ဒေသထွက် အကျိုးပြု အဏုဇီဝမြေသြဇာ
အိုင်အီးအမ်သည် အပင်များကို ကျန်းမာသန်စွမ်းစေပြီး ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်ပေးပါသည်။ စွန့်ပစ်ပစ္စည်းများနှင့် အညစ်အကြေးများကို ပုပ်သိုးလွယ်စေသည့်အတွက် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ ပြုပြင်ပေးသော ဒေသအကျိုးပြုအဏုဇီဝ မြေသြဇာဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်များအတွက်လည်း အလွန်အကျိုးရှိပါ သည်။
ဒေသထွက် အကျိုးပြုအဏုဇီဝမြေသြဇာ (အိုင်အီးအမ်)
အိုင်အီးအမ်ဆိုသည်မှာ အကျိုးပြု အဏုဇီဝမြေသြဇာ၏ အတိုချုပ်ဖြစ်သည်။ အိုင်အီးအမ်ဖျော်ရည်သည် ဝါညိုရောင်ရှိပြီး နှစ်လိုဖွယ်ကောင်းသောအနံ့နှင့် ချိုချဉ်သော အရသာရှိသည်။ ယင်းဖျော်ရည်သည် အက်စစ် (ရေထက် အက်စစ်ဓာတ် ၃.၅ ဆ ပိုများ) ဓာတ်ဖြစ်သည်။
ဒေသထွက်နည်းပညာမှ ပေါက်ပွားလာသော အလွန်သေးငယ်သည့် ပိုးမွှားများကြောင့် အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများ အလွယ်တကူ ဆွေးမြေ့စေပါသည်။ အဏုဇီဝများသည် အလွန့်အလွန်သေးငယ်ပြီး သာမန်မျက်စိနှင့် မမြင်နိုင်ပါ။ ယင်းအဏုဇီဝပိုးမျာသည် သဘာဝဖြစ်သည့်နေရာတိုင်းတွင် တည်ရှိပါသည်။
အိုင်အီးအမ်၏ အကျိုးကျေးဇူးများ
မျိုးစေ့ကောင်းပြီး၊ အပင်ပေါက်နှုန်းကြီးထွားစေခြင်း၊ ပန်းပွင့်စောစေခြင်း၊ သီးနှံရင့်မှည့်မှု စောစေခြင်း။
- မြေဆီလွှာရှိ အကျိုးမပြုသည့် အဏုဇီဝများ မပေါက်ပွားအောင် ထိန်းချုပ်ပေးခြင်း။
- မြေဆီလွှာရှိ အကျိုးပြုသည့် အဏုဇီဝများ သီးနှံပင်မှ စုပ်ယူနိုင်ခြင်း။
- မြေအတွင်းရှိ အပင်အာဟာရဓာတ်များကို သီနှံပင်မှ စုပ်ယူနိုင်ခြင်း။
- အပင်၏ ခုခံအားကောင်းစေပြီး ရောဂါပိုးရောက်ခြင်းမှ ကာကွယ်ပေးခြင်း။
- မြေဆီလွှာကို ပြန်လည်ကောင်းမွန်စေပြီး၊ မြေဆီလွှာပြုပြင်ပေးခြင်း၊ ဇီဝအားကောင်းလာစေခြင်း။
- ကောက်ရိုးမြေဆွေးနည်းစနစ်မှာ အိုင်အီးအမ် အသုံးပြုခြင်းဖြင့် ဓာတုဓာတ် လျှော့ချပေးခြင်း။
- ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံခြင်း။
- သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးမြှင့်တင်ပေးခြင်း၊
- အပုပ်အနံ့ဆိုးများ ကင်းပျောက်စေခြင်း။
- ရိတ်သိမ်းလွန် ထွက်ကုန်သီးနှံများ တာရှည်ခံခြင်း။
