ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အပိုင်း(၁)
ပဲမျိုးစုံသီးနှံများ တိုးချဲ့စိုက်ပျိုးရာတွင် ထုတ်လုပ်မှုတိုးတက်ရေးနှင့် အထွက်နှုန်းတိုးတက်စေရေးအတွက် လုပ်ဆောင်သိထားရမည့်အချက်များကို ဖော်ပြလိုပါတယ်။
စိုက်ဧရိယာတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက်...
အလင်းတုံပြန်မှု
ပဲမျိုးစုံသီးနှံအများစုသည် အလင်းရောင်တုံ့ပြန်မှု အနည်းအများရှိကြပါသည်။ လိုအပ်သော အလင်းတာထက်နည်းခြင်း၊ များခြင်းများဖြစ်ပေါ်လာပါက အထွက်နှုန်းကျဆင်းစေသည်။ ထို့ကြောင့် ဧရိယာတိုးချဲ့ခြင်းအတွက် သင့်တော်သည့်မျိုးများရွေးချယ်စိုက်ပျိုးရန်လိုအပ်ပေသည်။
အပူချိန်တုံ့ပြန်မှု
အချို့ပဲသီးနှံများမှာ အပူချိန်တုံ့ပြန်မှုရှိသည်။ သင့်တင့်မျှတသော ပတ်ဝန်းကျင်အပူချိန်မရရှိပါက အပင်ဖြစ်ထွန်းမှုနည်းသဖြင့် ဧရိယာတိုးချဲ့စိုက်ပျိုးရန် ကန့်သတ်ချက်ဖြစ်ပေါ်နိုင်သည်။ ပဲသီးနှံအမျိုးအစားအလိုက်လိုအပ်သော အပူချိန်ကို ရရှိအောင် စိုက်ပျိုးနိုင်ရန် လိုအပ်ပေသည်။
အစိုဓာတ်
ပဲသီးနှံများကို ပထမသီးနှံရိတ်သိမ်းပြီးချိန်တွင် မြေတွင်းလက်ကျန်အစိုဓာတ်ဖြင့် သီးထပ်သီးနှံအဖြစ် စိုက်ပျိုးလေ့ရှိသည်။ ထိုသို့စိုက်ပျိုးရာတွင် ပထမသီးနှံစိုက်ချိန်နောက်ကျခြင်း၊ သက်တမ်းရှည်ခြင်းကြောင့် အစိုဓာတ်မလုံလောက်ခြင်းများဖြစ်သည်။ ထို့ကြောင့် သီးထပ်စိုက်ပျိုးရန် အကန့်အသတ်ရှိသည်။
စက်ကိရိယာသုံးစွဲခြင်း
သီးထပ်စိုက်ပျိုးရာတွင် မြေဧရိယာနည်းသည့်တောင်သူများအနေဖြင့် ကျွဲနွားအင်အားဖြင့် မြေယာပြုပြင်စိုက်ပျိုးခြင်း၊ အချိန်မီရိတ်သိမ်းခြင်း ပြလုပ်နိုင်သော်လည်း လုပ်ပိုင်ခွင့်ဧရိယာများပြားသည့် တောင်သူများအတွက် ကျွဲနွားအင်အားဖြင့် အချိန်မီမြေယာပြုပြင်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းပြုလုပ်ရန်အခက်အခဲရှိသည်။ သို့ဖြစ်၍ ဧရိယာတိုးချဲ့စိုက်ပျိုးရေးအတွက် စက်ကိရိယာများ အသုံးပြုရန် မဖြစ်မနေလိုအပ်သည်။
သီးကြိုရေလိုက်စနစ်
သက်တမ်းရှည်သော ကောက်လတ်၊ ကောက်ကြီး စိုက်ပျိုးသည့်ဒေသများတွင် စပါးရိတ်သိမ်းပြီး ပဲစိုက်ပျိုးနိုင်ခြင်း နည်းပေသည်။ သီးကြိုရေလိုက်စနစ်ဖြင့်သာ စိုက်ပျိုးနိုင်သည်။ ဧရိယာတိုးချဲ့စိုက်ပျိုးရေးအတွက် ဤစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် လိုအပ်သည်။
ရေဝပ်မှုဒဏ်မခံနိုင်ခြင်း
ပဲမျိုးစုံသီးနှံများမှာ အပင်သက်တမ်းတစ်လျှောက်ရေဝပ်မှုဒဏ်ကို မခံနိုင်ပေ။ သို့ဖြစ်၍ မိုးရာသီတွင် မိုးများသောဒေသများအတွက် စိုက်ပျိုးရန်ခက်ခဲသည်။
နည်းပညာများကို အောင်ဝင်းထွဋ်၏ “မြေပဲနှင့် အခြားပဲမျိုးစုံစိုက်ပျိုးနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းစျေး သိချင်ပါတရ်
htoo • ဖြေကြားချက် 1 ခု
ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 2 ခု
sulfur ဖြန်းပီး နောက်တရက်နေရင် copper oxichloride ဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 3 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....