ဆောင်းရာသီစာတည်သီးနှင့် ကျန်းမာရေး
တည်သီးမှာ ရနံ့မွှေးမွှေးလေးနဲ့ အရသာချိုပြီး ဆောင်းဦးပေါက်မှာပေါ်တဲ့ ဆောင်းရာသီစာ ဆေးဖက်ဝင် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။
တည်သီးတွင် Vitamin-A , Beta- carotene , Lutein , Lycopene , Vitamin-b Complex , Copper စတဲ့ ဓာတ်တွေအပြင် အန်တီအောက်စီဒန့်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။
ထိုကဲ့သို့ အကျိုးပြုဓါတ်တွေများပြားလှတဲ့ တည်သီး၏ ကျန်းမာရေးကောင်းကျိုးများမှာ -
၁။ လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
တည်သီးမှာ လိပ်ခေါင်းကာကွယ်ပေးတဲ့ အာနိသင်ရှိပြီး လိပ်ခေါင်းကြောင့် စအိုမှ သွေးကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ ကာကွယ်ဖို့ရော၊ ကုသဖို့ပါ စားပေးသင့်ပါတယ်။
၂။ အစာခြေစနစ်ကို ကျန်းမာစေတယ်
အမျှင်ဓာတ်ကြွယ်ဝမှုက အစာခြေစနစ်ကို အထောက်အကူပြုပေးပါတယ်။ အူနံရံတွေကို အာဟာရစုပ်ယူမှုကောင်းစေသလို ဝမ်းမှန်စေနိုင်ပါတယ်။ အူမကြီးကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပြီး ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
၃။ ဆီးချိုအတွက်ကောင်းတယ်
တည်သီးက ချိုတယ်ဆိုပေမယ့် ဆီးချိုရှိသူတွေနဲ့ သင့်တော်ပါတယ်။ အဆာခံနိုင်စေပြီး သွေးတွင်းသကြားဓာတ်မတက်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
၄။ သွေးတိုးသက်သာစေတယ်
ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးတာက သွေးတိုးဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းပါ။ တည်သီးမှာတော့ ဆိုဒီယမ်ပါဝင်မှုနည်းသလို ပိုတက်ဆီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။
၅။ ကိုယ်ခံအားကောင်းစေတယ်
ဗီတာမင်-စီ ပါဝင်မှုက ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးပါတယ်။ အအေးမိဖျားနာ၊ တုပ်ကွေး စတာတွေကနေကာကွယ်ဖို့ဖြစ်ဖြစ် ပန်းနာရင်ကြပ်၊ တီဘီတို့လိုမျိုး ရောဂါတွေကို ခုခံတိုက်ထုတ်ဖို့ပဲဖြစ်ဖြစ် တည်သီးကို စားလို့ရပါတယ်။
၆။ ကင်ဆာသက်သာစေတယ်
ကင်ဆာဝေဒနာခံစားနေရသူတွေအနေနဲ့လည်း ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့နဲ့ ထပ်ပွားမလာစေဖို့အတွက် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ တည်သီးကို စားပေးလို့ရပါတယ်။ ကင်ဆာကာကွယ်ဖို့လည်း စားပေးလို့ရပါတယ်။
၇။ အမြင်အာရုံကောင်းစေတယ်
ဗီတာမင်-အေ ကြွယ်ဝစွာပါဝင်နေတဲ့ တည်သီးက အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
၈။ သွေးအားကောင်းစေတယ်
ကော့ပါးပါဝင်နေတာကြောင့် သံဓာတ်စုပ်ယူမှု အားကောင်းစေပြီး သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
၉။ ကြို့ထိုးတာကို သက်သာစေနိုင်ပါတယ်
ကြို့ထိုးသက်သာချင်သူတွေအနေနဲ့လည်း တည်သီးစားပေးလို့ရပါတယ်။
၁၀။ အသည်းကျန်းမာစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝနေတာကြောင့် ကိုယ်တွင်းကအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး ဆဲလ်တွေထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသည်းကိုထိခိုက်စေတဲ့ အဆိပ်အတောက်တွေကိုလည်း အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
