ပြည်ပသို့ နာနတ်သီးတရားဝင်တင်ပို့ခွင့်ရရှိရန် တောင်သူများအထူးမျှော်လင့်နေကြ
ဈေးကွက်လိုလားမှုရှိသည့် နာနတ်သီးကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ရရှိရန် တောင်သူများ အထူးမျှော်လင့်နေကြကြောင်း သိရသည်။
နာနတ်သီးကို အစိုဈေးကွက်အနေနဲ့ ပြည်ပကို တရားဝင်တင်ပို့ခွင့်တောင်းဆိုတာ မရသေးပါဘူး။ ပြည်တွင်းဈေးကွက်မှာကလည်း သီရိမင်္ဂလာဈေးကပွဲစားတွေ၊ မန္တလေးက ပွဲစားတွေ လုပ်ချင်သလိုလုပ်ပြီးမှ တောင်သူကဈေးရနေတာမျိုးတွေ ကြုံတွေ့နေရတယ်။ အဲ့ဒီဟာတွေကို ခံခဲ့ရတဲ့နှစ်ပေါင်းက (၁၀) စုနှစ်မကရှိနေပြီ။ ဒါ့ကြောင့် Export ဈေးကွက်ကိုပဲ ထိုးဖောက်ဖို့ ကြိုးစားချင်တာပါ။ ကိုယ့်ဒူးကိုယ်ချွန် ခက်ခက်ခဲခဲနဲ့ Export ဈေးကွက်ရအောင် ကြိုးစားတော့လည်း (၂) နိုင်ငံတင်ပို့ခွင့်ကို တရားဝင်မရသေးဘူး။
ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှ နာနတ်ပင် စီးပွားဖြစ်စိုက်ပျိုးသူ ဦးစံလင်းက ပြောသည်။
မြန်မာ-တရုတ် (၂) နိုင်ငံ တရားဝင် နာနတ်သီးတင်ပို့ရောင်းချမှုနှင့်သက်ဆိုင်သည့် MOU မရေးထိုးထားသည့်အတွက် တရားဝင်တင်ပို့ခွင့်မရရှိသေးကြောင်း သိရသည်။
ကိုယ့်နိုင်ငံကနာနတ်သီးတွေက အရည်အသွေးလည်းကောင်းတယ်၊ ဝယ်မယ့်လူလည်း အသင့်ရှိတယ်၊ တင်ပို့ခွင့်လေးပဲ လိုအပ်နေတာပါ။ ဝယ်တဲ့လူရှိပြီး ရောင်းလို့မရတဲ့သီးနှံဖြစ်နေတာ တကယ်ကိုရင်နာစရာကောင်းတယ်။ တရုတ်လူမျိုးတွေဆို ခြံထဲထိလာထိုင်စောင့်တယ်။ ဝယ်ချင်ကြတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လကစပြီး နာနတ်တင်ပို့မှု အပိတ်ခံရပြီး အခုထက်ထိ တရားဝင်တင်ပို့ခွင့်တွေ မရသေးတာပါ။ အခုလိုအခက်အခဲတွေကို သက်ဆိုင်ရာဌာနအသီးသီးကို တင်ပြထားပေမယ့် ဘာမှအတိအကျ အကြောင်းမပြန်သေးပါဘူး။
ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထွတ်အနီး ဒေသများမှလွဲပြီး၊ ကျန်ဒေသတိုင်းလိုလိုတွင် နာနတ်သီးစိုက်ပျိုးထွက်ရှိနိုင်ပြီး ရှမ်း/မြောက် သီပေါမြို့နှင့် အနီးတဝိုက်တွင် ပမာဏအများဆုံးစိုက်ပျိုးထုတ်လုပ််နေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
ဆက်စပ်မေးခွန်းများ
မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်တစ်အက်ဆစ်နဲ့ရော တွဲသုံးလို့ရလား သိချင်ပါတယ့် မြေခံကိုတော့ ထရိုင်ကိုဒါးမားဖြန်းခဲ့ပါတယ်
Thiha • ဖြေကြားချက် 2 ခု
ပဲပုပ်က စိုက်ကတာလား မက်ပဲလို့ခုတ်ဖုံးကျဲလို့ရလားဗျ
nay Htet • ဖြေကြားချက် 2 ခု
ပဲတီစိမ်းခုတ်ဖုံးအတွက်နည်းလမ်းလေးမျှဝေပေးပါဆရာ
moe min aye • ဖြေကြားချက် 1 ခု
ကြက်ဥ။ သံပုရာအမိုင်နို လုပ်နည်းလေးရှင်းပြပေးပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
စမုံနက်နှမ်းမျိုး(သက်လျင်)က လင်းတာတုံပြန်တဲ့မျိုးလား ခု အောက်တိုဘာမှာ စိုက်ချင်လို့ရလားသိချင်လို့
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022