အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သီးနှံဈေးကွက်သုံးသပ်ချက် (၃၁.၃ မှ ၄.၄. ၂၀၂၅အထိ)

သီးနှံဈေးကွက်သုံးသပ်ချက် (၃၁.၃ မှ ၄.၄. ၂၀၂၅အထိ)

AMIA
AMIA • 07/04/2025

မတ်ပဲ

 တစ်တန်ကို သိန်း ၃၀ ကျော်တပတ်လည်မှာပဲရှိနေပြီး အရင်အပတ်နဲ့ယှဥ်ရင် တော့  စျေးနှုန်းတက်လာတဲ့အခြေအနေတွေ့ရပါတယ်။  မတ်ပဲကလက်ရှိမှာ အိန္ဒိယရဲ့ ဝယ်လိုအား အပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ငလျင်အခြေအနေကြောင့် ပဲထွက်ရာ အဓိက ဒေသတွေမှာ အရောင်းအဝယ်အေး ဈေးနေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၀၂၀၀၀  ကျပ်၊ အင်္ဂါနေ့မှာ ၃၀၁၆၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၀၈၀၀၀ ကျပ်၊ကြာသပတေးနေ့ မှာ  ၃၀၁၂၀၀၀ ၊  သောကြာနေ့မှာ ၃၀၂၀၀၀၀ ကျပ်ရှိပါတယ်။

ပဲစဉ်းငုံ

ပဲစဥ်းငုံကလည်း ဧပြီလအစ ပထမပတ်မှာ တစ်တန်ကို သိန်း ၃၀ ကျော်အထိ စျေးတန်းပြန်တက်လာတာတွေ့ရပါတယ်။ ပဲစဥ်းငုံကလည်း အိန္ဒိယဝယ်လိုအားပေါ်လိုက်ပြီး စျေး အတက်အကျရှိတာဖြစ်ပါတယ်။ 

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က  ၂၉၉၆၀၀၀ကျပ်၊ အင်္ဂါနေ့က  ပဲစဉ်းငုံနီ တစ်တန်ကို ၃၀၇၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့က  ၃၀၀၀၀၀၀၊ ကြာသပတေးမှာ ၂၉၉၀၀၀၀နဲ့ သောကြာနေ့က ၃၀၀၅၀၀၀  ကျပ်ရှိပါတယ်။

ပဲတီစိမ်း 

ပဲတီစိမ်းက ဒီတစ်ပတ်မှာလည်း စျေးကွက်ဆက်တိုက် မြင့်တက်လာပြီး အရောင်းအဝယ်လည်း သွက်နေတယ်လို့သိရပါတယ်။ ပဲတီစိမ်းကို တရုတ်ကဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်းပြီး ရောင်းလိုအား များနေတာဖြစ် ပါတယ်။ ဥရောပစျေးကွက်ကလည်း ဝယ်ယူမှုရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၈၃၀ ကျပ်ရှိ ပြီး  ပဲတီစိမ်း အညာက ၅၅၀၀ ကျပ်မှ ၅၅၂၀ ကျပ်၊ပဲတီစိမ်း ဝါးခယ်မကတော့   ၅၆၆၅ မှ ၅၆၈၅ ကျပ်ရှိပါတယ်။ ပဲတီစိမ်းမျိုးစုံ စျေးတက်လာတာဖြစ်ပြီး တစ်ပိဿာကို ၁၅၀ မှ ၂၅၀  ကျပ်အထိစျေးနှုန်း  ထပ်မံ မြင့်လာတာဖြစ်ပါတယ်။

စပါး 

 စပါးစျေးကတော့ လက်ရှိအထိစျေးနှုန်းတွေ  ကျဆင်းနေဆဲ ဖြစ်နေပါတယ်။စျေးကျဆင်းတဲ့အပြင် ဝယ်ယူသူလည်းမရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။ နွေစပါးစျေးကွက်အပြင် ပြီးခဲ့မိုးရာသီ စပါးစျေးကွက်အပါနှစ်ခုလုံး စျေးတန်းကျပြီး အဝယ်မရှိသလောက်ဖြစ်နေပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးနှုန်းတွေက နွေစပါးဆိုရင် အညာသားစပါးစက်ကျကို အနိမ့်ဆုံး  ၁၃ သိန်းကျပ်နဲ့ နေလှန်းစပါးအခြောက်က ၁၄ သိန်း ၅၀၀၀၀ ကျပ်ရှိပြီး   ရက် ၉၀ စပါးဆိုရင် စက်ကျကို  ၁၂ သိန်း ၅၀၀၀၀ ကျပ် နဲ့စပါးနေလှန်းအခြောက်က ၁၅ သိန်းကျပ်ရှိတယ်လို့သိရပါတယ်။

GW 11 စပါး ၊ ဆာဖိုးသာ ၊ ဗီယက်နမ် နဲ့ နယူးဧရာစပါးအသစ်တွေကတော့ စပါး ၁၀၀ ကိုမှ ၁၉ သိန်း ၅၀၀၀၀ ကျပ်အထိ စျေးကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။ စပါးစျေးနှုန်းဟာ နေရာဒေသအလိုက်တော့ စျေးနှုန်း အပြောင်းအလဲ ကွာခြားမှုရှိနိုင်ပါတယ်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

(AMIA)

 

3
ကိုဦး

ကိုဦး

လွန်ခဲ့သော ၁ နှစ် က

ုကြက်သွန်နီဈေးအတက်အကျသုံးသပ်ပေးပါအုံးဗျ

ပြည့်ဖြိုးသော်

ပြည့်ဖြိုးသော်

လွန်ခဲ့သော ၁ နှစ် က

GW 11 ဆာဖိုးသာ ဗီယက်နမ်နဲ့ နယူးဧရာ စပါးတွေကဘယ်နယ်မှ 19သိန်း50000သောင်းမရှိဘူး ယခုဆန်စက်တွေကဝယ်ဈေးက 14သိန်းဈေးပဲရှိပါတယ်

မောင်ဖြိုး

မောင်ဖြိုး

လွန်ခဲ့သော ၁ နှစ် က

gw11.ဆာဖိုးသာ ဗီယက်နမ် နယူးဧရာ ရဲ့ 19သိန်း5သောင်း ဆိုတာ ဘယ်နေရာဒေသမှာပေါက်တာလဲခင်ဗျာ မှားများမှားနေတာလားခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 0 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 1 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။