သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ

29/10/2021 11:15 AM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား

    စိုက်ပျိုးရေးနိုင်ငံလို့ ခေါ်ဝေါ်တဲ့ ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်တွေကို တောင်တန်းဒေသနဲ့ ပြည်မ နှစ်ခုလုံးရဲ့ စိုက်ပျိုးရေးကဏ္ဍတွေက အများဆုံးထုတ်လုပ်ပေးနေတာပါ။ စိုက်ပျိုးတဲ့ သီးနှံအမျိုးအစားအပေါ် မူတည်ပြီး အပြန်အလှန် မှီတင်းနေကြတယ်လို့ ကျွန်မမြင်မိပါတယ်။

    ဒါ့ကြောင့် နိုင်ငံရဲ့ GDPကို မြင့်စေတဲ့ စိုက်ပျိုးထုတ်လုပ်မှုမျိုးကိုလုပ်နေတဲ့ တောင်သူပဲဖြစ်ဖြစ်၊ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် ပြည်တွင်းစားသုံးသီးနှံတို့ကို စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူပဲဖြစ်ဖြစ်၊ မိမိ မိသားစု/ကျေးရွာ ဖူလုံရေးအတွက်သာ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူပဲဖြစ်ဖြစ် ....အားလုံးဟာ မြန်မာနိုင်ငံရဲ့ တောင်သူတွေပါပဲ။ အားလုံးမှာ ... သာတူညီမျှ အခွင့်အရေးရှိရပါမယ်။

    မြန်မာနိုင်ငံမှာ ပြည်မကြီးလို့သတ်မှတ်ထားတဲ့ တိုင်းဒေသတွေမှာ အများစုဟာ လယ်၊ ယာနှင့် ဥယျာဉ်ခြံတွေ စိုက်ပျိုးကြတယ်။ တောင်သူအများစုကိုလည်း လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) တွေ ထုတ်ပေးထားပါတယ်။ သို့သော် စားကျက်မြေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပုံစံ(၇) မရှိသူ/မရသူများလည်း ရှိပါတယ်။

    တောင်တန်းဒေသ တိုင်းရင်းသားဒေသများတွင်မူ မိရိုးဖလာ၊ ဓားမဦးချလုပ်ကိုင်နေသည့် မြေများရှိ လုပ်ကွက်ငယ်တောင်သူများ၊ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူ တောင်သူများ၊ မြေလွတ် မြေလပ် မြေရိုင်းများတွင် တိုးချဲ့စိုက်ပျိုးနေသော တောင်သူအများစု အတွက် ပုံစံ(၇) များမရှိပေ။

    လက်ရှိ လုပ်ထုံးလုပ်နည်းအရ ပုံစံ(၇)ရရှိရန် လျှောက်ထားရာ၌ ရက်ပေါင်း ၁၁၄ ရက်ခန့် လိုသည်ဟု သိရပါတယ်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၏ တက်သုတ်ရိုက်၍ ပုံစံ(၇)များ ထုတ်ပေးခဲ့ခြင်းတွင်လည်း လူအင်အားမရှိခြင်း၊ သွားလာကွင်းဆင်းစရိတ်မရှိခြင်း  အကြောင်းပြ၍ သက်ဆိုင်ရာဌာနမှ အချိန်ဆွဲ၍ မထုတ်ပေးသည့်ရွာများလည်း အများအပြားရှိတယ်လို့ ထောက်ပြထားသည်ကိုလည်း ဖတ်ရှုရပါတယ်။

    ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင်ထုတ်ပြန်သော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၏ ရည်ရွယ်ချက်ထဲတွင် အရင်းအနှီးရရှိရေးအတွက် တောင်သူလယ်သမားများအား သင့်တင့်သောချေးငွေနှင့် အကူအညီများပေး၍ အထောက်အကူပြုရန်ဟူသောအချက် ပါဝင်ပါတယ်။ ၎င်းချေးငွေအစီအစဉ်တွင် စီမံကိန်းဘဏ္ဏာရေးနှင့် စက်မှုဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရာသီအလိုက် ချေးငွေများ ထုတ်ပေးလျက်ရှိသော်လည်း ၎င်းတို့ဟာ လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ပြီး လုပ်ပိုင်ခွင့်လက်မှတ်ရထားသော ၁၀ ဧက အောက်ပိုင်ဆိုင်သူ တောင်သူများကိုသာ ရည်ညွှန်းပါတယ်။ ထို့ပြင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)မူရင်းကို တင်ပြပြီး အစိုးရချေးငွေကို လျှောက်ထားလို့ရသည်ဟု သတ်မှတ်ထားချက်မှာ တိုင်းရင်းသားဒေသများရှိ ဦးပိုင် အမည်ပေါက်ထားခြင်းမရှိတဲ့ မိရိုးဖလာ၊ ဓားမဦးချ လုပ်ကိုင်နေတဲ့မြေများရှိ လုပ်ကွက်ငယ်တောင်သူများကို လျှစ်လျှုရှုထားသကဲ့သို့ဖြစ်နေပါတယ်။

