အုန်းဆံမှုန့်မြေဆွေး ပြုလုပ်ခြင်း နည်းပညာ (Coir Pith Composting Technology)
၁။ ကုန်ကြမ်းများ စုဆောင်းခြင်း
အုန်းဆံမှုန့်များးကို အမျှင်မပါပဲ စုဆောင်းရပါမည်။ အမျှင်ပါက ဇကာချ၍ ခွဲထုတ်ရပါမည်။ ၎င်းအမျှင်များ သည် မဆွေးပဲမြေဆွေး ပြုလုပ်ရာတွင် အနှောင့်အယှက် ဖြစ်စေပါသည်။
၂။ မြေဆွေးပြုလုပ်ရန်တွက်မြေနေရာရွေးချယ်ခြင်း (Site Selection for Composting)
မြေဆွေးလုပ်ရန် သီးသန့်မြေနေရာ ရွေးရမည်။ မြေညီညာသော နေရာတွင်ရွေးပြီး မြေကြောမာအောင် ပြုလုပ်ရပါမည်။ အုန်းပင်ကြား ပြုလုပ်ပါက အရိပ်ရရှိ၍ အငွေ့ပျံမှု လျော့နည်းစေပါသည်။ နွားချေးရည် ကိုလည်း အသုံးပြုရပါမည်။ အမိုးပြုလုပ်ထားခြင်းဖြင့် မိုးဒဏ်ကို ကာကွယ်ပြီး နေရောင်ခြည်ကိုလည်း ကာကွယ်ပါသည်။ အုန်းဆံမှုန့်သည် မြေဆွေးလုပ်ရန် လေလိုအပ်ခြင်းကြောင့် မြေပေါ်ပုံရပါမည်။
အုန်းဆံမှုန့်ကို (၄)ပေအလျား-(၃)ပေ အနံနှင့် အမြင့် ၃ လက်မ စုပုံရပါသည်။ ၎င်းအပေါ်တွင် နိုက်ထရိုဂျင် ကြွယ်ဝသော ပုလဲ (၅) Kg (၃ ပိဿာ) ၅လွှာအတွက် လိုပါသည်။ ကြက်ချေးအစို သုံးပါက 200 kg (၁၂၂ ပိဿာ) ၅ လွှာ အတွက် လိုအပ်ပါသည်။ ရေကို လိုအပ်သည့် အစိုဓာတ်ရအောင် ဒုတိယအဆင့်တွင် ဖြန်းပေးရပါမည်။ ပုလဲ 5 kg(၃ ပိဿာ) ကို ကြက်ချေး 200 kg(၁၂၂ ပိဿာ) ကို အုန်းဆံမှုန့် ၁ တန် အတွက် အသုံးပြုနိုင်သည်။ မြေဆွေးပုံ အမြင့်ကို ၅ပေ အမြင့်အထိ ပြုလုပ်ရပါမည်။
၃။ မြေဆွေးပုံကို အထက်အောက် လှန်ပေးခြင်း (Turning of the materials)
မြေဆွေးပုံကို ၁၀ရက် တစ်ကြိမ် အထက်အောက် လှန်ပေးရမည်။ အပုံထဲတွင် အောင်းနေသောအနံ့ဆိုးများ အောင်းနေသည့်လေများ ထွက်ရန်နှင့် ပြင်ပမှလေကောင်းလေသန့်များ ရရှိရန်ဖြစ်ပါသည်။ ၎င်း၏ အဏုဇီဝပိုးများ အလုပ်လုပ်နိုင်ရန်အတွက် အောက်ဆီဂျင် လိုအပ်ပါသည်။ အခြား နည်းလမ်းများအနေဖြင့် လေပိုက် (သို့) ဝါးလုံးပိုက်များကို ဒေါင်လိုက်၊ အလျားလိုက် စိုက်ထားခြင်းဖြင့် အောက်ဆီဂျင်ကို ရရှိနိုင် ပါသည်။
၄။ အစိုဓာတ် ထိန်းသိမ်းခြင်း(Moisture Maintenance)
