ့ အချက်အလက်တွေက မှားကုန် လွဲကုန်ပါတယ်။ ထင်ယောင်ထင်မှားတွေဖြစ်တယ်ဆိုတာ ဒါပေါ့လေ။ အိပ်ရေးမဝလို့ ပင်ပန်းတာမျိုးဆိုရင် အစားအသောက်လည်း အရွေးမှားတတ်ပါတယ်။ အိပ်ရေးဝဝလို့ပြောလိုက်ရင် အိပ်ချိန် (၇)က နေ (၈) နာရီ ရှိရမယ်လို့ ပြောတာပါ။ ကဲ မနက် (၄)နာရီ ဆွမ်းထချက်မယ်ဆိုရင် ည (၁၀) နာရီလောက်ဆို အိပ်သင့်ပါပြီ။ အိပ်နေချိန်အတွင်းမှာပဲ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေပြုလုပ်နေတာပါ။

(၂) ကြက်ဥကို တစ်ခုလုံးကို စားပေးပါ။ 

   ကဲကဲ ကြက်ဥကြိုက်တယ်ဆို အကာရော အနှစ်ရော စားပေးပါ။ အကာပဲစားရင်လည်း မကောင်းပါဘူး။ တကယ် အာဟာရတွေပါတာ အနှစ်တွေထဲမှာပါ။ အနှစ်တွေမှာဆိုရင် အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေ၊ ဖက်တီအက်ဆစ်နဲ့ ကိုလင်းဓာတ်တွေပါပါတယ်။ Choline က အဆီကျစေပါတယ်။ အထူးသဖြင့် အသည်းနားမှာ အဆီတွေစုတာကို တားဆီးပေးပါတယ်။ ကိုလက်စထရောတက်မှာ မပူရပါဘူးနော်။ ကြက်ဥ (၂)လုံးစားရင် လုံးဝမတက်ပါဘူး။ ဒါ့အပြင်ကို တိုးတက်မှုတွေလည်း တွေ့ရမှာပါ။ အဲ့တော့ ကြက်ဥစားပါ၊ အခွံကလွဲရင် အကုန်လုံး စားပါ။ 

(၃) လှဲနေတဲ့အချိန် ချွေးထွက်ပါစေ။ 

   နေပူထဲ သွားအိပ်ခိုင်းတာမဟုတ်ပါဘူးနော်။ အိပ်နေတဲ့အချိန် ချွေးထွက်သွားတာက အသားအရေအတွက်ရော ခန္ဓာကိုယ်ကိုရော ကောင်းစေပါတယ်။ ပေါ့ပါးသွားစေပါတယ်။ ချွေးထုတ်ခန်းအထိ သွားစရာမလိုပါဘူးနော်။ လှဲနေတုန်း ချွေးထွက်သွားရင် ကောင်းပါတယ်။

(၄) ဆဲလ်မွန်ငါး များများစားပါ။ 

   ဆဲလ်မွန်ငါးက အိုမီဂါ (၃) များပါတယ်။ ဖက်တီးအက်ဆစ်လည်း အများကြီးပါပါတယ်။ ပြီးတော့ အရသာအရလည်း ကောင်းတာကြောင့်မို့ပါ။ အိုမီဂါ (၃)ကတော့ သွေးထဲက သကြားဓာတ်ကို ထိန်းပေးပါတယ်။ ပြီးတော့ ရောင်ရမ်းတာ ကိုက်ခဲတာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဖက်တီးအက်ဆစ်ဆိုတာ မြန်မာလို အသံထွက်ကိုရေးထားတာဆိုပေမဲ့ ဖက်တီးအက်ဆစ်က ဖက်တီးမဖြစ်အောင် တားဆီးပေးပါတယ်နော်။ 

(၅) လက်ဖက်ရည်သောက်ပါ။

   လက်ဖက်ရည်ဆိုတာ ရေနွေးကြမ်းကို ပြောတာပါနော်။ လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကိုပြောတာပါ။ ရေနွေးသောက်ပေး ချွေးလည်းထွက်ဆိုတော့ ပေါ့ပါးပြီးတော့ ကျန်းမာရေးအတွက် ကောင်းတာပေါ့။ 

