☃️ Merry Christmas !
ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်အချိန်အခါသမယလေးမှာ အစိမ်းရောင်လမ်းက မိတ်ဆွေများအတွက် လက်ဆောင်တစ်ခု ဖန်တီးထားပါတယ်..🎁
📱🚜 အဲ့ဒါကတော့ အစိမ်းရောင်လမ်းမှာ လယ်ယာသုံးစက်ပစ္စည်းများကဏ္ဍကို ထည့်သွင်းထားပြီးပါပြီဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်
စက်တန်ဖိုးတွေမြင့်တက်လာချိန်မှာ တောင်သူတွေအနေနဲ့ စက်ကိရိယာတွေအဝယ်မှား အရွေးမှားမဖြစ်ရအောင် တစ်ဖက်တစ်လမ်းကနေ အစိမ်းရောင်လမ်းက စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ ဗဟုသုတရဖွယ် ဆောင်းပါးတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ် 🤗
မိတ်ဆွေတို့ သဘောကျကြရဲ့လားရှင့် ..
🙏စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံသော ခရစ္စမတ်အားလပ်ရပ်တွေကို ပိုင်ဆိုင်ကြပါစေလို့လည်း အစိမ်းရောင်လမ်းအဖွဲ့သားများက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်..။

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more