အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီး ရေလျှံမူကြောင့် မိုးစပါးစိုက်ဧက လေးသိန်းခွဲနီးပါး ရေမြုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီး ရေလျှံမူကြောင့် မိုးစပါးစိုက်ဧက လေးသိန်းခွဲနီးပါး ရေမြုပ်

Green Way
Green Way • Greenovator • 03/08/2018

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်တို့တွင် ရေကြီးရေလျှံမူများကြောင့် ဇူလိုင် ၂၉ ရက်အထိ မိုးစပါးစိုက်ဧက ပေါင်း ဧက ၄၄၄၉၉၀ ရေဝင်နှစ်မြုပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိုးစပါး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဒေသအလိုက် စိုက်ပျိုးချိန် ကွာခြားသော်လည်း တစ်လကျော် သက်တမ်းရှိ ကောက်ပင်များအနေဖြင့် ရေမြုပ်သည့်အခါ တစ်ပတ်ကျော်အထိ ခံနိုင်ရည်ရှိပြီး ယင်းရက်ထက် ရှည်ကြာသွားပါက ပြန်လည် စိုက်ပျိုးရမည်ဖြစ်ကြောင်း စိုက်ပျိုးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ နေ့စဉ်မပြတ် ရွာသွန်းခဲ့သော မိုးများကြောင့် မြစ်ရေများ မြင့်တက်ခြင်း၊ ချောင်းများ ရေလျံခြင်းနှင့် တောင်ကျရေများ ဝင်ရောက်ခြင်းတို့ကြောင့် တောင်ငူခရိုင်တွင် ဧက ၅၆၅၂၀၊ ပဲခူးခရိုင်တွင် ၂၈၀၂၄၈ ဧက ၊ ပြည်ခရိုင်တွင် ဧက ၅၈၅၉၀၊ သာယာဝတီခရိုင်တွင် ၄၉၆၃၂ ဧက ရေဝင်နှစ်မြုပ်ခဲ့ပြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ် တစ်ခုတည်းပင် မုန်းချောင်း၊ ကျောက်ကြီးချောင်းများ ရေလျှံ၍ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာအုပ်စု ၃၃ အုပ်စု၊ တောင်သူပေါင်း ၆၅၅၈ ဦး၏ စိုက်ပျိုးပြီး မိုးစပါး ၃၆၃၄၁ ဧက ရေဝင်နှစ်မြုပ်ခဲ့သည်။

 

“ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနကတော့ ရေဝင်နှစ်မြုပ် ပျက်စီးသွားတဲ့လယ်တွေ တောင်သူတွေ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်အောင် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဆောင်ရွက်သွားမှာပါ။ ခုချိန်မှာ ရေဝင်နှစ်မြုပ်တဲ့ မြို့နယ်တွေအတွက် မျိုးတွေရှာဖွေမှုတွေလည်း ဆောင်ရွက်နေပါတယ်" ဟု ကျောက်ကြီးမြို့နယ် ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

 

ပြန်လည် စိုက်ပျိုးကြရမည့် တောင်သူများအနေဖြင့်် ပျိုးထောင်စိုက်ပျိုးလျှင် အချိန်မီနိုင်မည် မဟုတ်သည့်အတွက် ပြန်လည်ထွန်ယက်ခြင်း မျိုးစပါး ရှာဖွေခြင်းတို့အတွက် ကုန်ကျစရိတ် အခက်အခဲ များစွာ ကြုံတွေ့နေကြရပြီး မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို စဉ်းစား၍ မရသေးကြောင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ ရေတွင်းကုန်းကြီး ကျေးရွာမှ ဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။

 

 

 

မြန်မာ့အလင်း (2-8-2018)

 

 

You

ဆက်စပ်မေးခွန်းများ

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 2 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 2 ခု

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။