ဆီကြော်အစားအစာတွေ မကောင်းဘူးဆိုတဲ့ အချက် (၁၈)ချက်
ဆီကြော်ထားတဲ့ အစားအစာတွေက…
၁။ လူတွေအတွက် အရမ်းကို အဆင်ပြေတယ်။ မြန်တယ်ဆိုတော့ အချိန်ကုန်လည်းသက်သာတယ်။
၂။ တကယ်ကြီး မှာစားရ ထိုင်စားရတဲ့ အစားအစာတွေနဲ့ ယှဉ်တော့လည်း ဈေးကသက်သာတယ်။
၃။ အရသာရှိတာတင်မကပဲနဲ့ ကော့ပါးဓာတ်တွေရစေနိုင်တာကြောင့် အရိုးနဲ့ သွေးကြောတွေအတွက် ကောင်း တယ်။ ဗီတာမင် (စီ)၊ ပိုတက်စီယမ်၊ သံဓာတ် နဲ့ မန်းဂနိစ့် တို့လည်း ရနိုင်တယ်။
၄။ ကြက်ကြော်လိုမျိုးဆိုရင် ခန္ဓာကိုယ်ကိုတောင် ကျန်းမာစေပါတယ်။
ကောင်းတာတွေပြီးတော့ မကောင်းတာတွေ လာမယ်ပေါ့လေ။ ဆက်ကြည့်ရအောင်။.....
၁။ သုံးတဲ့ ဟင်းသီးဟင်းရွက်ဆီတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်းတွေကျန်နေတယ်ဆိုရင် စားရင်း စားရင်းနဲ့ ကျန်းမာရေးကို ထိခိုက်ပြီး ချိလာမှာပါ။
၂။ ကြော်ထားတဲ့ အစားအစာတော်တော်များများမှာ MSG ဆိုတဲ့ အဆိပ်ဖြစ်စေတဲ့ ဆားပါနေတတ်ပါတယ်။
၃။ ဆီကြော်စာတွေမှာ အဆီတွေလည်းများပါတယ်။
၄။ စားတာများလေ စားတဲ့အစားအစာအလိုက် ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။
၅။ ကယ်လိုရီတက်ပြီး အဝလွန်တာတွေ ဖြစ်စေနိုင်ပါတယ်။
၆။ အာဟာရအားဖြင့်လည်း နည်းပါးပြီးတော့ အသားဓာတ် ပရိုတင်းကနေ Acrolein လို့ခေါ်တဲ့ ကာစီနိုဂျင်အဖြစ် ပြောင်းသွားပါတယ်။ အဲဒါတွေက လူကို အဆိပ်သင့်စေပါတယ်။
၇။ ဟင်းသီးဟင်းရွက်ဆီတွေ အမြဲတမ်း အပူချိန်ထဲမှာနေနေရရင် ၃၀၀ ဒီဂရီကျော်တာနဲ့ အဆိပ်တွေ ထွက်လာပါပြီ။ အဲ့တော့ ဆီကြော်တွေစားနေရတဲ့သူတွေက အဆိပ်ကတော့ဖြစ်မှာပါပဲ။
၈။ ဆီကြော်အစားအစာတွေကြောင့် သွေးကြောပိတ်တာတွေလည်း ဖြစ်နိုင်ပါတယ်။
၉။ အယ်ဇိုင်းမားတွေဖြစ်တဲ့ အကြောင်းအရင်းတွေထဲမှာ ဆီကြော်စာတွေ အများကြီးစားတာလည်း ပါပါတယ်။
၁၀။ အရိုးအကြော အဆစ်တွေကိုက်တာ ခဲတာတွေကလည်း ဖြစ်စေနိုင်ပါတယ်။
၁၁။ ဆီကြော်စာတွေ အစားများတဲ့အခါ ကျောက်ကပ်၊ အသည်း၊ အစာအိမ်၊ အူလမ်းကြောင်း၊ ပရောစတိတ် စတဲ့နေရာတွေမှာ မကြေမပျက်ပဲ ရှိနေနိုင်ပါတယ်။
၁၂။ တစ်ချို့ ဆီကြော်ထားတဲ့ အစားအစာတွေက ဆီကိုစုပ်ထားပါတယ်။ အဲဒါကိုစားတာက ဆီနဲ့ ရောသောက်နေသလိုပါပဲ၊ ဆီက မကောင်းတဲ့ ကိုလက်စထရောကို တက်စေပါတယ်။
၁၃။ ဟင်းသီးဟင်းရွက်ဆီတွေနဲ့ အသင့်စားအစားအစာ (fast food) နဲ တွေ့တဲ့အခါ အဆီတွေအဖြစ်ပြောင်းလဲသွားပါတယ်။ အဲ့အဆီတွေက နှလုံးကိုထိခိုက်စေပါတယ်။
၁၄။ ဆီတွေအူနေတာ မီးခိုးတွေထွက်နေတာမျိုး ဆီတွေနဲ့ကြော်နေတာဆို ဝယ်မစားပါနဲ့တော့။ အဲ့ဆီကထွက်တဲ့အဆိပ်တွေက ပရိုတင်း ရသင့်သလောက်မရစေဘူး၊ သွေးတိုးစေတယ်၊ ကိုလက်စထရောတွေတက်စေတယ်၊ သွေးတွင်းသကြားဓာတ်တွေ မမျှတတာတွေဖြစ်စေနိုင်ပါတယ်။
၁၅။ ကယ်လိုရီလည်းများတယ်။ တစ်ချို့ကြော်စားရတဲ့ အစားအစာတွေကို ထည့်ကြော်လိုက်တဲ့အခါကျတော့ ဓာတုပစ္စည်းတွေလည်း ထွက်လာပါတယ်။ အဲ့အစားအစာတွေစားပြီးတော့ လူတွေက သက်တမ်းမရှည်နိုင်တော့ပါဘူး။
၁၆။ ကြော်လိုက်တယ် ဆယ်လိုက်တယ် ထပ်ကြော်တယ် ဆိုတော့ ဆီကိုမလဲပဲ ခဏခဏကြော်ရင်းနဲ့ အပူချိန်တက်တိုင်း ဆီက ကာစီနိုဂျင်တွေထွက်တယ်။ သူ့ကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။
၁၇။ အကင်တွေလို အစားအစာတွေမှာ ပါပြီးသားကို ဆီအဆိပ်နဲ့ ထပ်ရောပြီး စားဖို့ကတော့မဖြစ်နိုင်ပါဘူးနော်။
၁၈။ ကြက်ရင်အုပ်ကင်မှ ကယ်လိုရီ ၁၀၅ ပဲပါပြီးတော့ ကြော်ထားတာဆို ၃၂၃ ကယ်လိုရီတောင်ပါနေပါတယ်။ ယှဉ်ပြထားတာပါ။
ကဲ အကြောင်းစုံတော့ သိသွားပြီ၊ ရှောင်နိုင်သလောက်တော့ရှောင်ရမှာပေါ့နော်။ အိမ်မှာလည်း ဆင်ခြင်လို့ရတာပေါ။ ကျန်းမာရေးကောင်းပြီး သက်ရာကျော်ရှည်နိုင်ကြပါစေ။
ထွန်းဝင်းကျော်
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 2 ခု
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 3 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026