အထက်မြန်မာပြည်ရဲ့ အကြီးဆုံး စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ မန္တလေး နိုင်ငံတကာပြပွဲကြီးကို မန္တလေးမှာ ဇွန်လ ၁၅ ရက် က နေ ၁၇ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ပြပွဲ ကြီးကို မန္တလေးမြို့၊ သိပ္ပံလမ်း(၇၂ လမ်းထောင့်) မှာရှိတဲ့ မန္တလေးကွန်ဗင်းရှင်း စင်တာ (Mandalay Convention Center) မှာ ကျင်းပသွားမှာပါ။
ပြပွဲကြီးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ ဆေးဝါးများ၊ နည်းပညာများကို ပြည်တွင်း ပြည်ပကုမ္ပဏီများက လာရောက်ခင်းကျင်း ပြသသွားမှာဖြစ်ပါတယ်။
အထူးအစီအစဉ်တစ်ရပ်အနေနဲ့ တောင်သူဦးကြီးများအတွက် ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ၊ ထွန်များနှင့် ထယ်များကို အထူးလျှော့ဈေးများဖြင့် လက်ငင်း/ အရစ်ကျ ရောင်းချပေးသွားမှာပါ။
ဒါ့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝါရင့်ပညာရှင်များနဲ့အတူ ဆွေးနွေးနိုင်မယ့် ဆွေးနွေးပွဲများကိုပါ တပါတည်း ထည့်သွင်းကျင်းပမှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူ မည်သူမဆို အခမဲ့လာရောက်ကြဖို့ လေးစားစွာ ဖိတ်ခေါ်လိုက်ရပါတယ်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more