ဒီတစ်ပတ်မှာ ပဲစဥ်းငုံနီ ၊ မတ်ပဲ စျေးဆက်တိုက်ကျဆင်း (ဖေဖော်ဝါရီလ ၁၉ မှ ၂၃ ရက်အတွင်း)

23/02/2024 16:00 PM တွင် AMIA AMIA မှ ရေးသား

ပဲစဥ်းငုံနီ ၊ မတ်ပဲ စျေးတွေက ဒီတစ်ပတ်အထိပါ ဆက်တိုက် ကျဆင်းလာနေပြီး ပဲတီစိမ်းက စျေးငြိမ်နေပါတယ်။

ပဲစဥ်းငုံနီ

 ပဲစဥ်းငုံနီက ဒီတစ်ပတ်မှာလည်း စျေးတွေထပ်ကျလာတာတွေ့ရပါတယ်။ 

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပို့ကုန်ရငွေအပေါ် ပြောင်းလဲသတ်မှတ်မှုအချို့ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်ကတည်းက  ပဲစဥ်းငုံနီစျေးက ကျဆင်းလာတာဖြစ်ပါတယ်။

ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၈၃၀၀၀၀ ကျပ် ရှိပြီး တစ်တန် ကို  ၁၃၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း   ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၆၅၀၀၀ မှ ၃၆၆၀၀၀ ကျပ် ကျပ်စျေးပေါက်ပြီး တစ်ပတ်အတွင်း  ၁၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

လတ်တလောမှာပို့ကုန်ရငွေမူဝါဒဂယက်ကြောင့် ဈေးကျနေပေမယ့်  အိန္ဒိယက သူတို့နိုင်ငံရဲ့ စားနပ်ရိက္ခာ အတွက် မြန်မာ့ ပဲစဥ်းငုံနီကို လိုအပ်ချက်ရှိတာကြောင့်   ပဲစဥ်းငုံနီစျေးကွက်က အိန္ဒိယရဲ့ ဝယ်လိုအားစျေးကောင်းပေးဝယ်ယူမှုအပေါ်လိုက်ပြီး  စျေးက အတက်ဘက်ကို ပြန်ရောက်လာနိုင်တယ်လို့ ကုန်သည်အချို့က ခန့်မှန်းပါတယ်။ 

မတ်ပဲ

မတ်ကလည်း   စျေးတွေဆက်တိုက်ကျဆင်းလာပါတယ်။ 

ပဲစဥ်းငုံနည်းတူ မတ်ပဲကလည်း Export ပဲအမျိုးအစားဖြစ်တာကြောင့် ပို့ကုန်ရငွေ မူဝါဒဂယက်ကြောင့် စျေးတွေ ဆက်တိုက်ကျဆင်းလာနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယဘက်က ​မြန်မာ့မတ်ပဲကို လိုအပ်ချက်ရှိနေတာဖြစ်လို့    မြန်မာ့မတ်ပဲ စျေးကွက်က လက်ရှိနှုန်းထက် တာ့  ကျဆင်း နိုင်မယ့်အခြေအနေမရှိဘူးလို့သုံးသပ်ထားပါတယ်။

ဒီတစ်ပတ်  ရန်ကုန်စျေးကွက်မှာ​ မတ်ပဲ  တစ်တန်ကို ၃၀၇၀၀၀၀ ကျပ် ရှိပါ တယ်။  ပြီးခဲ့တဲ့ အပတ်စျေးကွက်နဲ့ယှဥ်ရင် ၁၁၈၀၀၀ ကျပ် ဈေးကျဆင်းလာပါတယ်။

အလားတူ မန္တလေးစျေးကွက်မှာလည်း  မတ်ပဲ အရည်အသွေးလတ်တာက ပိဿာ ၆၀ ကို ၂၇၀၀၀၀ ကျပ်၊  မတ်ပဲအရည်အသွေးကောင်းတာက ပိဿာ ၆၀ ကို ၂၇၅၀၀၀   စျေးပေါက်နေတာကြောင့် ဒီတစ်ပတ်  တစ်အိတ်ကို ၁၀၀၀၀  လောက်စျေးကျလာပါတယ်။

နယ်ကုန်စည်ဒိုင်တွေ မှာလည်း မတ်ပဲ ပိဿာ ၂၀ ကို မြို့နယ်အလိုက် ၉၇၃၀၀ ကျပ်သာရှိပြီး ဒီတစ်ပတ်မှာ တစ်တင်းကို ၅၀၀၀  လောက် ကျလာပါတယ်။

ပဲတီစိမ်းစျေးကွက်

ဒီတစ်ပတ်  ပဲတီစိမ်းက အတက်အကျမရှိ ရန်ကုန်ရော မန္တလေး စျေးကွက်မှာပါ  စျေးငြိမ်နေပါတယ်။

ပဲတီစိမ်း အသစ်တွေ  ကုန်စည်ဒိုင်တွေကို  နယ်အစုံကနေ ဝင်ရောက်နေမှုရှိနေ ပြီး  တရုတ် ကဝယ်လိုအား အေးနေတာကြောင့်လည်း အရောင်းအဝယ်အေးနေပြီး စျေးတန်းက ငြိမ်နေ တာဖြစ် ပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၅၀၀ ကျပ် ၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၄၆၅  ကျပ် ၊ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၅၀၀ မှ   ၃၈၃၅ ကျပ် ရှိပါတယ်။ 

မန္တလေးဈေးကွက်မှာ   ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅  တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၈၅၀၀၀  ကျပ်စျေးရှိပါတယ်။

ပဲကြီး/ထောပတ်ပဲစျေးကွက်

ပဲကြီးကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းလာတဲ့အပြင် ထောပတ်ပဲကလည်း ဈေးကွက်အတွင်း အဝင်သွက်နေလို့ ဈေးတွေက ကျဆင်းနေပါတယ်။

ပဲကြီးကပြည်တွင်းစားသုံးမှု အဓိက ပဲအမျိုးအစားဖြစ်ပေမယ့်လည်း လက်ရှိမှာ ပဲအသစ်တွေပေါ်နေ တဲ့အပြင်  ပဲမျိုးစုံ ဈေးအကျဘက်ရောက်နေတာ​ကြောင့်လည်း ပဲကြီး စျေးကပါ လိုက်ကျလာနေတာ ဖြစ်ပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပဲကြီး (ကြီး)က တစ်အိတ်ကို ၃၅၅၀၀၀ ကျပ် စျေးရှိပြီး အရင်တပတ်ကနဲ့ယှဥ်ရင် ၃၅၀၀၀ လောက်အထိ ကျဆင်းလာတာတွေ့ရပါတယ်။ 

ပဲကြီး (လတ်) နဲ့ ပဲကြီးသေး ကတော့ တစ်အိတ်ကို ၃၂၅၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပြီး အရင်အပတ် နဲ့ယှဥ်ရင် တစ်အိတ်ကို ၅၀၀၀ မှ ၂၀၀၀၀ ကျပ်အထိ စျေးကျလာတာဖြစ်ပါတယ်။

ပဲထောပတ်ကလည်း မန္တလေးဈေးကွက်မှာ အကြီး တစ်အိတ်ကို ၄၂၀၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၆၀၀၀၀ ကျပ်၊ပဲကြီး အလတ်ကတော့ တစ်အိတ်ကို ၃၈၀၀၀၀ ကနေ ၄၀၀၀၀၀ ကြား ရှိပြီး တစ်အိတ်ကို ၆၀၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်