ပိုက်ဆံသုံးတော့မယ်ဆိုရင် ရှေ့ရေးအတွက် ဘယ်လိုစုကြမလဲ

27/11/2018 14:17 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သုံးပြီးမှ စုခြင်း
????

စျေးဝယ်ပြီးမှ ကျန်တဲ့ပိုက်ဆံကို စုမယ်ဆိုရင် 

- ကိုယ်စုချင်တဲ့ ပမာဏကို မှန်မှန်စုဖြစ်တော့မှာ မဟုတ်တော့ပါဘူး။
- ကိုယ့်မှာ ကြိုတင်စုထားတဲ့ ပိုက်ဆံမရှိရင် အရေးပေါ်သုံးစရာ ငွေလိုလာတဲ့အခါ အခြားသူတွေဆီက ချေးရ၊ ငှားရ နဲ့ ဒုက္ခရောက်နိုင်ပါတယ်။ 

=======================================

မသုံးဘဲစုခြင်း
????

စျေးမဝယ်ဘဲနဲ့ ငွေအကုန်လုံးကို စုမယ်ဆိုရင်

- လက်တွေ့မှာ ငွေအကုန်လုံးကို စုဖို့ မဖြစ်နိုင်ပါဘူး။
- အိမ်မှာ ချက်ပြုတ်တာမျိုးမလုပ်ဘဲ အပြင်မှာ ဝယ်စားရတာနဲ့ ငွေအကုန်အကျပိုများမယ်။  မိသားစုတွေရဲ့ ကျန်းမာရေးထိခိုက်တာမျိုးအပြင် နောက်ဆက်တွဲ ပြဿာနာတွေလဲ ဖြစ်လာနိုင်ပါတယ်။

=======================================

စုပြီးမှ သုံးခြင်း
????
စုတဲ့ ပိုက်ဆံကို ဖယ်ပြီးမှ ကျန်တဲ့ ပိုက်ဆံနဲ့ စျေးဝယ်မယ်ဆိုရင်

- စုပြီး ကျန်တဲ့ ပိုက်ဆံနဲ့ စျေးဝယ်ပြီး  မိသားစုအတွက် ဖွယ်ဖွယ်ရာရာ ထမင်းပွဲလေးဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။
- မိသားစုရှေးရေးအတွက်လည်း ပိုက်ဆံစုပြီးသား ဖြစ်သွားမယ်။

=======================================

အနှစ်ချုပ်ကတော့ ပိုက်ဆံသုံးတော့မယ်ဆိုရင် ရှေ့ရေးအတွက်ကြိုတင်စုပြီးမှ သုံးသင့်ပါတယ်။
source - mango magazine

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်