မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု
"ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းသုံးရင်း အခက်အခဲဖြစ်တဲ့ အခါမှာ ဆက်သွယ်မေးမြန်းနိုင်တဲ့ Call Canter တွေရဲ့ ဖုန်းနံပါတ် လေးတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှု ဆိုတဲ့ အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု ဆိုတာကတော့ ဦးလေး ဒေါ်လေးတို့အနေနဲ့ မီဒီယာတွေ၊ နည်းပညာတွေကို နေ့စဥ်နဲ့အမျှ ထိတွေ့အသုံးပြုရာမှာ ကျွမ်းကျင်လာစေဖို့ စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ အသိပညာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရဲ့ ရည်ရွယ်ချက်ကတော့ အသုံးပြုသူတွေ အနေနဲ့
မီဒီယာနဲ့ သတင်းအချက်အလက် ဖြစ်ပေါ်ပုံအမျိုးမျိုးကို နားလည်ထားရပါမယ်။
မိမိနဲ့ လက်လှမ်းမီတဲ့ နည်းပညာတွေကိုလည်း သိထား၊ တတ်ထားရပါမယ်။
မီဒီယာနဲ့ သတင်းအချက်အလက်တွေဟာ လူ့အဖွဲ့အစည်းတွေအပေါ် ဘယ်လို သက်ရောက်နေလဲဆိုတာကို သိရထားရပါမယ်။
မီဒီယာနဲ့ သတင်းအချက်အလက်ကို အသုံးပြုပြီး မိမိပတ်ဝန်းကျင်ကို အကျိုးရှိအောင်၊ ပြောင်းလဲလာအောင် ဆောင်ရွက်နိုင်ရမယ်ဆိုတဲ့ အသိပညာတွေ၊ ကျွမ်းကျင်မှုတွေ ရရှိအောင် ရည်ရွယ်တာ ဖြစ်ပါတယ် ခင်ဗျ။
ယခင်တစ်ပတ်က ဖုန်းသုံးရင်း အခက်အခဲဖြစ်တဲ့ အခါမှာ ဆက်သွယ်မေးမြန်းနိုင်တဲ့ Call Canter ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဖုန်းသုံးရင်း အခက်အခဲဖြစ်တဲ့အခါ ခေါ်ဆိုနိုင်တဲ့ call center
Mido Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Source - https://curriculum.realornotmm.info/mil-curriculum-book/3/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
Padamyar FM ကပါရှင် Smart Farming အတွက် interview လေးလုပ်ချင်လို့အစိမ်းရောင်လမ်းကို ဘယ်လိုဆက်သွယ်လို့ရမလဲရှင်
Sumyat Mon • ဖြေကြားချက် 1 ခု
ဥစားကြက်ကို၁ရက်သားကနေ မီးသွေးနှင့်မီးကိုင်နည်း ဘယ်အချိန် လိုက်ကာအတင်အချက် ဘယ်နှစ်နာရီ မီးကိုင်သင့်လဲ၊ကာကွယ်ဆေးကဘယ်ဆေးသုံးရမလဲ ဘယ်လိုထိုးရမလဲ ပြောပြပေးပါ။
Khin Zar Hlaing • ဖြေကြားချက် 1 ခု
ဘာ စပါး မျိုးလဲ ဗျ သူများတွေ ရွှေသွယ်ရင် လို့ ပြောနေကြတယ် အသက်ရက်က ၉၀ ပါ
moe • ဖြေကြားချက် 1 ခု
ပိုးသတ်ဆေးတို့ အပင်အားဆေးတို့ဖျန်းပြီး ဘယ်အချိန်လောက်မိုးနဲ့လွတ်ရင် ရပါသလဲ
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
ငရုတ်ဒီလို့ ဖစ်နေလို့ ဘာဆေးဖျန်းရမလဲ
မောင်သက်ဖြိုးဝေ • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
29/10/2026
ဗီဒီယို
ပြောင်းမျိုးကောင်းမကောင်း ဘာတွေကြည့်လဲ?
29/10/2026
သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း
29/10/2026
မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?
28/10/2026
More from Green Way
အားလုံး
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026