အစိုဓာတ် အကောင်းဆုံး အခြေအနေ ထိန်းပါက မြေဆွေးဖြစ်ပေါ်မှု ညီညာပါမည်။ အစိုဓာတ် ၆၀% ရှိရပါမည်။ အုန်းဆန်မှုန့်ကို လက်ထဲထည့်၍ ညစ်ကြည့်ပါက ရေစီးမကျလျှင် အသင့်တော်ဆုံး အစိုဓာတ် ဖြစ်ပါသည်။
၅။ မြေဆွေးဖြစ်ပေါ်မှု (Compost Maturity)
မြေဆွေးဖြစ်ပေါ်မှုသည် အသုံးပြုသည့် ပစ္စည်းအပေါ်တွင် ကွဲပြားခြားနားမှု ရှိပါသည်။ နည်းစနစ် မှန်ကန်ပါက ရက်၆၀ ကြာလျှင် ဆွေးမြေ့ပြီး ဖြစ်ပါသည်။ မြေဆွေးပုံ ထုထည်လျော့ကျ သွားပါမည်။ ၃၀% လျော့ကျပါမည်။ အညိုရောင်မှ အနက်ရောင်ပြောင်းပြီး အုန်းဆံမှုန့်အရွယ်မှာလည်း သေးငယ်သွားပါသည်။ တတိယအချက်မှာ မြေသင်းနံ့ရရှိပါမည်။
ဓာတ်ခွဲ စမ်းသပ်ချက်အရ ကာဗွန်နိုက်ထရိုဂျင် အချိုးကျဉ်းလာပါမည်။ (C:N=20:1) အောက်ဆီဂျင်ရယူမှု နည်းသည်။ အဏုဇီဝပိုးများလျော့နည်းပြီး စားသုံးနိုင်သည့် အာဟာရဓာတ်များ ပိုလာ၍ ဓာတ်ပြောင်းလဲမှု မြန်လာပါမည်။
၆။ မြေဆွေးသိမ်းယူခြင်း (Compost Harverst)
မြေဆွေးကို ဇကာချခြင်းဖြင့် အရန်သင့် အသုံးပြုနိုင်ပါသည်။ ချက်ခြင်း အသုံးမပြုသေးပါက စုပုံပြီး အေးသောနေရာ ထားခြင်းဖြင့် အစိုဓာတ်ကို ထိန်းထားနိုင်ပါသည်။ ထိုကြောင့် အဏုဇီဝပိုးများ မသေတော့ပါ။ တစ်လ တစ်ကြိမ်ရေဖျန်း ပေးရပါမည်။
၇။ အုန်းဆန်မှုန့်မြေဆွေး၏ အကျိုးအာနိသင် (Benefits of Composted Coir Pith)
အုန်းဆံမှုန့်မြေဆွေးသည် မြေ၏ အနုအကြမ်းဖွဲ့စည်းပုံနှင့် ထွန်ရေးကို ကောင်းမွန်စေသည်။ ဖွယ်သည့်မြေ ကို စေးစေပြီး စေးသည့်မြေကို ဖွယ်စေသည်။ မြေ၏ ပူးပေါင်းဖွဲ့စည်းမှုကို ကောင်းစေသည်။ ရေထိန်း စွမ်းအားကို ကောင်းစေပြီး မြေ၏ အလေးချိန်ထက် (၅) ဆ ထိန်းနိုင်ပါသည်။ မြေ၏အစိုဓာတ်ကို ထိန်းနိုင် ပါသည်။
အုန်းဆန်မှုန့်မြေဆွေး သုံးခြင်းကြောင့် မြေ၏ သိပ်သည်းဆ လျော့နည်းစေပါသည်။ အုန်းဆန်မှုန့် မြေဆွေးတွင် အပင်အတွက် လိုအပ်သည့် အာဟာရများပါဝင်ပြီး ဓာတ်မြေသြဇာများနှင့် တွဲဖက် သုံးသည့်အခါ လိုအပ်သည့် အာဟာရဓာတ်များကို ဖြည့်စွက်ပေးသည်။
