အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆေးဖက်ဝင်သည် မုန်ညင်းဆီ

ဆေးဖက်ဝင်သည် မုန်ညင်းဆီ

Green Way
Green Way • Greenovator • 19/09/2019

   မုန်ညင်းဖြူဟာဆိုရင် မြန်မာနိုင်ငံအနှံ့အပြားမှာ ဟင်းသီးဟင်းရွက်အဖြစ် စိုက်ပျိုးကြပါတယ်။ အထူးသဖြင့် အေးမြတဲ့ရာသီဥတုရှိတဲ့ အရပ်မှာဆိုရင် ပိုမိုဖြစ်ထွန်းပါတယ်။ မြန်မာဆေးကျန်းများအလိုရ မုန်ညင်းသည် စပ်ခါးသောအရသာရှိ၍ ပူသောသတ္တိရှိပါတယ်။ ဝမ်းမီးကိုတောက်စေပြီး သလိပ်တို့ကို ငြိမ်းစေတယ်။ သွေးအန်၊ သွေးကျ၊ နူနာ၊ ယားယံခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

အသုံပြုပုံ - 

အစေ့ - မုန်ညင်းစေ့ကို ကွမ်းစားဂမုန်းနှင့် သွေးပြီးလိမ်းသော် အဆစ်ရောင်ခြင်းပျောက်ကင်းစေပါတယ်။

အဆီ - မုန်ညင်းဆီအနည်းငယ်ကို အအေးလွန်၍ကိုက်သော နားအနာကို ခတ်ပေးပါက ပျောက်ကင်းစေပါတယ်။

- မုန်ညင်းဆီ၊ မရိုးရွက်ရည်၊ နနွင်းတက် ၎င်းသုံးမျိုးကို ရောချက်၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ၊ ယားနာများကို လူးပေးပါက ပျောက်ကင်းစေပါသည်။

- မုန်ညင်းဆီကို ပရုတ်နှင့်ချက်၍ ကလေးများဗိုက်နာခြင်း၊ အဆုတ်အအေးမိခြင်း၊ နှာစေးချောင်းဆိုးခြင်းများအတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

- ဘေလုံးရောဂါ၊ သွေးဖျဉ်းရောဂါ၊ မြင်းသရိုက်ရောဂါ၊ လေထိုးလေအောင့်ရောဂါများအတွက် မုန်ညင်းဆီကို အနည်းငယ်သောက်ပေးခြင်း၊ ရောဂါဖြစ်ရာနေရာတွင် ပွတ်၍လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။

- ထိပ်ကပ်နာရှိသူများ၊ ညအိပ်ရာဝင်ချိန် နှာခေါင်းတွင်းသို့ မုန်ညင်းဆီ အနည်းငယ်ထည့်ကာ ပျောက်စေပါတယ်။

- ကလေးများ မက္ခရုနာပေါက်လျှင် မုန်ညင်းဆီဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရုများ ကြွေကျပျောက်ကင်းကုန်သည်။

- ဇာက်ကြောတက်၊ မျက်ရိုးကိုက်သည့်နေရာများတွင် မုန်ညင်းဆီ လိမ်းပေးကလည်း ပျောက်ကင်းပါသည်။

- အထုံအကျဉ်၊ အချိအနဲ့၊ အကြောဆွဲ၊ လက်ကပ်ခြေကပ်ဖြစ်လျှင် မုန်ညင်းဆီတစ်ဆ၊ နှမ်းဆီတစ်ဆကို တောင်ဆိတ်ဆီ သို့မဟုတ် တောဆိတ်ဆီနှင့်ဖျော်၍ ပွတ်လိမ်းပေးပါက ပျောက်ကင်းစေပါတယ်။

- လည်ပင်းကြီးရောဂါအတွက် မုန်ညင်းဆီတစ်ဆ၊ နှမ်းဆီတစ်ဆကို စပါးကြီးသည်းခြေနှင့်ဖျော်၍ လည်းပင်းတွင် စုတ်နှင့်ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီးကို အခြောက်လှန်းသွေးလိမ်းပါက ပျောက်ကင်းစေပါတယ်။

- လူကောင်းများ ကိုယ်တွင်လိမ်း၍ အိပ်ပါက ဝဲနာ၊ ယားနာ၊ နူနာ၊ လေနာများမှ ကင်းဝေးစေပါတယ်။

မြန်မာ့ဆေးဝါးပင်များ

ဒေါက်တာလက်တွယ်မူ

ဒေါက်တာလက်တွယ်မူ

လွန်ခဲ့သော ၄ နှစ် က

အင်မတန်အသုံးဝင်ပါသည်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။