ကညွတ်တစ်ပင်လုံးကို ဆေးအဖြစ်အသုံးချနည်း
မျိုးရင်း။ ။ Liliaceae (နှမ်းပန်းမျိုးရင်း)
ရုက္ခဗေဒအမည်။ ။ Aspragus officinalis Linn
အခေါ်အဝေါ်
မြန်မာအမည် ကညွတ်
အင်္ဂလိပ်အမည် Common Asparagus
မွန်အမည် Sani Kamat
ပုံသဏ္ဌာန်
အပင်
ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ ၁၀ပင်ထိမြင့်၏။ ကိုင်းဖြာ၏။ ပင်စည်လုံး အစိမ်းရောင်ရှိ၍ ချောမွေ့ပြီး ဖြောင့်မတ်သည်။ ပင်စည်ပေါ်တွင် အဝါရောင်ဆူးတောင့်ကြီးများရှိသည်။
အရွက်
အရွက်မြွာကလေးများ အလွန်သေးငယ်၍ အပ်ချောင်း ပုံသဏ္ဌာန်ရှိပြီး အနည်းငယ်ကွေးကောက်နေ၏ ၃ ရွက်စီစု၍ ရိုးတံပေါ်တွင် ရွက်လွှဲထွက်သည်။
အပွင့်
ငယ်၍ အဖြူရောင်ရှိပြီး မွေးကြိုင်သော အနံ့ရှိသည်။
အသီး
မှည့်သောအခါ အနီရောင်ရှိသည်။
အမြစ်
အပင်အောက်ခြေမြေကြီးထဲ၌ ဥကဲ့သို့သော အမြစ်များမြောက်များစွာစီတန်းနေသည်။

ပေါက်ရောက်သည့်ဒေသ
အထက်မြန်မာပြည်တွင် အတွေ့ရနည်းသည်။ မြန်မာနိုင်ငံ စွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသတွင် ပေါက်ရောက်သည်။ တောင်ပေါ်ဒေသနှင့် အေးသောအရပ်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက် ပေါက်ရောက်သော်လည်း စားသုံးရန်အတွက် စိုက်ပျိုးကြသည်။
စိုက်ပျိုးနည်းစနစ်
(၁) မျိုးစေ့ပျိုးထောင်ခြင်း
အစေ့မှပျိုးထောင်ပါက တစ်နှစ်ခန့် ပျိုးထောင်ရသည်။ အစေ့မှ အပင်ပေါက်ရန် ၂ပတ်မှ ၆ပတ်ကြာတတ်သဖြင့် ၃၀ ဒီဂရီစင်တီဂရိတ်ရှိသော ရေတွင် ၃-၄ မိနစ်ခန့်အကြာစိမ်ပြီး စိုက်ခြင်းဖြင့် ၄-၅ ရက်အတွင်း အပင်ပေါက်နိုင်သည်။ ပျိုးခင်းဘောင်များကို ၂-၃ ပေခွာပြုလုပ်၍ ဘောင်များပေါ်တွင် မျိုးစေ့ကို ၃-၄ လက်မခြားခွာပြီး ပျိုးကြဲသင့်သည်။
(၂) စိုက်ပျိုးခြင်း
မြေဆွေးဩဇာဓာတ်များသည့် မြေကို ထွန်ယက်ပြုပြင်ပြီး အကျယ်၃ပေ၊ အနက်၁ပေရှိ စိုက်မြောင်းများကို ၄ပေခွာ တူးဖော်၍ တစ်နှစ်ခန့်ရှိ ပျိုးပင်မှအမြစ်ကို မနာစေဘဲ မိုးဦးကျအချိန်တွင် စိုက်ပျိုးရမည်။
(၃) ပြုစုဂရုစိုက်ခြင်း
မြေဆွေးခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများကို မကြာမကြာ ပြုလုပ်ပေးရမည်။ ကညွတ်ရိုးကိုဖြူအောင်ပြုလုပ်ရာ၌ ဥတက်များပေါ်တွင် အညှောင့်များမထွက်မီ ထယ်ထိုးပြီး မြေဖို့ထားရသည်။
(၄) ရိတ်သိမ်းခြင်း
