ဇန်နဝါရီလအတွင်း ဆိတ်အရှင်တင်ပို့မှုစျေးကွက် ကျဆင်းနေ

22/01/2020 12:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း၊ နယ်စပ်ဒေသများမှ ပြည်ပသို့ ဆိတ်အရှင်တင်ပို့နေမှု စျေးကွက်ကျဆင်းနေကြောင်း စီးပွားဖြစ် ဆိတ်မွေးမြူသူများက ပြောသည်။

ဆိတ်အရှင်တင်ပို့နေတာမှာ အခုတလောကတော့ စျေးကွက်အခြေအနေက မလှဘူး။ နှစ်ကူးဆိုရင်တရုတ်ကလည်း ဆိတ်မဝယ်တော့ဘူးလေ။

ဟု ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ မဟာနန်းတော် ဆိတ်မွေးမြူရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသူရစိုးက ပြောသည်။

    စျေးကွက်အတွင်း၌ အလေးချိန် ပေါင် ၁၀၀ အထက်ရှိသည့် ဆိတ်အရှင်တစ်ကောင်လျှင် တစ်ပေါင် ၁၉၀၀ ကျပ်မှ ၂၀၀၀ ကျပ်အတွင်း၊ အလေးချိန် ပေါင် ၁၀၀ အောက်ရှိသည့် ဆိတ်အရှင်တစ်ကောင်လျှင် တစ်ပေါင်စျေးနှုန်း ကျပ် ၁၈၅၀ မှ ၁၉၀၀ အထိ ပေါက်စျေးရှိကြောင်း သိရသည်။

လွန်ခဲ့တဲ့ တစ်လကတော့ လာအိုလမ်းကြောင်းဖွင့်တော့ တစ်ပေါင်ကို ကျပ်၂၀၀၀ ကျော်သွားပါသေးတယ်။ အခုတော့ လာအိုကလည်းအဝယ်အေးတော့ စျေးက ကျဆင်းလာတာပါ။ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၀ရက်အထိ၊ ဆိတ်အရှင် စျေးက အလေးချိန်တစ်ပေါင်ကို ကျပ်၂၀၀၀ ကျော်ခဲ့ပါသေးတယ်။ အခုတော့ စျေးက ကျပ် ၂၀၀၀ ထောင်အောက်မှာပါ။

ဟု ၎င်းက ဆိုသည်။

   နယ်စပ်မှတဆင့် ဆိတ်အရှင်တင်ပို့ရောင်းချမှုကို ပြည်တွင်းရှိ အညာစျေးကွက်အပြင်၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

နန်းထက်ထက်ချစ် (ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်