ပဲပင်ပေါက်ကို အိမ်မှာ ဘယ်လိုဖောက်ကြမလဲ

20/12/2017 10:36 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပဲပင်ပေါက်ဆိုတာ အာရှနိုင်ငံအများစုမှာ စားလေ့ရှိတဲ့ ကြွပ်ကြွပ်ဆတ်ဆတ်ရှိပြီး ကျန်းမာရေးအတွက် သင့်တော်လှတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါတယ်။ သူတို့ကို အိမ်တွင်းမှာပဲ အလွယ်တကူနဲ့ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ပါတယ်။ ပဲပင်ပေါက် ဖောက်တာက ကိုယ်တိုင်စိုက်ပျိုးစားသောက်ဖို့ စိတ်ဝင်စားတဲ့ သူတွေအတွက် စိတ်ကူးကောင်း တစ်ခုဖြစ်ပြီး ကလေးတွေအတွက်လည်း သူတို့ကိုယ်တိုင် အပင်လေးတွေ ဘယ်လိုပေါက်လာသလဲဆိုတာ လေ့လာလို့ရမယ့် ပျော်စရာ အစီအစဉ်လေးတစ်ခုလည်း ဖြစ်ပါတယ်။

 

Grow Bean Sprouts Indoors Step 1.jpg

Grow Bean Sprouts Indoors Step 1.jpg

၁။ အစေ့ သေးတဲ့ ပဲမျိုးကို ရွေးပါ 

ပဲအမျိုးအစား အားလုံးနီးပါးက အပင်ဖောက်လို့ရပါတယ်။ ဒါပေမယ့် အစေ့သေးတဲ့ ပဲအမျိုးအစားကတော့ ကျန်းမာရေးအတွက် သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ အစေ့ကြီးတဲ့ မျိုးတွေမှာ ဆိုရင်တော့ စိုစွတ်မှု အချိန်ကြာလာတာနဲ့ အမျှ မှိုတက်ဖို့ အလားအလာများပါတယ်။

- ပဲတီစိမ်းက အညှောင့်ဖောက်ဖို့အတွက် အသုံးအများဆုံး ပဲမျိုးဖြစ်ပါတယ်။

- အခြား အစေ့သေးတဲ့ ပဲမျိုးတွေလည်း အသုံးပြုနိုင်ပါတယ်။

Grow Bean Sprouts Indoors Step 2.jpg

Grow Bean Sprouts Indoors Step 2.jpg

၂။ ခြောက်သွေ့သော ပဲစေ့နဲ့ စပါ။

လတ်လတ်ဆက်ဆက် ရိတ်သိမ်းပြီးစ မျိုးစေ့တွေက မြန်မြန်ပျက်စီးနိုင်ပါတယ်။ အခြောက်ခံထားတဲံ မျိုးစေ့တွေက မြန်မြန်အပင်ပေါက်ပြီး ရက်လွန်နေတဲ့ အစေ့တွေ မဖြစ်ဖို့တော့ လိုပါတယ်။ 

Grow Bean Sprouts Indoors Step 3.jpg

Grow Bean Sprouts Indoors Step 3.jpg

၃။ အသုံးပြုမယ့် အစေ့တွေက ရောဂါပိုးကင်းမကင်း သေချာအောင် လုပ်ရပါမယ်။

ရောဂါပိုးတွေကပ်ပါလာရင် လိုချင်တဲ့ ပဲပင်ပေါက်မရဘဲ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ပဲစေ့က အကောင်းဆုံးပါပဲ။ 

ပုလင်းထဲမှာ ဖောက်ခြင်း

Grow Bean Sprouts Indoors Step 4.jpg

Grow Bean Sprouts Indoors Step 4.jpg

၁။ ဖန်ပုလင်းကို ဆေးကြော သန့်ရှင်းပါ။

 ဖန်ပုလင်းကတော့ အိမ်မှာလည်း ရှိနိုင်သလို ဆိုင်ကနေလည်း အလွယ်တကူ ဝယ်လို့ရပါတယ်။ ပုလင်းကို ရေနွေး၊ ဆပ်ပြာတို့နဲ့ သေသေချာချာ ဆေးကြောပါ။ 

Grow Bean Sprouts Indoors Step 5.jpg

Grow Bean Sprouts Indoors Step 5.jpg

၂။ ပဲစေ့တွေကိုလည်း ရေဆေးပေးပါ။

 ပဲစေ့တွေကို ဇကာထဲထည့်ပြီး ရေအေးအေးနဲ့ လောင်းချပေးပါ။ 

Grow Bean Sprouts Indoors Step 6.jpg

Grow Bean Sprouts Indoors Step 6.jpg

၃။ ပုလင်းရဲ့ ၅ ပုံ ၁ ပုံ ထိ ပဲစေ့ထည့်ပေးပါ။

 အကောင်းဆုံးကတော့ အစေ့နည်းနည်းထည့်ပေးတာပါပဲ။ ပဲစေ့တွေ အများကြီးထည့်လိုက်မယ်ဆိုရင်တော့ အပင်ပေါက်တွေက အရမ်းကြပ်လာပြီး မှိုနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားပေးသလိုဖြစ်လာပါလိမ့်မယ်။

