အများအားဖြင့် မိမိတို့မိသားစု၊ နီးစပ်ရာ သူငယ်ချင်း၊ ရွာသူရွာသားအချင်းချင်းထံမှ ချေးငွေနှင့်ပက်သက်သော သတင်းအချက်အလက်များကို ရယူလေ့ရှိကြပါသည်။ တိကျမှန်ကန်တဲ့သတင်းအချက်အလက်မရရှိပါက နစ်နာဆုံးရှုံးမှုများစွာ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ မြို့နယ်စိုက်ပျိုးရေး ဌာနများနှင့် NGO အဖွဲ့အစည်းများမှ သက်ဆိုင်ရာ ကျေးရွာလူကြီးများထံသို့ အသိပညာပေးခြင်းဖြင့် ထိုသူများမှ တစ်ဆင့် ရွာသူရွာသားများ အားလုံးကို ပြန်လည် အသိပညာပေးသော စနစ်ကို အသုံးပြုလျက်ရှိနေပါတယ်။
စိုက်ခင်းရဲ့ ရေရှည် ဖြစ်ထွန်းနိုင်ချေကို ကြည့်ပြီး သင့်လျော်သော ပမာဏကိုသာ ချေးယူကာ နောက်ပိုင်း ပြန်လည်ပေးဆပ်နိုင်ဖို့ အတွက်ကိုပါ ကြိုတင်တွက်ချက် စီစဉ်ထားရပါမယ်။
ချေးငွေထုတ်ပေးနိုင်မယ့် ဘဏ်များရဲ့ လိုအပ်သော သတင်းအချက် အမှန်တွေကို ပေးနိုင်မယ့် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေး ဉီးစီးဌာနများ၊ မြန့်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နဲ့ အခြားသော NGO အဖွဲ့အစည်းများနဲ့ အတူပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်.....
‘စိုက်ပျိုးမွေးမြူရေး ဂဏ္ဍ တိုးတက်ဖို့ စနစ်ကျသော ချေးငွေ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်အမှန်ကို ရယူကြပါစို့...’
ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။
Download
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more