ငါးကလေးများစားသုံးခြင်းကြောင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ
- ဒေသဈေးများတွင် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူရရှိနိုင်ခြင်း။
- ငါးကလေးများအား အသင့်အတင့်စားပေးရုံဖြင့် အာဟာရဓာတ်များ အများအပြားရရှိနိုင်ခြင်း။
- ငါးကလေးများသည် ငါးအစို၊ ငါးအခြောက်၊ ငါးချဉ်၊ ငါးပိစသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်စားသုံးနိုင်သော တန်ဖိုးနည်းအာဟာရမြင့် အစာဖြစ်ခြင်း။
- ပမာဏနည်းနည်းချင်းလည်း ဝယ်ယူနိုင်ခြင်း။
- အခြားဟင်းသီးဟင်းရွက်များနှင့် ရောနှောချက်ပြုတ်စားသုံးနိုင်ခြင်းကြောင့် အိမ်သားများ အားလုံး မျှဝေ စားသုံးနိုင်ခြင်း။
အာဟာရချို့တဲ့ရခြင်း၏ အကျိုးဆက်များ
- ဉာဏ်ရည်မမီခြင်းနှင့် ခန္ဓာကိုယ်မဖွံ့ဖြိုးခြင်းများကို ဖြစ်စေပြီးကြီးပြင်းလာသည့်အခါ ကုန်ထုတ်လုပ်မှု စီးပွားရေးတိုးတက်မှုများကို ထိခိုက်စေနိုင်ပါသည်။
- သွေးအားနည်းရောဂါကိုဖြစ်ပွားစေခြင်း
- သွေးအားနည်းရောဂါကြောင့် မိခင်သေဆုံးခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်းနှင့် ပေါင်မပြည့်ဘဲ မွေးဖွားခြင်း တို့ကို ဖြစ်ပေါ်စေသည်။
ဘာကြောင့် ငါးအကြောင်း အဓိကထားပြောနေရပါသလဲ?
ငါးသည် အရည်အသွေးမြင့် တိရစ္ဆာန်ထွက် ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်ပြီး ၎င်းပရိုတင်းဓာတ်ကို ကျွန်ုပ်တို့ ခန္ဓာကိုယ်မှအလွယ်တကူစုပ်ယူနိုင်ပါသည်။
ငါးသည် အခြားအစားအစာမှ အာဟာရဓာတ်များစုပ်ယူနိုင်မှုကိုလည်း ကူညီပေးသည်။
ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ ကြီးထွားနှုန်းနှင့် ကျန်းမာ သန်စွမ်းနိုင်ရန် မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များကို ငါးငယ်လေးများအား အရိုး၊ ခေါင်းအပါ အဝင် တစ်ကောင်လုံးစားပေးခြင်းဖြင့် ရရှိနိုင်ပါသည်။
ငါးငယ်ကလေးများအား ဟင်းသီးဟင်းရွက်များ၊ အခြားသီးနှံများနှင့် ရောနှောချက်ပြုတ် စားသောက် ခြင်းဖြင့်လည်း ညီညွတ်မျှတသော အာဟာရကိုရရှိစေပါသည်။
အောက်ပါဆက်စပ်အကြောင်းအရာများကိုလည်း လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ကလေးငယ်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရပြည့် ငါးမှုန့်ပြုလုပ်နည်း
https://greenwaymyanmar.com/posts/fish_powder_making_for_baby_and_mother
ငါးအမှုန့်များမှရရှိနိုင်သည့် အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ
https://greenwaymyanmar.com/posts/advantages_of_fish_powder
“Fedwell” Dehydrated & Delicious မှထုတ်ဝေသော လက်ကမ်းစာစောင်မှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်