ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂၉.၁.၂၀၁၈မှ၂.၂.၂၀၁၈)ထိဒီတစ်ပတ်မှာတော့ မတ်ပဲလည်း စျေးတက်လာသလို ပဲစင်းငုံနီကလည်း စျေးတက်လာပါတယ်။ ပဲတီစိမ်းကလည်း နယ်စုံဝင်လာပြီး အတက်စျေးနဲ့ရှိနေပါတယ်။
မတ္ပဲ(FAQ/RC)
ပြီးခဲ့တဲ့အပတ်က မတ်ပဲက စျေးအပြောင်းအလဲသိပ်မရှိပေမယ့် ဒီတစ်ပတ်မှာတော့ ရန်ကုန်စျေးကွက်မှာ မတ်ပဲက စျေးတက်လာပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာတော့ စျေးအနည်းငယ်ကျဆင်းသွားပါတယ်။ ရန်ကုန်ဝယ်လက်တွေက ပဲအဟောင်းလက်ကျန်တွေများတဲ့အတွက် လျော့ဝယ်ယူရာမှ ဝယ်လိုအားလျော့ပြီး စျေးကကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ မတ်ပဲကကျဆင်းနိုင်ဖွယ်မရှိဘူးလို့ သုံးသပ်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မတ်ပဲကအသစ်တွေဆက်တိုက်ဝင်နေတာဖြစ်လို့ စျေးအေးလာနိုင်တယ်လို့ ထပ်ပြီးသုံးသပ်ထားပါတယ်။ အိန္ဒိယအစိုးရကလည်း မတ်ပဲစျေးကွက်ကိုထိန်းပေးဖို့အတွက် အခြေခံစျေးပေးပြီး ဝယ်ယူနေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ မတ်ပဲက၁၈၀၀၀ကျော်ပေါက်စျေးရှိပြီး ၁၀၀၀ကျော် စျေးတက်လာခဲ့ပါတယ်။ မုံရွာမှာလည်း တစ်တင်းကို၁၇၅၀၀ပေါက်စျေးရှိပြီး ၁၀၀ကျပ်စျေးတက်လာပါတယ်။ နေပြည်တော်မှာတော့ တစ်တင်းကို ၁၆၀၀၀ပေါက်စျေးရှိပြီး တစ်တင်းကို ၁၀၀၀ကျပ် စျေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို၁၈၀၀၀နဲ့စျေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်မှာ စျေးအတက်အကျသိပ်မရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မထင်ထားလောက်အောင် စျေးတက်ခဲ့ပါတယ်။ ပဲစင်းငုံကို အိန္ဒိယက အဓိကတင်ပို့နေတာဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံထုတ်လုပ်မှုလျော့ကျလာပြီး ပြည်ပပဲတွေကိုအဝယ်များတဲ့အတွက် စျေးကတက်လာတာလည်းဖြစ်ပါတယ်။ ပဲထုတ်လုပ်မှုလျော့တဲ့အတွက် ပဲစင်းငုံက ရေရှည်ကောင်းနိုင်တယ်လို့လည်း Agriwatch ကသုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်အိန္ဒိယရဲ့ထုတ်လုပ်မှုက တန်ချိန်သိန်း၄၀ရှိပေမယ့် ဒီနှစ်မှာတော့ တန်ချိန်သိန်း၃၀ကျော်သာရှိနိုင်တဲ့အတွက် မြန်မာပဲတွေအနေနဲ့အလားအလာကောင်းနိုင်ခြေလည်းရှိနေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲစင်ငုံနီတစ်တင်းကို ၁၃၇၅၀ရှိပြီး တစ်ပိဿာကို၂၀၀၀ နီးပါးစျေးတက်လာခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို၁၂၅၀၀ရှိပြီး ၈၀၀ောက်စျေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၀၀၀လောက်ရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၂၅၀၀ပေါက်စျေးရှိပြီး တစ်တင်းကို၅၀၀လောက် စျေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း ပြီးခဲ့တဲ့အပတ်ကထက် ၁၀၀၀စျေးတက်လာပြီး တစ်တင်းကို ၁၂၅၀၀ပေါက်စျေးရှိပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ နယ်စုံကဆက်တိုက်ဝင်နေပြီး