အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောက်တိုဘာ ၂၀ -၂၂ ရက်နေ့အတွင်း တိုင်းဒေသကြီး/ပြည်နယ် အများစု၌ မိုးခေတ္တ ပါးမည်

အောက်တိုဘာ ၂၀ -၂၂ ရက်နေ့အတွင်း တိုင်းဒေသကြီး/ပြည်နယ် အများစု၌ မိုးခေတ္တ ပါးမည်

အောက်တိုဘာ ၁၉ ရက်၊ နေ့လည် ၂ နာရီတွင် Meteoblue (ICON Model) ၏ အောက်တိုဘာ ၁၉ ရက်နေ့ထုတ် 850 hPa (အမြင့်ပေ ၅၀၀၀ ခန့်) လေစီးကြောင်းပြ မြေပုံများ နှင့် အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ နေ့စဉ်မိုးရေချိန်ပြ မြေပုံများအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်အတွင်းမှ စတင်ဖြစ်ပေါ်လာမည့် လေဖိအားနည်းစနစ် အခြေအနေ၊ မြန်မာနိုင်ငံ ပြည်နယ်/တိုင်းအသီးသီးရှိ မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်၊ တောင်သူလယ်သမားများအတွက် အကြံပြုချက်နှင့် နေ့စဉ် မိုးရေချိန် ခန့်မှန်းချက်များကို အောက်ပါအတိုင်း သုံးသပ်ဖော်ပြအပ်ပါသည်။

၈၅၀ hPa (အမြင့်ပေ ၅၀၀၀ ခန့်မှ) လေစီးကြောင်းနှင့် ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်သည့် အခြေအနေသုံးသပ်ချက်

လေဖိအားနည်းရပ်ဝန်း စုဖွဲ့မှုနှင့် အားကောင်းလာနိုင်ခြေ (LPA to Cyclonic Storm Trend):


အောက်တိုဘာ ၂၄ ရက် (850 hPa Wind Map): ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် နာရီလက်တံပြောင်းပြန် လည်ပတ်နေသော လေဝဲစနစ် (Cyclonic Circulation) စတင် အားကောင်းလာမည် ဖြစ်ပါသည်။


အောက်တိုဘာ ၂၅ - ၂၆ ရက် (850 hPa Wind Map): ၎င်း လေဝဲစနစ်သည် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် အနောက်အလယ်ပိုင်းသို့ ရွေ့လျားရင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အရှိန်အဟုန်ဖြင့် ပိုမိုအားကောင်းလာပြီး ဗဟိုချက်အနီး လေတိုက်နှုန်းလည်း ပိုမိုမြင့်တက်လာနိုင်ပါမည်။


ဦးတည်ရာလမ်းကြောင်း: ၎င်းမုန်တိုင်းစနစ်သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းလွန် (အန်ဒရာပရာဒေ့ရှ် / ဩရိဿ ကမ်းလွန်) ဘက်သို့ အဓိက ဦးတည်ရွေ့လျားမည်ဖြစ်သော်လည်း၊ လေဖိအားနည်းစနစ်၏ ပြင်ပလက်တက်များ (Feeder Bands) ကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများ (တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်၊ ရန်ကုန်) နှင့် ကုန်းတွင်းပိုင်း ဒေသအများအပြားသို့ အဆက်မပြတ် တိုးဝင်လာမည့် စိုထိုင်းများသောလေထုကြောင့် မိုးရွာသွန်းမှု မြင့်တက်လာပါမည်။

၁။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေ


တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း: ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ တိုက်ရိုက်တိုးဝင်လာသော ပင်လယ်လေကြောင့် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အတွင်း မိုးရွာသွန်းမှု ပိုမိုအားကောင်းလာမည်ဖြစ်ပြီး မိုးကြီးခြင်း၊ မိုးသက်လေပြင်းများ တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။


ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း/မြောက်ပိုင်း): အရှေ့တောင်ဘက်/အရှေ့ဘက်အရပ်များမှ လေပူအစိုများ ကုန်းတွင်းပိုင်းသို့ စိုက်ဝင်မှုနှင့် တောင်တန်းဒေသ ပထဝီဝင်အနေအထားတို့ကြောင့် မွန်းလွဲ/ညနေပိုင်းများတွင် မိုးတိမ်တောင်များဖြစ်ထွန်းပြီး မိုးအသင့်အတင့်မှ မိုးထစ်ချုန်းရွာသွန်းနိုင်ပါမည်။


မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်: အောက်တိုဘာ ၂၀-၂၂ ရက်များတွင် မိုးခေတ္တ ပါးသွားမည်ဖြစ်ပြီး၊ အောက်တိုဘာ ၂၃ ရက်နောက်ပိုင်းမှစ၍ လေဖိအားနည်းစနစ် အရှိန်ကြောင့် မွန်းလွဲ/ညနေပိုင်း မိုးတိမ်တောင်များ ဖြစ်ထွန်းကာ မိုးထစ်ချုန်းရွာသွန်းမှု ပြန်လည် မြင့်တက်လာပါမည်။
 
၂။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေး အခြေအနေများ (Disaster Risk Analysis)


တောင်ကျရေနှင့် လျှပ်တစ်ပြက် ရေကြီးနိုင်ခြေ (Flash Floods): တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းအနောက်ပိုင်း (ဂန့်ဂေါ၊ စေတုတ္တရာ၊ ငဖဲ) နှင့် ရှမ်းပြည်နယ်တို့တွင် အောက်တိုဘာ ၂၃-၂၅ ရက်အတွင်း မိုးဆက်တိုက် ရွာသွန်းနိုင်သဖြင့် တောင်ကျချောင်းရေ ရုတ်တရက် လျှံတက်ခြင်းနှင့် ရေဝပ်/ရေကြီးမှုများ ဖြစ်ပွားနိုင်ပါသည်။


တောင်ပြို/မြေပြိုနိုင်ခြေ (Landslides): ချင်းတောင်တန်း၊ ရခိုင်ရိုးမနှင့် တနင်္သာရီတောင်တန်းများ၊ တောင်ကြီး-ကလော လမ်းပိုင်း၊ မင်းဘူး-အမ်း လမ်းပိုင်း၊ စေတုတ္တရာ-ငဖဲ လမ်းပိုင်းတို့တွင် ရက်ဆက်မိုးကြောင့် စိုက်ပျိုးမြေနှင့် တောင်စောင်းများပြိုခြင်း၊ ကျောက်တုံးပြုတ်ကျခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။


မိုးကြိုးနှင့် လေပြင်းအန္တရာယ် (Thunderstorms & Gusty Winds): မုတ်သုံအကူးအပြောင်း ကာလဖြစ်၍ ကုန်းတွင်းပိုင်း တိုင်းဒေသကြီး/ပြည်နယ်များတွင် မိုးတိမ်တောင်ကြီးများကြောင့် ရုတ်တရက် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ သတိပြုရန် လိုအပ်ပါသည်။


ပင်လယ်ပြင် လှိုင်းကြီးနိုင်ခြေ (Rough Seas): ကပ္ပလီပင်လယ်ပြင်နှင့် မြန်မာ့ကမ်းလွန် (တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်) ပင်လယ်ပြင်တို့တွင် အောက်တိုဘာ ၂၃ မှ ၂၆ ရက်အတွင်း မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိ မြင့်တက်နိုင်ပါသည်။


၃။ စပါးရိတ်သိမ်းချိန် စိုက်ပျိုးရေး တောင်သူများအတွက် အကြံပြုချက်များ


ရိတ်သိမ်းချိန် ကြိုတင်ပြင်ဆင်ရန် (Harvesting Planning): အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်နေ့များတွင် တိုင်းဒေသကြီး/ပြည်နယ် အများစု၌ မိုးခေတ္တ ပါးသွားမည်ဖြစ်ရာ၊ ရိတ်သိမ်းရန် ရင့်မှည့်နေသော မိုးစပါးများနှင့် သီးနှံများကို မိုး/လေကင်းပြီးသာယာသော ရက်များအတွင်း အမြန်ဆုံး ရိတ်သိမ်းခြွေလှေ့ရန် အကြံပြုအပ်ပါသည်။

ရိတ်သိမ်းပြီး သီးနှံများ အမိုးအကာအောက် ရွှေ့ပြောင်းရန်: အောက်တိုဘာ ၂၃ ရက်မှစ၍ မိုးပြန်လည် ရွာသွန်းမှု မြင့်တက်လာမည် ဖြစ်ရာ၊ ရိတ်သိမ်းပြီးသော စပါး/သီးနှံများကို ကွင်းပြင်တွင် စုပုံထားခြင်း မပြုဘဲ မိုးလွတ်သည့် တာပေါ်လင်စ၊ ကောက်ရိုးတဲ သို့မဟုတ် စပါးကျီများအတွင်း သေချာစွာ မိုးလုံအောင် ဖုံးအုပ်/သိမ်းဆည်းထားရန် လိုအပ်ပါသည်။


စိုက်ခင်းများအတွင်း ရေနုတ်မြောင်းများ ရှင်းလင်းရန်: မိုးကြီးပါက စိုက်ခင်းများ ရေနစ်မြုပ်မှု မရှိစေရန် စိုက်ခင်းပတ်လည်ရှိ ရေနုတ်မြောင်းများ၊ မြောင်းကူးပြွန်များကို ကြိုတင် ရှင်းလင်းထားသင့်ပါသည်။
 