သက်နုကညွတ်ပင်များ ၂-၃နှစ်သား အရွယ်တွင် ကညွတ်အစို့ကို ၂ကြိမ် ၃ကြိမ်ခန့်သာ ဖြတ်ယူသင့်သည်။ ၃နှစ်သားကျော်လျှင်မူ တစ်နှစ်အတွင်း ၄-၅ ကြိမ်အထိဖြတ်ယူနိုင်သည်။
အသုံးပြုသည့် အစိတ်အပိုင်း
အမြစ်၊ အညွန့်
အာနိသင်
မြန်မာ့ဆေးကျမ်းများအလိုရ ချိုအေးသော အရသာရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏။ သလိပ်ကို ကြေစေ၍ သွေးခြေကိုနိုင်သည်။ သွေးလွန် သွေးအန်နာတို့ကိုပယ်၏။
အသုံးပြုပုံ
အရွက်၊ အပင်၊ အစို့၊ အမြစ်၊ အသီး အားလုံးလူတို့အား အကျိုးပြုသည်။ သို့သော် အစို့အမြစ်သည် အဓိကအသုံးကျသည်။
အမြစ်။ ။ အမြစ်ကို ချက်ပြုတ်စားသောက်၍လည်းကောင်း နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍ စားပါက အားကိုဖြစ်စေ၏။
ကညွတ်မြစ်အရည်ကို ပျားရည်၊ နွားနို့ရည်တို့နှင့် ရော၍သောက်ပါက ဆီးပူ၊ ဆီးအောင့်ခြင်း၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်း၏။
၎င်းမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူရော၍ သောက်ပါက ကြာရှည်စွာစွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း၏။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်။
အညွန့်
အညွန့်ကို စားသုံးခြင်းဖြင့် လေကိုကြေစေ၏။ အင်အားကို ဖြည့်တင်းစေ၏။ သွေးအားကောင်းစေ သဖြင့် သားဖွားပြီးမိခင်များ စားသုံးရန်အထူးသင့်လျော်သည်။
( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ကိုမောင်လှိုင်
လွန်ခဲ့သော ၄ နှစ် ကအချားရောဂါပျားလည်းသိလိုပါသည်
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ဆက်စပ်မေးခွန်းများ
ငွေပန်စိုက်ချင်လို့ဗျာ နေရာကျယ်တယ် သိချင်တာက ဘယ်အချိန်စိုက်ရလဲ ဘယ်လောက်ကြာရင်ငွေပေါ်လဲ ဘယ်လိုစိုက်ရလဲ ဘယ်အဟာရကျွေးရလဲ ရေဘယ်လို ပေးရလဲ သိချင်ပါတယ်
ကိုနိုင် • ဖြေကြားချက် 0 ခု
ပေါ်ဆန်းစပါးပါဗျအသက်ကတော့2လခွဲ။ရှိပါပြီးဗျမြေဩဇာကတော့2လသားမှာ15ပတ်လဲတစ်အိပ်နဲ့N15 or K30တစ်အိပ်တော့ရောပက်ထားပါတယ်အကျယ်ကတော့4ဧကလောက်ရှိပါတယ် ဘာဖြစ်တာလဲဗျ
Sanay • ဖြေကြားချက် 0 ခု
ဆရာရေ မူလEMကိုဂတ်တက်လို့သိုထားဖို့ ရေစိမ်ထားလို့ရလားဗျ
wai phyo naing • ဖြေကြားချက် 0 ခု
Myo Min Htut • ဖြေကြားချက် 0 ခု
နွားသေး,နွားချေး ရောစပ်နည်းလေး မျှဝေပါ
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026