Grow Bean Sprouts Indoors Step 7.jpg

Grow Bean Sprouts Indoors Step 7.jpg

၄။ ရိုးရိုးရေကို ပုလင်းထဲ လောင်းထည့်ပေးပါ။

 ပုလင်းထဲ ရေပြည့်သွားတဲ့အထိ လောင်းထည့်ပါ။ ပြီးနောက် ပုလင်းကို ပုံမှာ ပြထားတဲ့အတိုင်း ပိုက်ကွက်စနဲ့ အုပ်ပေးပါ။ 

Grow Bean Sprouts Indoors Step 8.jpg

Grow Bean Sprouts Indoors Step 8.jpg

၅။ အခြား တစ်နည်းအားဖြင့် ပုလင်းကို ချည်သား အဝတ်စနဲ့ ပိတ်ထားပါ။

 သေချာ မြဲမြန်စေရန်အတွက် အဝတ်စအုပ်ပြီး သရေကွင်းဖြင့် စည်းထားပါ။ ချည်သားစက လေလုံအောင် ပိတ်မထားပေမယ့် မှိုတွေ ဝင်ရောက်မှုကို တားနိုင်ပါတယ်။ လေလုံစေမယ့် ပုလင်းအဖုံးတွေနဲ့ မပိတ်လိုက်ပါနဲ့။ 

Grow Bean Sprouts Indoors Step 9.jpg

Grow Bean Sprouts Indoors Step 9.jpg

၆။ ပုလင်းကို နေရောင် တိုက်ရိုက်မကျသော နေရာတွင်ထားပါ။

 နေရောင်တိုက်ရိုက်မကျသော နေရာတွင် ပဲစေ့များကို ၈ နာရီမှ ၁၀ နာရီကြာအောင် ရေစိမ်ထားပါ။ 

Grow Bean Sprouts Indoors Step 10.jpg

Grow Bean Sprouts Indoors Step 10.jpg

၇။ ဇကာစ သို့မဟုတ် အဝတ်စကို မဖယ်ပဲ ရေသွင်ထုတ်ပါ။

 ရေသွင်ထုတ်ပြီးနောက် အဖုံကို ဖွင့်ပြီး ရေလောင်းထည့်ပေးပါ။ ထို့နောက် ပုလင်းကို လှုပ်မွှေပါ။ အဝတ်စ ပြန်ပိတ်ပြီး ရေကို ပြန်သွန်ထုတ်ပါ။

Grow Bean Sprouts Indoors Step 11.jpg

Grow Bean Sprouts Indoors Step 11.jpg

၈။ အဖုံးအုပ်ထားသော ပုလင်းကို နွေးပြီး နေရောင်တိုက်ရိုက်မကျသော နေရာတွင် ထားပါ။

မှောင်နေသော ကြောင်အိမ် စသည့်နေရာတို့တွင် အကောင်းဆုံးဖြစ်ပါတယ်။ ပဲစေ့များကို အထက်ပါ အဆင့်အတိုင်း ရေ တစ်ရက် နှစ်ကြိမ် ဆေးပေးပါ။ ရေဆေးပေးခြင်းအားဖြင့် ပဲစေ့များကို သန့်ရှင်းပြီး စိုစွတ်နေစေမှာ ဖြစ်ပါတယ်။

 

Grow Bean Sprouts Indoors Step 12.jpg

Grow Bean Sprouts Indoors Step 12.jpg

၉။ ရက်အနည်းငယ်ကြာအောင် ပဲပင်ပေါက်လာမှုကို စောင့်ကြည့်ပါ။

ပဲစေ့တွေက ၂ ရက်မှ ၃ရက်အတွင်း အပင်ပေါက်လာပြီး ၄ ရက် မှ ၅ ရက်အတွင်း စားသုံးနိုင်မယ့် အကောင်းဆုံးအနေအထားသို့ ရောက်ရှိပါတယ်။

Grow Bean Sprouts Indoors Step 13.jpg

ါကGrow Bean Sprouts Indoors Step 13.jpg

၁၀။ ပဲပင်ပေါက်များ အရှည် ၁ လက်မ မှ ၃ လက်မအတွင်း ရောက်ရှိလာပါက ပုလင်းထဲမှ ထုတ်နိုင်ပါပြီ။ 

ပဲပင်ပေါက်များကို ပုလင်းထဲမှ ထုတ်ပြီး ရေဆေးပါ။ ပြီးနောက် ရေများကို ဇာကာဖြင့် ၈ နာရီခန့် စစ်ထားပါ။ အခုဆို ပဲပင်ပေါက်ကို အိမ်မှာပဲ ကိုယ်တိုင် ဖောက်စားလို့ရပါပြီ။

 ကိုးကား wikiHow

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်