၁၁။ ကိုယ်တွင်းက ပိုလျှံနေတဲ့ရေတွေကို ဖယ်ရှားပေးနိုင်ပါတယ်
တည်သီးက ဆီးရွှင်စေနိုင်ပြီး ကျောက်ကပ်မှာပိုနေတဲ့အရည်တွေနဲ့ အရေပြားအောက်မှာ ခိုအောင်းနေတဲ့ ရေပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပိုလျှံနေတဲ့ရေတွေကိုသာ ဆီးကနေတဆင့် ဖယ်ရှားပေးတာဖြစ်ပြီး ကိုယ်တွင်းကသတ္တုဓာတ်တွေကို လျော့ကျစေတာမျိုးတော့ မရှိပါဘူး။
၁၂။ အင်အားပြည့်စေတယ်
ပိုတက်ဆီယမ်နဲ့ သကြားဓာတ်ပါဝင်နေမှုက ခန္ဓာကိုယ်ကိုအကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးအနေဖြင့်-
- ဆိုဒီယမ်ဓာတ်နည်းလို့ သွေးပေါင်ကိုကျစေပါတယ်။ ဒါ့ကြောင့် သွေးပေါင်ကျနေချိန် တည်သီးကို ရှောင်သင့်ပါတယ်။
- တည်သီးမှာ ဖရူးတို့စ်ဓာတ်များပါဝင်ပါတယ်။ တည်သီးကို အလွန်အကျွံစားခြင်းဖြင့် အသည်းအဆီဖုံးခြင်းဖြစ်နိုင်လို့ ချင့်ချိန်ပြီး စားသင့်ပါတယ်။
သတိပြုရန်အနေဖြင့်
- တည်သီးကို ၃ နှစ်အောက်ကလေးများကို မကျွေးသင့်ပါ။ ကလေးအစာအိမ်မှာ ကျောက်တည်စေနိုင်လို့ ဖြစ်ပါတယ်။
- ရာသီဥတုအခြေအနေနဲ့ မကိုက်ညီပါက ကလေးအသက်ရှူမဝဖြစ်ကာ (ကိုယ်ခံအားမကောင်းချိန်) တွင် သတိလစ်ခြင်း၊ သတိပြန်လည်မလာခြင်းများဖြစ်ပွားကာ အသက်ဆုံးရှုံးနိုင်ပါတယ်။
- ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ တည်သီးစားပြီးပါက နွားနို့၊ ကဏန်း၊ စိမ်းစားဥ၊ ပဲနို့၊ ပဲပြားတို့ကို စားပါက ဝမ်းတွင်းရှိကလီစာများ ပျက်စီးတတ်ကြောင်း ဖတ်မှတ်လေ့လာခဲ့ရဖူးပါတယ်။
ပင်လယ်ပြာ(ငါးဦးစီး)
မှီငြမ်း-ကျန်းမာရေးဗဟုသုတစာစောင်။
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ဆက်စပ်မေးခွန်းများ
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 0 ခု
အယ်နီညိုကြောင့်၂နှစ်သားရော်ဘာပင်ကို ဘာတွေပြင်ဆင်ဖို့လိုအပ်သလဲ ဆရာတို့
Balai Mon • ဖြေကြားချက် 0 ခု
ဂန္ဓမာ စူပါကျောက်စိမ်းမျိုးက တန်ဆောင်မုန်း နတ်တော်လမှာစပြီးစိုက်ရမှာလာ သို့ အဲဒီလမတိုင်မှီစိုက်ပျိုးရမှာလာ ပန်းသက်တမ်း ဘယ်လောက်ရှိလဲ မီးမထွန်းပဲစိုက်ချင်လိုပါ မီးထွန်းပီးစိုက်တာက သူ့ရာသီချိန်းမဟုတ်တဲ့အတွက် မီးထွန်းပေးရတာလာ တစ်နှစ်ပတ်လုံးစိုက်လို့ရပါသလာ ပြန်လည်ဖြေကြားပေးပါဉီးခင်ဗျာ🙏
bominthu • ဖြေကြားချက် 2 ခု
ဆရာမနက်ဖြန် ခရမ်းချဥ်သီးခူးရက်ဆိူတော့ ဆေးမဖျန်းရသေးဘူး မနက်ဖြန် ညနေလောက်မှ ဖျန်းရမှာဆရာ ဝယ်စားတဲ့သူတွေအန္တရာယ်ဖြစ်မှာစိုးလို့ အဲ့နေ့ထိတော့ရလောက်ပါသေးတယ်နော့ဆျာ သတိမထားမိတာဆရာ အပင်တော်တော်များများမှာ အဲ့အပင်လေးတွေ အဲ့ပုံစံလေးတွေ စဖြစ်နေပီ နောက်ထပ်လေ မန်ကိုဇက် ၂ ကြိမ် ဂရမ်း ၁ ကြိမ် ဒိုင်ဇီ ၁ကြိမ် ပုံမှန်ဝင်ထားပါရဲ့နဲ့ ဘက်တီးရီးယားမဟုတ်ပဲ အဲ့မှို ရောဂါက ဘာကြောင့်ဝင်ရတာလဲဆရာ အချိန်ရရင်ရှင်းပြပေးပါအူးဆရာ
U Yan • ဖြေကြားချက် 2 ခု
ဒူးရင်းပင်အတွက်ဘာမြေဩဇာသုံးးရမလည်းဗျာ
စိုးခန့်ကကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....