အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝါးပင်ကြီးထွားမှုကို အကျိုးပြုသော သဘာဝပတ်ဝန်းကျင်အခြေအနေများ

ဝါးပင်ကြီးထွားမှုကို အကျိုးပြုသော သဘာဝပတ်ဝန်းကျင်အခြေအနေများ

Green Way
Green Way • Greenovator • 09/09/2019

မိုးရွာသွန်းမှု

အထူးသဖြင့် မျှစ်ထွက်သောကာလနှင့် ဝါးပင်ကြီးထွားအားကောင်းသော ကာလများတွင် ရေလုံလောက်စွာရရှိရန် လိုအပ်ပါသည်။ ရေလုံလောက်မှသာ ဝါးပင်ကြီးထွားမှု ပုံမှန်ဖြစ်ပေါ်သည်။

မြေတွင်းအစိုဓာတ်

မြေအတွင်းအစိုဓာတ်လိုအပ်ချက်မှာ ဝါးပင်အမျိုးအလိုက် ကွဲပြားသည်။ ခြောက်သွေ့သော ရာသီတွင် ဝါးရုံပတ်လည် အစိုဓာတ်လုံလောက်စွာရရှိစေရန် သစ်ရွက်ခြောက်/သစ်ကိုင်းခြောက်များကို အပင်ခြေတွင် ဖုံးပေးရန်လိုပါသည်။

ရေထုတ်ကောင်းခြင်း

ဝါးရုံပတ်လည်မြေအတွင်း အစိုဓာတ် လွန်ကဲခြင်း၊ ရေဝပ်ခြင်း၊ တို့သည် ဝါးပင်ရှင်သန်မှုကို ထိခိုက်စေပြီး မှိုရောဂါလည်း ကျရောက်တတ်သည်။ ထိုအခြေအနေဖြစ်ပါက ရေထုတ်ကောင်းအောင် အရေးတကြီး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

အပူချိန်

အပူပိုင်းဒေသများတွင် အပူချိန်ကြောင့် ပြဿနာမရှိနိုင်ပါ။ သမပိုင်း/အအေးပိုင်းဒေသများတွင် အပူပိုင်းထက် အပူချိန်ကြောင့် ပိုမိုထိခိုက်နိုင်သည်။

အလင်းရောင်

အလင်းရောင်လိုအပ်ချက်မှာ ဝါးရုံ၏သိပ်သည်းမှု ဝါးတောအတွင်း အခြားပင်များ တည်ရှိမှုအပေါ်မူတည်သည်။ မတ်စောက်သော ကုန်းမြေရှိ ဝါးပင်များသည် ပို၍ ဖြောင်းတန်းမြင့်မားသည်။ နေရာလုံလောက်စွာ ရရန်အတွက်လည်း ဖြစ်သည်။

မြေအမျိုးအစား

မြေအမျိုးအစား အမျိုးမျိုးမှာပင် ဖြစ်ထွန်းနိုင်သည်။ သို့သော် သစ်ကောင်းရရှိလိုပါက မြေစေး၍ သြဂဲနစ်ပစ္စည်းကြွယ်ဝသော မြေမှာ စိုက်ပျိုးရမည်။

မြေအနေအထားအမျိုးမျိုး

မြေအနေအထားအမျိုးမျိုးတွင် ဝါးပင်ကြီးထွားမှု ပုံစံအမျိုးမျိုးဖြစ်သည်။ မြစ်ဝကျွန်းပေါ်လယ်မြေတွင် ဖြစ်ထွန်းသော ဝါးပင်တွင် ရေဓာတ်ပါဝင်မှုမြင့်သည်။ ဥပမာ ဝါးနက် အချို့ဝါးများသည် ရေစီး ရေထုတ်ကောင်းသော ကုန်းစောင်းမြေများတွင် ပို၍ ဖြစ်ထွန်းသည်။ ဥပမာ ဝါးဘိုးမျိုးနှင့် ကြသောင်းဝါးမျိုး ဝါးဖြူကြီးမျိုးများကို တောင်စောင်းမြေတွင် စိုက်ပါက ဝါးပင်ဖြောင့်မတ်ပြီး  ဝါးသားအရည်အသွေး အလွန်ကောင်းသည်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ပေါက်ရောက်သော ဝါးအချို့မျိုးစိတ်များမှာ ခြောက်သွေ့၍ ကျစ်လစ်မာကြောပြီး ဝါးလုံးအခေါင်းပေါက်ကျဉ်းသည်။ အချို့ပူပြင်းခြောက်သွေ့၍ ကျစ်လစ်မာကြောပြီး ဝါးပင်များသည် အပင်ပုပြီး  ဆူးပုံသဏ္ဍာန်အတက်များကို တွေ့ရသည်။ ပူပြင်းခြောက်သွေ့ဒဏ်ခံနိုင်ရန်ဖြစ်သည်။

လူတို့၏ စီမံပြုပြင်မှု

လူတို့၏ စီမံပြုပြင်မှုသည် ဝါးပင်ကြီးထွားသန်စွမ်းမှုအတွက် များစွာလိုအပ်သည်။ ဝါး၏ တန်ဖိုးနှင့် ဝါးတောပတ်ဝန်းကျင်အကျိုးပြုပုံကို နားလည်သိရှိမှုအပေါ်မူတည်၍ လူတို့၏ စီမံခန့်ခွဲမှုအမျိုးမျိုး ကွဲပြားနိုင်ပါသည်။ လူတို့၏ စီမံပြုပြင်မှုကောင်းလျှင် ကောင်းသလိုအကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။

ဂေဟဗေဒစက်ဝိုင်း

သဘာဝဝါးတောနှင့် ဝါးပင်၏ ပတ်ဝန်းကျင်တို့သည် သက်ရှိသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်အမျိုးမျိုး ကွဲပြားဖြစ်ပေါ်ခြင်း အပေါ်မူတည်သည်။ သဘာဝပတ်ဝန်းကျင်အမျိုးမျိုး ကွဲပြားဖြစ်ပေါ်ခြင်းအပေါ်မူတည်သည်။ သဘာဝပတ်ဝန်းကျင်ကွဲပြားခြားနားမှုတွင် အလျင်အမြန် ပြောင်းလဲခြင်းသည် ပိုးမွှား၊ တိရစ္ဆာန်၊ စသည့် သက်ရှိသတ္တဝါများကြောင့် ဖြစ်ပေါ်ရပြီး အနှေးပြောင်းလဲခြင်းသည် ရေ၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ ဖော့စဖိတ်စသည့် သက်မဲ့ဒြပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်ရသည်။

ရတနာစိုး (ဂေဟဗေဒ စနစ်ဖြင့် ဝါးပင်များ ရှင်သန်ဖွံ့ဖြိုးစေဖို့)

You

ဆက်စပ်မေးခွန်းများ

ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။

Kyaw Soe Naing • ဖြေကြားချက် 2 ခု

မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ

Hnin Nu Wai • ဖြေကြားချက် 2 ခု

မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီး‌ကြွေနေလို့ပါ

ရှိုင်းထက်အောင် • ဖြေကြားချက် 4 ခု

မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်

Hnin Nu Wai • ဖြေကြားချက် 3 ခု

ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်

Khaing Zin Thet • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။