အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

မိုးဇလ
မိုးဇလ • Greenovator • 06/10/2020

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မိုးဇလ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ ဘက်တီးရီးယားလားဆရာ ကြည့်ပေးပါအူး မှိုးဆေးတော့ ၄ ကြိမ်ရှိနေပီဗျ ဘက်တီးရီးယားဆေးတော့မဝင်ရသေးဘူးဆရာ ဒီနောက်ပိူင်း အမိုင်နို ကယ်စီပလပ် မင်းသား ရှယ်ပီကေ တစ်လှည့်စီဖျန်းနေတာ အပွင့်လေးတွေတော့ထပ်လိုက်လာတယ်ဗျ

U Yan • ဖြေကြားချက် 5 ခု

ဂန္ဓမာအောက်ရွက်ကျအရမပ်နဲနဲပုအဖူးကပ်ချင်နေပြီအောက်ခြေအရွက်ထွက်နိုင်ျသးလားအရပ်ရှည်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 1 ခု

မေးပါဦးမယ်ခင်ဗျ ပျိုးထောင်ပြီး ပြောင်းရွေ့စိုက်တဲ့စပါးခင်းတွေမှာ စပါးသက်တမ်းတွက်ရင် ပျိုးခင်းမှာ အညှောင့်ပေါက် စပက်ကျဲတဲ့ရက်က တွက်တာလား? ပျိုးခင်းစမ်းစစ်တဲ့ရက်က တွက်တာလား? ဘယ်ဟာက ပိုတိကျပါသလဲ? နောက်ပြီး ပြောင်းရွေ့စိုက်ခင်းရောက်ရင် ကောက်ပင်လှန်ဖို့အမြစ်စွဲဖို့ရက်တွေပါ ထည့်တွက်ရတာလဲ ဟုတ်ပါသလား?

Chan Myae Htun • ဖြေကြားချက် 1 ခု

ဝက်ခြံကို အပူလွန်ကဲတဲ့ဒဏ်ကိုကာကွယ်အောင်ဘာတွေကြိုပြင်ဆင်သင့်လည်း

Ko Zar • ဖြေကြားချက် 1 ခု

မဂ်လာပါ ခင်ဗျာ သခွားအသီးလေးတွေဝါပီးကြွေကုန်တယ် ရာသီ ဉတုကြောင့်လာပိုးကြောင့်လာ အစာ များနေလိူ့လာဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။