အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခရမ်းကစော့သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ခရမ်းကစော့သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

Green Way
Green Way • 28/01/2021

   ခရမ်းကစော့သီးက မြန်မာဟင်းလျာထဲမှာဆိုရင် အတို့အမြုပ်အနေနဲ့စားသုံးကြပါတယ်။ မီးကင်ပြီးဘဲစားစား၊ ပြုတ်ပြီးဘဲစားစား၊ ခရမ်းချဉ်သီးနဲ့ဘဲချက်စားစား စားလိုက်တိုင်း ကျွတ်ကျွတ်လေးနဲ့စားလို့ကောင်းပါတာကို စားဖူးသူတိုင်းသိပါတယ်။ အခုလိုစားလို့ကောင်းတဲ့အသီးလေးမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိနေပါသေးတယ်။

ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့-

၁။ ကင်ဆာကာကွယ်ပေးတယ်

ခရမ်းကစော့သီးက ကင်ဆာကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေမပွားစေဖို့လည်း အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့အသုံးပြုခဲ့ကြပါတယ်။

၂။ အကိုက်အခဲသက်သာစေတယ်

ခရမ်းကစော့သီးတွေကနာကျင်မှုကိုသက်သာစေပါတယ်။ အသီးမှာပါတဲ့ဓာတ်တစ်မျိုးကနာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။

၃။ ရောင်ရမ်းမှုကိုသက်သာစေနိုင်တယ်

လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာအနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်းခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့်နာပြီးရောင်တာကိုလည်းသက်သာစေပါတယ်။

၄။ အဖျားကျစေနိုင်တယ်

ခရမ်းကစော့သီးကိုစားသုံးပေးတာက ကိုယ်ခံအားကောင်းစေနိုင်ပြီး ဖျားနာမှုကင်းစေနိုင်ပါတယ်။ ရေစင်အောင်ဆေးထားတဲ့ခရမ်းကစော့သီးပြုတ်ရည်ကိုသောက်ပေးတာကလည်း အဖျားကျစေဖို့အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

၅။ ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တယ်

ခရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ရောဂါပိုးတွေ အန္တရာယ်ကနေကာကွယ်ဖို့စားသုံးပေးလို့ရပါတယ်။

၆။ ရေယုန်သက်သာစေနိုင်တယ်

ခရမ်းကစော့သီးမှာ ရေယုန်ကိုသက်သာစေနိုင်ပြီး မဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။

၇။ သန်ကျစေနိုင်တယ်

ခရမ်းကစော့သီးကသဘာဝသန်ကျဆေးတစ်မျိုးပါ။ သန်ထမှာဆိုးတယ်။ သန်ချဆေးလည်းမသောက်ချင်ဘူးဆိုရင်တော့ ခရမ်းကစော့သီးလေးကိုစားပေးနိုင်ပါတယ်။

၈။ အမြင်အာရုံကောင်းစေတယ်

ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်နဲ့ပုံမှန်ကြော်စားပေးတာက အမြင်အာရုံကိုကျန်းမာစေနိုင်ပါတယ်။

သတိပြုရမည့်အချက်

သင့်တော်တဲ့ပမာဏကိုချင့်ချိန်ပြီးစားပေးသင့်ပါတယ်။ လိုတာထက်ပိုစားမိမယ်ဆို မလိုလားအပ်တဲ့ပြသနာတွေဖြစ်လာနိုင်ပါတယ်။

ထက်ယမင်းဦး

Refrence; https://drhealthbenefits.com/food-bevarages/fruits/health-benefits-of-solanum-nigrum

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ကာဖီပျိုးပင်များ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။