Happy Fish ဖြစ်ပေါ်လာပုံ (ကြော်ငြာဆောင်းပါး)
‘Happy Fish’ သည် ကျန်းမာရေးနှင့်ညီညွတ်သော ငါးနှင့် ပတ်သက်သည့် စားသောက်ကုန်များကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် လုပ်ငန်းဖြစ်သည်။
ငါးနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများဆောင်ရွက်သည့် ငွေကြေးအမြတ်အစွန်းကို ဦးတည်မှုမရှိသော နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် WorldFishနှင့် မြန်မာနိုင်ငံအတွင်း အစားအစာဖူလုံလောက်ငှစေရေးအတွက် အာဟာရပြည့်ဝသည့် အစားအစာများကို ထုတ်လုပ်ရောင်းချပေးလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည့် FedWell Foods တို့နှင့်အတူ လက်တွဲပြီး ထုတ်လုပ်သော ပြည်တွင်းစားသောက်ကုန်တစ်ခု ဖြစ်ပါသည်။ ‘Happy Fish’ ငါးအသားမှုန့်ဆိုတာ အာဟာရဓာတ်ကြွယ်ဝတဲ့ သေးငယ်တဲ့ငါးတွေကို အခြောက်ခံပြီး အမှုန့်ကျိတ်ထားတဲ့ ငါးအသားမှုန့်တစ်မျိုး ဖြစ်ပါတယ်။
ဓာတုဆေးနဲ့ တာရှည်ခံပစ္စည်းတွေ လုံးဝမပါဝင်တဲ့ organic စစ်စစ်ဖြစ်တာမို့ မိသားစု ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။ အခြောက်ခံထားပြီးသား ငါးများကို အသုံးပြုထားတဲ့အတွက်ကြောင့် ချက်ပြုတ်ရာမှာလည်း အချိန်ကြာကြာချက်ဖို့ မလိုဘဲ အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်တယ်လေ။
သင့်မိသားစုအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရကြွယ်ဝတဲ့ ဟင်းလျာတွေကို ‘Happy Fish’ နဲ့အတူ ဖန်တီးကြပါစို့💚
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်