ဒန့်သလွန်သီးကို ပြည်ပနိုင်ငံများမှ ဝယ်ယူရန်ကမ်းလှမ်းထား

29/04/2019 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ဒန့်သလွန်သီးကို ပြည်ပနိုင်ငံများမှာ ဝယ်ယူရန်ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့မှ သိရပါတယ်။

ဒန့်သလွန်သီးကို ပြည်ပနိုင်ငံအချို့မှ ဝယ်ယူရန်ကမ်းလှမ်းမှုများရှိနေတာကြောင့် တင်ပို့နိုင်ရန် အစုအဖွဲ့အနေနဲ့ စီစဉ်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ မှ ဥက္ကဌ ဦးမြင့်ကိုကပြောပါတယ်။

“ ပြည်ပနိုင်ငံတွေက မြန်မာ့ဒန့်သလွန်သီးကို ကမ်းလှမ်းတာတွေရှိပါတယ်။ အဲဒီအတွက် တင်ပို့နိုင်ဖို့  ဒန့်သလွန်အစုအဖွဲ့ကနေပြီးတော့ စီစဉ်လုပ်ဆောင်နေပါတယ်။ သူတို့မှာသလောက်ကို ဒီနှစ်မှာတော့ တင်ပို့ဖို့ မပြည့်မှီနိုင်သေးပါဘူး။ နောင်နှစ်မှာတော့ တင်ပို့နိုင်အောင်ဆောင်ရွက်သွားမှာပါ”

မြန်မာ့ဒန့်သလွန်သီးကိုဝယ်ယူနိုင်ရန် ကမ်းလှမ်းထားတဲ့နိုင်ငံများမှာ ဂျပန်  ၊ စင်ကာပူ ၊ မလေးရှား နဲ့ တရုတ်နိုင်ငံများက ကမ်းလှမ်းထားကြောင်း အဆိုပါအစုအဖွဲ့မှသိရပါတယ်။ 

ဒန့်သလွန်ပင်ကို အပူပိုင်းဒေသမှာအများဆုံးစိုက်ပျိုး ထွက်ရှိပြီး တိုင်း ၊ ပြည်နယ်ဒေသအနှံ့အပြားမှာ စိုက်ပျိုးနေကြောင်း မြန်မာနိုင်ငံဒန့်သလွန် သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစု အဖွဲ့မှ သိရပါတယ်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်