အုန်းဆံမှုန့်မြေဆွေး သုံးသည့်အခါ မြေထဲတွင် ဓာတ်ဖလှယ် စွမ်းအား ပိုမိုကောင်းစေပါသည်။ အုန်းဆံမြေဆွေး သုံးခြင်းကြောင့် မြေထဲရှိ အဏုဇီဝပိုးများ ပွားများစေပါသည်။ အဘယ်ကြောင့်ဆိုသော် အပင် မြေဆွေးများ သုံးခြင်းကြောင့် ဖြစ်ပါသည်။ အမိုးနီးယား ဖြစ်ပေါ်ခြင်း၊ နိုက်ထရိတ် ဖြစ်ပေါ်ခြင်းနှင့် နိုက်ထရိုဂျင် ဖမ်းယူ ထိန်းချုပ်နိုင်ခြင်းတို့သည် အဏုဇီဝပိုးများ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါသည်။
၈။ အုန်းဆံမှုန့်မြေဆွေး အသုံးပြုပုံ
အုန်းဆံမှုန့်မြေဆွေးကို ၁ ဧက ၂တန် သုံးပါ။ မြေခံအဖြစ် အသုံးပြုပါ။ ပျိုးခင်းတွင် အသုံးပြုပါက အိတ် သို့ ရွှံ့အိုးထဲ မထည့်မီ မြေဆွေး ၂၀% နှင့် သဲနှင့်မြေ ရောရမည်။ သီးပင်ကြီးများအတွက် ၁ ပင်လျှင် အုန်းဆံမှုန့် မြေဆွေး တစ်ပင်အတွက် 5kg (၃ ပိဿာ) ထည့်ပေးပါ။
၉။ အုန်းဆံမှုန့်မြေဆွေး သုံးစွဲရာတွင် သက်မှတ်ချက်များ
အုန်းဆံမှုန့်မြေဆွေးကို စိုက်ကွက်ကြီးအတွက် ဝယ်၍မသုံးသင့်ပါ။ မိမိခြံထဲတွင်မြေဆွေး ပြုလုပ်သင့် ပါသည်။ အုန်းဆံမှုန့်မြေဆွေး မဝယ်မီ ၎င်းမြေဆွေးမှာ ပြီးပြည့်စုံစွာ ဆွေးမဆွေးသိရန်နှင့် အရည်အသွေးစစ်ဆေးမှုများ အာမခံချက် ရှိမရှိသိရမည်။ လုံးဝ မပြည့်စုံစွာ မဆွေးသည့် မြေဆွေးသုံးပါက ကျန်နေသည့် ပစ္စည်းများဆွေးရန်အတွက် မြေထဲမှ အာဟာရဓာတ်များကို စားသုံးရသဖြင့် သီးနှံထိခိုက်မှု ရှိပါသည်။
ကိုးကား-ဓာတုကင်းဝေး စိုက်ပျိုးရေး
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
ပဲပုတ်ခင်းကအရွက်တွေဝါပြီးကြွေကျကုန်တာဘာရောဂါဖြစ်တာလဲဗျအရွက်မှာအစက်ပျောက်တွေစဖြစ်ပြီးဝါလာတာ
Wai Gyi • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုဖျော်စပ်ထား၁နှစ်ကျော်နေပြီအရောင်ကငံပြာရည်ရောင်ဖြစ်နေပြီအသုံးပြုလို့ရသေးလားခဗျသုံးရသေးရင်၂၀လီတာကိုဘယ်လောက်ထည့်သင့်လဲခဗျာ
kyaw zin • ဖြေကြားချက် 6 ခု
စပါးပင်နီတိုဝင်တာ ဘာဆေးပက်ရင်ပျောက်လည်း
ဥိီးကျော်သီဟ • ဖြေကြားချက် 4 ခု
မနှစ်ကစိမ်ထားသည့်အာမိုN16/P16/k8/sulphur13အရေကိုဒီနှစ်ရောစိမ်ပီးအသုံးပြုလို့ရမရ။ ကောင်းကြိုးဆိုးကျိုးလေးများသိပါရစေ
မောင်လှမျိုးအောင် • ဖြေကြားချက် 1 ခု
နွား သေး ကို အပင်ရွက်ဖျန်းဆေးဖြင့်တွဲဖျန်း၍ ရပါသလား။
Aung Aung • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026