ရန်ကုန်စျေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ်ထက် စျေးတက်လာပါတယ်။ ရန်ကုန်စျေးတက်နေပေမယ့် နယ်အချို့မှာတော့ စျေးကျပြီး စျေးငြိမ်နေတာကိုတွေ့ရပါတယ်။ ပဲတီစိမ်းကလည်း ပြည်ပပို့ကုန်ပဲဖြစ်ပေမယ့် အိန္ဒိယနိုင်ငံအပြင် တရုတ်နဲ့ထိုင်းကိုပါတင်ပို့နေတာဖြစ်တဲ့အတွက် စျေးကွက်အတွင်းအခိုင်အမာရှိနေတဲ့ ပဲတစ်မျိုးဆိုလည်းမမှားပါဘူး။ ရန်ကုန်စျေးကွက်မှာ ပဲတီစိမ်းက အနိမ့်ဆုံးတစ်ပိဿာကို ၁၂၀၀ကနေ အမြင့်ဆုံးစျေးက ၁၈၅၀ရှိပြီး ပြီးခဲ့တဲ့အပတ်က တစ်ပိဿာကို၁၅၀လောက် စျေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၁၅၀ပေါက်စျေးရှိပြီး တစ်ပိဿာကို ၁၀၀ကျော် စျေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၂၅၀ရှိပြီး တစ်ပိဿာကို ၁၇၀စျေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်နဲ့နေပြည်တော်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်ပိဿာကို ကို ၁၂၀၀ ကနေ၁၃၀၀ရှိပြီး စျေးငြိမ်နေပါတယ်။ မြင်းခြံမှာတော့ တစ်ပိဿာကို ၅၀လောက် စျေးတက်လာပြီး တစ်ပိဿာကို ၁၁၅၀ရှိပါတယ်။
မြေပဲ(လုံးဆန်)
မြေပဲ(လုံးဆန်)ကတော့ ဒီတစ်ပတ်မှာ အနယ်နယ်အရပ်ရပ်က ကုန်စည်ဒိုင်တွေမှာ စျေးတက်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က ဝယ်လိုအားလျော့နည်းသွားတဲ့အတွက် စျေးကကျသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ စျေးကတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၇၅ကျပ်စျေးတက်လာပြီး တစ်ပိဿာကို ၂၃၅၀ပေါက်စျေးရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၆၀တက်လာပြီး တစ်ပိဿာကို ၂၃၅၀ရှိပါတယ်။မြင်းခြံမှာတော့ တစ်ပိဿာကို ၂၃၀၀ရှိပြီး စျေးအပြောင်းအလဲ မရှိပါဘူး။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၂၅၃၈ကျပ် ပေါက်စျေးရှိပြီး ၆၀စျေးကျဆင်းသွားခဲ့ပါတယ်။
ၾကက္သြန္နီ
ပြီးခဲ့တဲ့အပတ်က ကြက်သွန်နီစျေးကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ စျေးကပြန်တက်လာပါတယ်။ စျေးနှုန်းတွေ ကျဆင်းသွားတဲ့အချိန် ပြည်တွင်းဝယ်လက်တွေ ပြန်ဝယ်လာတဲ့အတွက် စျေးကပြန်ပြီးတက်လာတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာကြက်သွန်တွေက အစိုဓာတ်ရှိနေဆဲဖြစ်တဲ့အတွက် စျေးကတော့ပြီးခဲ့တဲ့နှစ်ကလို စျေးကောင်းရနိုင်မှာလည်းမဟုတ်ပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီက အနိမ်ဆုံး ၈၅၀ကနေ အမြင့်ဆုံး၁၅၅၀ပေါက်စျေးရှိပြီး တစ်ပိဿာကို ၂၀၀ကျပ်စျေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၆၅၀ကျပ်ကနေ၁၆၅၀ရှိပြီး တစ်ပိဿာကို ၃၀၀ကျပ် စျေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၃၀၀ကနေ ၁၆၅၀ပေါက်စျေးရှိပြီး တစ်ပိဿာကို ၁၀၀ကျော် စျေးပြန်တက်လာပါတယ်။ ကြက်သွန်နီက ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းမှာ တစ်ပိဿာကို ၃၅၀၀အထိ အမြင့်ဆုံးစျေးရရှိခဲ့ပါတယ်။
မဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026