နည်းပညာကို အသင့်အသုံးပြုနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှု အချိန် ၄၅ ရက် လိုအပ်ပါသည်။
အိုင်အီးအမ် ပြုလုပ်နည်း
- ငှက်ပျောသီး အပိုင်းအစများ (၁ ပိဿာ)
- သင်္ဘောသီး အပိုင်းအစများ (၁ ပိဿာ)
- ရွှေဖရုံသီး အပိုင်းအစများ (၁ ပိဿာ)
- ထန်းလျက် (၂ ပိဿာ) ကို ရေနှင့်ကျိုချက်ပြီး ရလာသည့်ဖျော်ရည်ကို အေးသောအခန်းတွင် ထားရမည်။
- ကြက်ဥအစိမ်း ငါးလုံး
ပြုုလုပ်နည်း အဆင့်ဆင့်
- ခုတ်ပြီးသား သစ်သီးအပိုင်းစများနှင့် ကြက်ဥများကို ဇလုံထဲတွင်ထည့်ပြီး လက်ဖြင့်နှံ့အောင်နယ်ပါ။
- အဆိုပါ အရောအနှောများကို မြေကြီးနှင့် လုပ်ထားသည့် စဉ့်အိုး (ရေ ပိဿာ ၅၀ ခန့်ဆံ့သည့်) ထဲတွင် ထည့်ပါ။
- ထို့နောက် ထန်းလျက်ရည်ကို လောင်းထည့်ပြီး မွှေပါ။
- စဉ့်အိုးထုထည်၏ သုံးပုံနှစ်ပုံ ရေထပ်ထည့်ပါ။ (၃၀ လီတာ)
- ထို့နောက် စဉ့်အိုးကို ပလတ်စတစ်အိတ်မဲဖြင့် အေး၍ခြောက်သွေ့ပြီး အရိပ်ရသည့်နေရာတွင် ၄၅ ရက် ထားပေးပါ။
- နှစ်ရက်၊ သုံးရက်ခြားတစ်ခါ စဉ့်အိုးကို နှစ်ပတ်အတွင်း လှုပ်ပေးပါ။ နှစ်ပတ်ပြည့်သွားလျှင် မျက်နှာပြင်တွင် အဖြူရောင် မှိုမျှင်များ တက်လာပါလိမ့်မည်။ အကယ်၍ မှိုမျှင်များ တက်မလာပါက အချိုရည် (သကြား ၂၅ ကျပ်သားဖျော်ရည်) ထပ်ရောပြီး သန့်ရှင်းသော တုတ်ချောင်းနှင့် ၁၀ ရက် တစ်ကြိမ် မွှေပေးပါ။)
- တစ်လခွဲ (၄၅ ရက်) ကြာပြီးနောက် ချွဲပျစ်သော အိုင်အီးအမ်ဖျော်ရည်များကို ရရှိလာမှာဖြစ်ပြီး အသုံးပြုရန်အတွက် အဆင်သင့် ဖြစ်နေပါပြီ။
အိုင်အီးအမ် အသုံးပြုပုံ
- ကောက်ရိုးမြေဆွး ပြုလုပ်ရာတွင် အိုင်အီးအမ်က အညစ်အကြေးများကို ပုပ်သိုးလွယ်စေသောကြောင့် ၅ လမှ ၈ လထိ စောင့်နေစရာမလိုပဲ ၃ လ မှ ၄ လ အတွင်းသာ ကြာပါသည်။
- အိုင်အီးအမ် ၃ လီတာနှင့် ရေ ၉ လီတာရှိရုံဖြင့် အလွှာ ၆ လွှာရှိသည့် ကောက်ရိုးမြေဆွေးတစ်ခု ပြုလုပ်နိုင်ပါသည်။
- တီကျစ်စာမြေဆွေး လုပ်ဆောင်ရာတွင် အိုင်အီးအမ်ကို အသုံးပြုပါက ၄ လ၊ ၅ လထိ စောင့်နေစရာမလိုဘဲ သုံးလခွဲခန့်သာ ကြာပါသည်။ တီကျစ်စာလုပ်နေစဉ်အတွင်း အိုင်အီးအမ်ကို တီကျစ်စာကန်ထဲသို့ ရောထည့်ပြီး အသုံးပြုနိုင်ပါသည်။
- ရေရောပြီးသော အီးအမ် လီတာ ၆၀ (အီးအမ် ၁ ဆ + ရေအဆ ၃၀၀ ) ကို စပါးစိုက်မည့်လယ်ကွင်းကို ဖျန်းပေးခြင်းအားဖြင့် အပင်များကြီးထွားဖွံ့ဖြိုးစေသည်။
