အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးအမှုန့်များမှရရှိနိုင်သည့် အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ

ငါးအမှုန့်များမှရရှိနိုင်သည့် အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ

Green Way
Green Way • 28/10/2022

အသက်အရွယ်အလိုက် ကျွေးနိုင်သည့်အစားအစာများ

(၆-၈) လ

ဆန်၊ အာလူး၊ ကြက်ဥ၊ ကြက်သား၊ ပဲ (ချေပြီး) ငါးမှုန့်အားရော၍ ကျွေးနိုင်ပါသည်။

(၉-၁၁) လ

ဆန်၊ အာလူး၊ ကြက်ဥ၊ ကြက်သား၊ ဝက်သား၊ ပဲများကို သေးသေးလှီးပြီး ငါးမှုန့်ဖြင့်ရော ကျွေးနိုင် ပါသည်။

(၁၂-၂၄) လ

ဆန်၊ အာလူး၊ ကြက်ဥ၊ ကြက်သား၊ ဝက်သားများကို ငါးမှုန့်နှင့်ရောပြီး ဒန့်ဒလွန်ရွက်၊ ဖရုံသီး၊ ငှက်ပျောသီး၊ သင်္ဘောသီးများကိုလည်းလှီးပြီး ရောကျွေးနိုင်ပါသည်။

ရွေးချယ်နိုင်သည့် ငါးအသေးလေးများ

(၁) ငါးဘဲဖြူ

(၂) ငါးသလဲထိုး

(၃) ငါးသံချိတ်

(၄) ငါးဖြူ၊ ငါးရေကြည်

(၅) ငါးဇင်ရိုင်း

ငါးအမှုန့်များမှရရှိနိုင်သည့် အာဟာရဓာတ်များ

·      ကယ်လ်ဆီယမ် (အရိုးအဆစ် ခိုင်မာစေခြင်း)

·      သံဓာတ် (သွေးအားကောင်းစေခြင်း)

·      သွပ်ဓာတ် (ကိုယ်ခံအားကောင်းစေခြင်း)

·      ဗီတာမင်အေ (မျက်စိအားကောင်းစေခြင်း)

·      ပရိုတင်းဓာတ် (ခိုင်ခန့်သန်မာစေခြင်း)

စားသောက်နည်းများ

(ငါးမှုန့်၊ ကြက်သွန်ဖြူ နီမှုန့်၊ ပဲမှုန့်အရော)

ငါးဆန်ပြုတ် (ဆန်၊ ငါးမှုန့်၊ ဟင်းသီးဟင်းရွက်၊ ငြုပ်ကောင်းမှုန့်၊ ပဲပုပ်ဆီ၊ ငါးမှုန့်)

ငါးငပိချက် ( ခရမ်းချဉ်သီး၊ ဆီ၊ ငါးမှုန့်)

ကန်စွန်းဥဆန်ပြုတ် (ဆန်၊ ကန်စွန်းဥ၊ ပဲပုပ်ဆီ၊ ငါးမှုန့်)

ငါးခေါက်ဆွဲပြုတ် (ငါးမှုန့်၊ ခေါက်ဆွဲ)

ဟင်းရွက်ဟင်းချိူ (ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ငါးမှုန့်)

ပဲဟင်းချို (ပဲဟင်း၊ ငါးမှုန့်)

သီးစုံဟင်း (ဟင်းသီးဟင်းရွက်စုံ၊ ငါးမှုန့်)

ငါးအမှုန့်၏ အကျိုးကျေးဇူးများ

- အထက်ပါ ဟင်းလျာများကို အချိန်နည်းနည်းနှင့် လွယ်ကူစွာ ချက်ပြုတ်နိုင်ခြင်း

-       ငါးမှုန့် နမူနာထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူမှုန့်များ ရောနှောထားခြင်းကြောင့် အနံ့ အရသာ ကောင်းမွန်ခြင်း

-       အသားဓာတ်နှင့် အခြားသတ္တုဓာတ်များစွာပါဝင်သည့်အပြင် ငါးမှုန့်ကြောင့် အခြားရောနှော ထားသော ပစ္စည်းမှ အာဟာရဓာတ်များကို လွယ်ကူစွာကိုယ်ခန္ဓာမှ စုပ်ယူရရှိနိုင်ခြင်း

-       ဓာတုပစ္စည်းများ ပါဝင်သည့် ဟင်းခတ်မှုန့်များနေရာတွင်လည်း အစားထိုးအသုံးပြုနိုင်ခြင်း

-       အဆိပ်အတောက်ကင်းခြင်း

 ငါးအမှုန့်ပြုလုပ်နည်းအကြောင်းကို သိရှိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/fish_powder_making_for_baby_and_mother

“Fedwell” Dehydrated & Delicious မှထုတ်ဝေသော လက်ကမ်းစာစောင်မှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။