၄။ အောက်တိုဘာ ၁၉ ရက် မှ ၂၅ ရက်အတွင်း နေ့စဉ် ရွာသွန်းရရှိနိုင်သော မိုးရေချိန် ဇယား (mm)


(အောက်တိုဘာ ၁၉ ရက် မှ ၂၅ ရက်အထိ စုစုပေါင်း ရွာသွန်းနိုင်သည့် မိုးရေချိန် အများမှ အနည်းသို့ Sorting ပြုလုပ်ထားပြီး နေ့စဉ်မိုးရေချိန် ၃၀ မီလီမီတာနှင့် အထက် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်ပမာဏများကို အနီရောင်ဖြင့် ပြထားပါသည်)

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

Hsu Myat Noe

Hsu Myat Noe

လွန်ခဲ့သော ၉ မိနစ် က

၂၅/၂၆/၂၇ သီတင်းကျွတ်ကာလ ပိတ်ရက် ၃ ရက်အတွင်း (၂၉ ရက်နေ့အထိ ဆက်နိုင်) မှာ မကွေးတိုင်းတောင်ပိုင်းနဲ့ ပဲခူးတိုင်းတွေက စပြီး မြန်မာပြည်တောင်ဘက်ခြမ်းတခြမ်းလုံးမှာ မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ရွာလာတဲ့ မိုးတွေ ရှိနိင်ပါတယ်။ ⚠️ မိုးအရမ်းများမှာမဟုတ်ပေမဲ့ ရိတ်သိမ်းပြီးသီးနှံတွေ အမိုးအကာအောက် မရောက်သေးရင်တော့ သီးနှံတွေပျက်စီးနိုင်တဲ့အခြေအနေတွေနဲ့ ကြုံရနိုင်တာကြောင့် စိုးရိမ်ရပါတယ်။ ဖျက်မိုး/အခါလွန်မိုးလို့လဲ ပြောနိုင်ပါတယ်။ ပုံက ECMWF model ရဲ့ ၂၅ရက် မှ ၂၇ ရက်အထိ ၃ ရက် မိုးရေချိန်စုစုပေါင်းရွာနိုင်ခြေ ကြိုတင်ခန့်မှန်းချက်ပါ။ ကြိုတင်ခန့်မှန်းချက်ဖြစ်တာကြောင့် ၇၀% တော့ မှန်နိုင်ပါတယ်။ Crd #ဆရာဦးဝင်းနိုင်

MYO WIN

MYO WIN

လွန်ခဲ့သော ၂၇ မိနစ် က

ကျေးဇူးပါ green way

MYO WIN

MYO WIN

လွန်ခဲ့သော ၂၈ မိနစ် က

@ဦးဝင်းနိုင် ကျေးဇူးပါခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲကို၃၀ရက်သားမှာရွှေနဂါးအားဆေးဖျန်းမယ် ၃၇ရက်သားမှာတင်ပို+ပီဖိုလန် +ပိုးသတ်ဆေးဖျန်းမယ်ဆို အဆင်ပြေလား

Sawsamson • ဖြေကြားချက် 3 ခု

Tbl9မတ်ပဲမျိုးကို၁၁လပိုင်း၁၀ရက်နေ့လောက်ကြဲမယ် ထူထူကြဲသင့်လား ဘယ်နှစ်ပြည်ကြဲသင့်လဲ ခုတ်ဖုံးစနစ်ပါ

Sawsamson • ဖြေကြားချက် 1 ခု

ရှာလကာရည်နဲ့ကြက်ဥခွံနဲ့ဖော်စပ်ထားတဲ့ရွက်ဖြန်းအားဆေးက ဘယ်နှစ်ဆိုရင်သုံးလို့ရလဲခင်ဗျ။ နောက်ပြီးM- 150 အချိုရည်၊အချိုမှုန့်၊ ဆန်ဆေးရည်တွေနဲ့ရော ရွက်ဖြန်းအားဆေးဖော်လို့ရပါသလား ခင်များ..

အောင်မိုး • ဖြေကြားချက် 1 ခု

အပင်အောက်ခြေတွင်ပုက်နေပြီးအရွက်များခြောက်နေပါသည် ဘာဆေးများအသုံးပြုရမလဲဆရာ

ကိုသိန်းသန်းဝင်း • ဖြေကြားချက် 4 ခု

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ဘက်မှာstrawberry စိုက်လို့အဆင်ပြေနိုင်လားဘယ်လိုစိုက်ပျိုးပေးရမလဲအမိုးနဲ့စိုက်ပျိုးပေးသင့်လားမျိုးစေ့ကိုဘယ်မှာဝယ်လို့ရနိုင်လဲ

Ma Than Than Aye • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။