အောက်ပါညွှန်းထားသည်အတိုင်း အသုံးပြုနိုင်ပါသည်။
စပါးစိုက်ပျိုးရန်အတွက် အသုံးပြုမည့်လယ်ကွင်းတွင် လယ်ယာပြင်ဆင်မှု ပြုလုပ်နေစဉ် မြေတစ်ဧကလျှင် လီတာ ၂၀ လောင်းပေးရမည်။ စိုက်ပြီး (၂) ပတ်ကြာပြီနောက် မြေတစ်ဧကလျှင် လီတာ ၂၀ ထပ်လောင်းပေးပါ။ စပါးစိုက်ပြီး (၆) ပတ်အကြာမှာ နောက်တစ်ဧကလျှင် လီတာ ၂၀ လောင်းပေးပါ။ အစက်ချစနစ်ဖြင့်လည်း ပက်ဖျန်းနိုင်ပါသည်။
- အသီးအရွက်များအတွက် (အီအမ် ၁ ဆ + ရေ အဆ ၅၀၀) ရောပေးရပါမည်။
- မျိုးစေ့များကို ၂၄ နာရီအတွင်း ရေရောပြီးသား အီးအမ် (အီးအမ် ၁ ဆ + ရေအဆ ၁၀၀) ထဲတွင် စိမ်ခြင်းအားဖြင့် မျိုးစေ့များ သန်မာစေပြီး အပင်ပေါက်နှုန်းကြီးထွားစေသည်။
- မြေယာပြင်ဆင်မှုမပြုလုပ်ခင်မှာ မြေယာမျာကို ပက်ဖျန်းပေးခြင်းအားဖြင့် မလိုအပ်သည့် ပေါင်းပင်၊ မြက်ပင်များကို ထိန်းချုပ်ပေးနိုင်သည်။ အီးအမ်ဖျန်းပြီးနောက် နှစ်ပတ်သုံးပတ်ကြာလျှင် မြက်ပင်များ ပေါက်ပွားခြင်းမရှိတော့ပါ။ ထို့နောက် လယ်များ စတင်ထွန်ယက်နိုင်ပါပြီ။
- ဓာတုဓာတ်မပါဘဲ ပိုးကောင်များကို တွန်းလှန်ပေးခြင်း။ တိရိစ္ဆာန်မှထွက်လာသည့် ယင်ကောင်များ၊ ရွပိုးများနှင့် အခြားသော ဒုက္ခပေးနိုင်သည့်ပိုးမွှားများ လျှော့ချပေးခြင်း၊ ပိုးမွှားကပ်ခြင်းမှ ကာကွယ်ပေးခြင်း၊ စိုစွတ်သော စွန့်ပစ်ပစ္စည်းများကို ဖျန်းခြင်းဖြင့်လည်း အနံ့ဆိုးမျာကို ဖယ်ရှားပေးသည်။
Source - Delta Technical Sheet
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ကိုသု
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဦးခင်မောင်ဆန်း
လွန်ခဲ့သော ၃ နှစ် ကကျွန်တော်စမ်းလုပ်ကြည့်ပြီး ရေဆယ်ဆလောက်ပဲ ထည့်ပြီး သီးနေတဲ့ ဘူးပင်ကို ဖျန်းလိုက်တာ ဘူးသီးတွေအားလုံး ဘုသီးထွေထွက်လာတယ် ဆေးအချိုးများသွားတယ်
aung thaw
လွန်ခဲ့သော ၄ နှစ် ကအမှည့်ပျော်တွေပါ
Min Paing Ko
လွန်ခဲ့သော ၄ နှစ် ကအဆင့်ဆင့်လုပ်ပြီး ရလာတဲ့ ဖျော်ရည်ကို အချိုးအစားနဲ့ ရေပြန်ရောထားတာကိုခေါ်တယ် ထင်ပါတယ် ဗျ။
ဇွဲခန့် ပိုင်
လွန်ခဲ့သော ၄ နှစ် ကအသီး တွေ က. အစိမ်း လား အမှည့် လား မရှင်း လို့ ပါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....