အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရမ်းချဥ်သီးဈေးမြင့်တက်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရမ်းချဥ်သီးဈေးမြင့်တက်

    စိုက်ဧကများလျှော့ချစိုက်ပျိုးခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရမ်းချဥ်သီးဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။

အခုလို ခရမ်းချဥ်သီးဈေးတွေ တက်နေရတဲ့အကြောင်းအရင်းကတော့ နိုင်ငံရေးနဲ့ ကိုဗစ်ရောဂါပိုးအခြေအနေတွေကြောင့် တောင်သူတွေက စိုက်ဧကတွေလျှော့ချစိုက်ပျိုးခဲ့လို့ပါ။ သွင်းအားစုဈေးတွေကလည်း နှစ်ဆလောက်မြင့်တက်နေတော့ တောင်သူတွေကလည်း မလိုက်နိုင်ဘူးလေ။ အဲ့ဒါကြောင့် နဂိုက  ၁၀၀ ရာခိုင်နှုန်းစိုက်တဲ့သူက အခုနှစ်မှာ ၅၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ကြတော့လို့ပါ။ မကွေးတိုင်းတစ်ခုတည်း ခရမ်းချဥ်သီးဈေးတွေ တက်နေတာမဟုတ်ဘူး၊ ရှမ်းပြည်နယ်ဘက်မှာလည်း တက်နေတယ်၊ တခြားဒေသတွေမှာလည်း တက်နေပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ စီးပွားဖြစ်ခရမ်းချဥ်သီးစိုက်ပျိုးသူ ကိုဟန်ဇော်သက်က ပြောသည်။

    လက်ရှိတွင် ဟင်းသီးဟင်းရွက်ဈေးကွက်အတွင်း ခရမ်းချဥ်သီးတစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဝန်းကျင်ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်။

ခရမ်းချဥ်သီးတစ်ပိဿာကို ကွင်းထဲမှာတင် ၁၇၀၀/၁၈၀၀ ကျပ် ဈေးရနေတယ်။ အရင်နှစ်တုန်းက ဒီအချိန်ဆို တစ်ပိဿာမှ ၁၀၀၀ ကျပ် အများဆုံးရတာ။ လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်လောက်ကတည်းကစပြီး အခုလို နိုဝင်ဘာလလောက်ဆိုရင် ခရမ်းချဥ်သီးဈေးကောင်း ဒီလောက်ထိ မရတာကြာပြီ။ အခုမှ ဈေးပြန်ကောင်းလာတာပါ။

ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။

    ယခုဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားနေကြသည့် ခရမ်းချဥ်းသီးများမှာ သြဂုတ်လဒုတိယပတ်က စိုက်ပျိုးထုတ်လုပ်ခဲ့သော ခရမ်းချဥ်းသီးများဖြစ်ပြီး၊ ခရမ်းချဥ်သီးစိုက်ပျိုးပါက စတင်ပျိုးထောင် စိုက်ပျိုးပြီး ၈၅ ရက်မှ ရက်ပေါင်း ၉၀ အတွင်းတွင် ဂွသီး(အပင် ဂွဆုံရှိ အသီး)များကို စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။

1
Thura Kyaw

Thura Kyaw

လွန်ခဲ့သော ၄ နှစ် က

ပြည်တွင်း စျေးကွက် ကျတက် တယ် ပြည်ပစျေးကွက်မတက်လို့ကတော့ စျေးကောင်းရလည်း ဒုံရင်းပါပဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 1 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ

ဟံ • ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။