    ပုဒ်မ၂၀ (င)တွင်လည်း တောင်သူလယ်သမားများလိုအပ်သော လယ်ယာသုံးစက်ကိရိယာများကို လယ်သမားများ အရစ်ကျဝယ်ယူရရှိနိုင်ရေးအတွက် ပုဒ်မ(၁၃)တွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ အရင်းအနှီးရရှိရေးအတွက် နှစ်ပေါက်၊ နှစ်တိုနှင့် နှစ်ရှည်ချေးငွေများကို ပြည်ထောင်စုရန်ပုံငွေဘောင်အတွင်းမှ ထုတ်ချေးခြင်း၊ လိုအပ်သော အကူအညီနှင့် အထောက်အပံ့များပေးခြင်းတို့ကို ပြုလုပ်နိုင်ရန်ဟူ၍ ပြဌာန်းခဲ့ပါတယ်။ ဤတွင်လည်း နှစ်တို ၃ နှစ်နှင့် နှစ်ရှည် ၅ နှစ်ချေးငွေဟူ၍ JICA Two Step Ioan နှင့် MEB Two Step Loan တို့မှ တောင်သူတစ်ဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ချေးငွေများ  လျှောက်ထားနိုင်ပါတယ်။ သို့သော် ပုံစံ(၇) မူရင်းနှင့် သက်သေခံမြေပုံ (၁၀၅) မူရင်းတို့အား ဘဏ်တွင် အပ်နှံထားရမည့် သတ်မှတ်ချက်ရှိသောကြောင့် ၎င်းမှာလည်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မရှိသော တိုင်းရင်းသားဒေသ တောင်သူအများစု အကျုံးမ၀င်သည့်သဘောပင်ဖြစ်ပါတယ်။ ထို့ကြောင့် အစိုးရချေးငွေရရှိနိုင်မှုမှာ မြန်မာနိုင်ငံရှိ အမှန်တကယ် တိုင်းရင်းသားဒေသ တောင်သူများနှင့် လုပ်ကွက်ငယ်တောင်သူများအတွက် အခွင့်အရေးနည်းပါးသည်ဆိုတာထက် မရှိသည့် အနေအထားမျိုး ဖြစ်နေပါတယ်။

    ပုံစံ(၇)မရှိလျှင် တောင်သူများအနေနဲ့ မြေယာအငြင်းပွားမှုများနှင့် မြေယာဆုံးရှုံးမှုများ ပိုမိုဖြစ်လာသလို၊ အစိုးရမှ အတိုးနှုန်းသက်သာသော တောင်သူချေးငွေများလည်း ချေးငှားပိုင်ခွင့်မရှိသကဲ့သို့ ဖြစ်နေပါတော့တယ်။

    စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ ရေးဆွဲလာခဲ့တဲ့ မြေယာဥပဒေများ၊ စည်းမျဉ်းများကြောင့် တောင်တန်း၊ ပြည်မခွဲခြားမှုမှာ မရည်ရွယ်၍သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ပိုမိုအရှိန်မြင့်လာတာကို တွေ့ခဲ့ရပါတယ်။

    ထို့ကြောင့် တောင်တန်းဒေသများနှင့် လုပ်ကွက်ငယ်တောင်သူများတွင် ပုံစံ(၇)များ အလျင်အမြန်ထုတ်ပေးခြင်း၊ သင့်တော်သော တောင်သူချေးငွေထောက်ပံမှုများ၊ ကူညီမှုအစီအစဉ်များကို နိုင်ငံနှင့်အဝန်း တောင်သူများ တပြေးညီရရှိခံစားစေရန် လုပ်ဆောင်သွားဖို့ အရေးတကြီးလိုအပ်ပါတယ်။ ထို့ပြင် စိုက်ပျိုးတောင်သူများအားလုံး သာတူညီမျှ အခွင့်အရေးရရေးအတွက် ကျေးလက်နှင့် ဝေးလံခေါင်သီသည့်ဒေသများအထိ ရောက်ရှိနိုင်သော ဝန်ဆောင်မှုမျိုးဖြစ်စေရန် ယခုလက်ရှိ ဥပဒေများနှင့် မူဝါဒများကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု.... မြင်မိပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်