အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်မိုးလေဝသ သတင်း

နေ့စဉ်မိုးလေဝသ သတင်း

မိုးဇလ
မိုးဇလ • Greenovator • 13/09/2018

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။ယနေ့ညနေအထိခန့်မှန်းချက်။    စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပါ သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။  လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားနည်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။     နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။     နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။    နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ကိုးကား - မိုးဇလ

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲ ၁၅ရက်သားရှိပါပြီ မှိုဆေးကိုဘယ်လိုမျိုးဟာတေဖျန်းသင့်လဲ ကာကွယ်ချင်လို့ပါ အ

ဦးစောမောင်ဌေး • ဖြေကြားချက် 0 ခု

မတ်ပဲခင်းကွက်ပြီးသေနေလို့ နှစ်တိုင်းသေပါတယ် နုတ်ကြည့်ရင်အမြစ်မဲပြီးခြောက်နေပါတယ် အပင်ငယ်စဥ်မဖြစ်ဘူး ပန်းပွင့်ချိန်ရောက်ရင်အရွက်​ေေေေေေေေေေခြောက်ပြီးသေ သွားပါတယ် ဘာဆေးဖျန်းပြီးကာကွယ်ရမလဲ ဖော့စတိုင်းအလူမီနီယမ်ဖျန်းပါတယ်မရဘူး

Sawsamson • ဖြေကြားချက် 0 ခု

မတ်ပဲကို၃၀ရက်သားမှာရွှေနဂါးအားဆေးဖျန်းမယ် ၃၇ရက်သားမှာတင်ပို+ပီဖိုလန် +ပိုးသတ်ဆေးဖျန်းမယ်ဆို အဆင်ပြေလား

Sawsamson • ဖြေကြားချက် 3 ခု

Tbl9မတ်ပဲမျိုးကို၁၁လပိုင်း၁၀ရက်နေ့လောက်ကြဲမယ် ထူထူကြဲသင့်လား ဘယ်နှစ်ပြည်ကြဲသင့်လဲ ခုတ်ဖုံးစနစ်ပါ

Sawsamson • ဖြေကြားချက် 1 ခု

ရှာလကာရည်နဲ့ကြက်ဥခွံနဲ့ဖော်စပ်ထားတဲ့ရွက်ဖြန်းအားဆေးက ဘယ်နှစ်ဆိုရင်သုံးလို့ရလဲခင်ဗျ။ နောက်ပြီးM- 150 အချိုရည်၊အချိုမှုန့်၊ ဆန်ဆေးရည်တွေနဲ့ရော ရွက်ဖြန်းအားဆေးဖော်လို့ရပါသလား ခင်များ..

အောင်မိုး • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။