(၆) ထောပတ်သီး များများစားပါ။ 

   ထောပတ်သီးကိုစားရင် Monounsaturated အဆီတွေကို ဖြစ်ပေါ်စေနိုင်အောင် လုပ်ပေးပါတယ်။ အဲ့လိုလုပ်ပေးတာက ကိုယ်ခန္ဓာကိုယ်ထဲက ဖိုက်ဘာအမျှင်တွေရယ် နောက်ပြီးတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီးတော့ ကိုယ်ခန္ဓာကိုယ်ထဲကို ကျန်းမာစေပြီးတော့ အဆီတွေတက်လာတာကို တားဆီးပေးနိုင်ပါတယ်။ အဲ့တော့ ထောပတ်သီးစားပေးတာက အရသာရှိတာတင်မကပဲနဲ့ ကျန်းမာရေးလည်းကောင်း အဆီလည်းကျတယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ 

(၇) အတွင်းပိုင်းလေ့ကျင့်ခန်းလေးတွေလုပ်ပါ။ 

   လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကျစေဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ခက်ခက်ခဲခဲကြီးတွေတော့လည်း မဟုတ်ရပါဘူးနော်။ အိမ်မှာလုပ်နေတဲ့ လုပ်ငန်းလေးတွေပါပဲ။ ခြံထဲမှာ ချွေးလေးတွေ စို့နေတဲ့ထိ တံမြက်စည်းပဲ လှည်းမလား၊ လေ့ကျင့်ခန်းလုပ်တဲ့နည်းကတော့ တောက်လျှောက်လုပ်စရာမလိုပါဘူး။ ၃ မိနစ် ၄ မိနစ်လောက်လုပ်ပြီး မိနစ်ဝက်လောက်နား ပြီးတော့ နာရီဝက်ပြည့်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။ 

(၈) လီမွန်ရည်သောက်ပေးပါ။ 

   ရေသောက်ပေးတာက အသားအရေကိုလည်း ကြည်လင်စေတယ်။ ခန္ဓာကိုယ်အတွက်ကိုလည်း ကောင်းစေပါတယ်။ ရေသောက်လိုက်တဲ့အခါကျတော့ မကောင်းတဲ့ အဆီတွေကို ဖျော်ချပေးလိုက်တာနဲ့ တူတယ်။ အဲ့လိုအချိန်မှာ လီမွန်ရေသာဖြစ်နေတယ်ဆိုရင် အဆီတွေက ပျက်သွားတာပေါ့။ လီမွန်ရေမှာ အချဉ်ဓာတ်ပါတဲ့အတွက်လို့ ယေဘုယျကျကျပြောလို့ရပါတယ်။ နောက်တစ်ချက်ကတော့ အသားအရည်ကိုလည်း လှစေပါတယ်။ နောက်ထပ် ပြောရရင်တော့ ဗီတာမင်စီပါတာကြောင့် ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေပြီး အဖျား အနာတွေလည်း မဖြစ်တော့ဘူးပေါ့။ လီမွန်ရေအစား သံပုရာရည်လည်း သောက်နိုင်ပါတယ်။ 

   ကဲ ခုလိုပြောလိုက်တော့ တစ်နေ့တာအတွက် အချိန်ဇယားတွေ ဆွဲထားသင့်ပြီနော်။ မနက်ကို ဘယ်ချိန်ထဖို့ ညကို ဘယ်ချိန်အိပ်မယ်။ နာရီဝက်လောက်ကို ရေလောင်းမယ်။ မောရင် လီမွန်ရေသောက်မယ်။ ညဖက်ကျ ကြက်ဥလေးစားမယ်ပေါ့။ အဲ့လိုဆို အဆီကျ လှပတဲ့ ပျိုမေလေးတွေဖြစ်ကြမှာ အမှန်ပါပဲနော်။ 

ထွန်းဝင်းကျော်

http://lifeprovidr.com/physical-activity/8-ways-burn-major-calories-no-matter-youre/


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်