လက်ဖက်ရည်အချိုခြောက်ကို ဘယ်လိုထုတ်လဲ?

11/08/2021 11:00 AM တွင် မြန်မာနိုင်ငံ လက်ဖက်အသင်း မြန်မာနိုင်ငံ လက်ဖက်အသင်း မှ ရေးသား

Black Tea (အချို​ခြောက်)ကို ထုတ်လုပ်ရာတွင် Orthodox နှင့် CTC ဆိုပြီး ထုတ်လုပ်တဲ့ နည်းလမ်း ၂  မျိုးရှိပါတယ်… 

ဒါဆို ပထမဦးဆုံးအနေနဲ့ Orthodox ဆိုတာဘာလဲ? CTC ဆိုတာဘာလဲ? ဆိုတာ ခွဲခြားကြည့်လိုက်ရအောင်နော်. 

Orthodox နည်းက လက်ဖက်အညွှန့်ကို ဦးစားပေးပြီးထုတ်လုပ်ထားခြင်းဖြစ်ပြီး ရိုးရာနည်းဖြင့် ထုတ်လုပ်ထားသော အရည်အသွေးမြင့် Black Tea ထုတ်ကုန်ဟု သတ်မှတ်ပါတယ်။ ထုတ်လုပ်ရာတွင် လုပ်သားအင်အားများများဖြင့် ရှေးမူမပျက်ထုတ်လုပ်ရသောကြောင့် ဒီနည်းလမ်းဖြင့် ထုတ်လုပ်ထားသော အချိုခြောက်များသည် စျေးပိုကြီးလေ့ရှိပါသည်။ CTC (သို့) Crush, Tear & Curl နည်းလမ်းသည် စက်၏အကူအညီဖြင့် အရေအတွက်အမြောက်အမြားထုတ်လုပ်သည့် နည်းလမ်းဖြစ်သည်။ ထုတ်လုပ်ရာတွင် စက်ဖြင့်ထုတ်လုပ်သောကြောင့် ပိုမိုမြန်ဆန်ပြီး စျေးသင့်သည့် Black Tea(အချိုခြောက်) ဖြစ်ပါသည်။

Black Tea သမိုင်းကြောင်း

Orthodox ထုတ်လုပ်မှုသည် အင်္ဂလန်ဘုရင်မသောက်ဖို့အတွက် ၁၉၃၄ ခုနှစ်မှာ သုံးထပ်အဆောက်အဦးရှိတဲ့ BBCL စက်ရုံကို နမ့်ဆန်မြို့မှာ စတင်တည်ထောင်ခဲ့ပြီး Orthodox Black Tea ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်တွေနဲ့စစ်ဖြစ်တော့ သုံးထပ်ကနေ တစ်ထပ်ဖြစ်သွားပါတယ်။ Orthodox ကို မြန်မာရိုးရာအချိုခြောက်အနေနဲ့သိခဲ့ရာကနေ နောက်ပိုင်း CTC အချိုခြောက်ကို တရုတ်ကသွင်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး CTC စက်ကို India ကတင်သွင်းပြီး ပြည်တွင်းမှာတွင် CTC နည်းလမ်းဖြင့်ထုတ်လုပ်သော အချိုခြောက်ကို အရေအတွက်များများ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ယခုလက်ရှိအချိန်တွင်တော့ Orthodox နှင့် CTC အချိုခြောက်နှစ်ခုလုံးကို  လက်ဖက်ရည်ဆိုင်များမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပါတယ်။ 

ဒီနည်းလမ်းနှစ်ခုဖြင့် ထုတ်လုပ်တဲ့ Black Tea တွေရဲ့ ခြားနားချက်

Orthodox နှင့် CTC နည်းလမ်းဖြင့် ထုတ်လုပ်ထားတဲ့ လက်ဖက်ခြောက် ၂ မျိုးမှာ အမြင်၊ အနံ့နှင့် အရသာ ကွာခြားမှုရှိပါတယ်။ Orthodox က လက်ဖက်အညွှန့်လေးများအတိုင်း ပုံမပျက်စေရန် သေချာပြုလုပ်ထားသောကြောင့် အညွှန့်အချောင်းပုံရှိပြီး အနံ့မှာ လှော်သင်းနံ့ ပျားရည်နံ့မွှေးပြီး အရသာက ဖန်ချိုလေးဖြစ်ပါတယ်။ CTC နည်းလမ်းကတော့ လက်ဖက်ကို လျင်မြန်စွာ ထုတ်လုပ်နိုင်ရန်နှင့် တူညီသောအရသာရရှိရန် စက်ဖြင့် အရွက်များကို အပိုင်းပိုင်းလေးများဖြစ်အောင် ကြိတ်ခွဲထားသော​ကြောင့် အလုံးအမှုန့်ပုံရှိပြီး အနံ့က လတ်ဆတ်တဲ့ စိမ်းနံ့ရပြီး အရသာက ဖန်ခါးရပါတယ်။

အသုံးပြုပုံ

လက်ဖက်ရည်မှာ ကျရည်နှပ်အောင်တည်ပြီး ဖျော်ရာတွင် Orthodox အချိုခြောက်ကိုသုံးပြီး၊ အစိမ်းဖောက်ပြီး ဖျော်ရာတွင် CTC ကို သုံးပါတယ်။ ပုံမှန်ခြားနားချက်ရှိတာက အထက်မြန်မာပြည်မှာ နှပ်ရည်ကျတဲ့ဖျော်နည်းကို ပိုသုံးကြပြီး၊ အောက်မြန်မာပြည်က အစိမ်းဖောက်ဖျော်တာကို ပိုသုံးကြပါတယ်။ ဒါ့အပြင် ယခုခေတ်စားနေတဲ့ Taiwan Bubble Milk Tea (နို့လက်ဖက်ရည်) ကို ဖျော်စပ်ရာတွင်လည်း Black Tea ကို အသုံးပြုနိင်ပါတယ်။ ဖျော်စပ်ရာတွင် အဆင့်မြင့် အရည်အသွေးကောင်းကောင်းကို အသုံးပြုလိုလျှင် Orthodox အချိုခြောက်ကိုသုံးပြီး နှုန်းထားသက်သာတဲ့ဆိုင်ဆိုရင် CTC ကို အများစုက ရွေးချယ် အသုံးပြုပြီး ဖျော်စပ်ကြပါတယ်။ 

ဥရောပနိုင်ငံများမှာ Orthodox ကို ဈေးကြီးပေးပြီး ရေနွေးကြမ်းသောက်သလို တန်ဖိုးထားပြီး သောက်လေ့ရှိပါတယ်။ CTC အချိုခြောက်ကိုတော့ Tea Bags ဖြင့် ထုတ်လုပ်လေ့ရှိပြီး အများစုက နို့၊ သကြားအစရှိသည်ဖြင့် ထည့်သောက်ကြပါတယ်။

ဒါကတော့ Black Tea ထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းလမ်းနှစ်သွယ်ဖြစ်ပြီး နောင်အပတ်များမှာလည်း လက်ဖက်နှင့် ပတ်သက်သည့် ဗဟုသုတများကို အလျဉ်းသင့်သလို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Source - မြန်မာနိုင်ငံလက်ဖက်အသင်း

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်