အနည်းလိုအာဟာရဓာတ်ရဲ့ စွမ်းဆောင်နိုင်မှုများ

14/02/2018 16:41 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အနည်းလိုအာဟာရတွေအကြောင်း ဖော်ပြပေးပြီးပြီဆိုတော့ ခုတစ်ခါ အနည်းလိုအာဟာရတစ်ခုချင်းစီရဲ့ စွမ်းဆောင်မှု တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဘိုရွန်( Boron)
အဖိုဝတ်မှုန်တွေ ဖြစ်ထွန်းအောင်မြင်စေတယ်။ ဝတ်ဆံမနဲ့ မြန်ဆန်စွာပေါင်းစပ်စေပြီး မျိုးကူးစပ်မှု ကောင်းစေတယ်။ အစေ့အဆံပြည့်ဝတဲ့ မျိုးစေ့တွေ ရစေတယ်။ မျိုးစေ့ရဲ့ အပင်ပေါက်စွမ်းအား ကောင်းစေပြီး အပင်ကို ကြီးထွား သန်မာစေတယ်။ ပရိုတိန်းဖြစ်ပေါ်ခြင်းနဲ့ အပင်အတွင်း အာဟာရဓာတ် (သကြား) များ အစိတ်အပိုင်း အသီးသီးကို ရွေ့လျားပို့ဆောင်ခြင်းဖြစ်စဉ်မှာ ကောင်းမွန်စေတယ်။ သစ်တောသစ်ပင်တွေ ဖြစ်ထွန်းမှု ကောင်းစေတယ်။ သစ်အရည် အသွေး (Wood quality) မြင့်မားစေတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပင်တို့ အရည်အသွေးနဲ့ သိုလှောင် သက်တမ်း တိုးတက်ကြာရှည်စေတယ်။ ဘိုရွန်အပြည့်အဝရတဲ့ ထောပတ်ပင်ကအသီးဟာ အလုံးအရွယ်ကြီးထွား လှပ တယ်။ ပေါ်ချိန်လဲစောလို့ ဈေးကွက်မှာဈေးရတယ်။ မြေပဲဆန် ချိုင့်ပြီး အစေ့အဆံမပြည့်တာဟာ ဘိုရွန် ချို့တဲ့တာ ကြောင့်ဖြစ်တယ်။ ဈေးကွက်မှာ ဈေးမရဘူး။ ဘိုရွန်ချို့တဲ့သော မြေမှာစိုက်တဲ့ ယူကလစ်ပင်ဟာ ပုံမှန်အတိုင်းအပေါ် (Vertical Growth) ကိုမတက်ဘဲ မြေနဲ့ တစ်ပြေးညီ(horizonral growth) ပေါက်ရောက်တာကို ယူနန်ပြည်နယ်၊ ကူမင်းမြို့တော်နား ဒေသတစ်ခု (Chuxiong) မှာ တွေ့ရတဲ့ သာဓက ရှိပါတယ်။

၂။ ကြေးနီ(Copper)
အပင်ရဲ့ စိမ်းရောင်ခြယ်ပစ္စည်း(ကလိုရိုဖီး) မှာပါဝင်တယ်။ အပင်တွင်းအင်ဇိုင်း (Enzyme) အတော်များများရဲ့ အစိတ် အပိုင်းမှာ ပါတယ်။ အပင်အစာချက်လုပ်ငန်းမှာ ဆက်စပ်မှုရှိတယ်၊ ဘိုရွန်လိုပဲ သစ်တောသစ်ပင်ရဲ့ အပင်ပုံစံ(tree from) ကောင်းစေတယ်။ သစ်အရည်အသွေး( wood quality) ကောင်းစေတယ်။

၃။ သံဓာတ် (Iron)
အနည်းလို အာဟာရတွေထဲမှာ အများဆုံးဖြစ်တဲ့ သံဓာတ်ရဲ့ ပါဝင်မှုပတ်သက်မှုတွေကတော့ စိမ်းရောင်ခြယ်ပစ္စည်း ဖြစ်စဉ်၊ ကာဘိုဟိုက်ဒရိတ် ထုတ်လုပ်မှုနဲ့ အသက်ရှု လုပ်ငန်းတွေဖြစ်ပါတယ်။ ဒါ့ပြင် ဟော်မုန်း (ethylene) ထုတ်လုပ်မှုနဲ့ ပဲပင်တွေက နိုက်ထရိုဂျင်ကို မြစ်ဖုတွေကတစ်ဆင့် ရယူထားတဲ့ ဖြစ်စဉ်မှာလည်း ဆက်စပ်ပါတယ်။

၄။ မဂၢနိ(Manganese)
အစာချက်လုပ်ငန်းမှာ ပါဝင်တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ချေဖျက်ခြင်းမှာ ဆက်စပ်ပါဝင်ပါတယ်။ အင်ဇိုင်းတွေရဲ့ လုပ်ငန်းများ သွက်လက်မြန်ဆန်ဖို့ အထောက်အကူပြုပါတယ်။

၅။ မိုလစ်ဒီနမ် (Molybodenum)
အင်ဇိုင်း nitrate redu-ctase ဖြစ်တည်ဖို့လိုတယ်။ အဲ့ဒီဇိုင်းက အပင်ထဲမှာ ရောက်လာတဲ့ နိုက်ထရိတ်(No3) ကို အမိုနီယံ (NH+4) ပြောင်းပေးပါတယ်။ ပဲမျိုးနွယ်ဝင်တွေမှာ ပဲမြစ်ဖု ဘက်တီးရီးယားများ ပွားများပြီး နိုက်ထရိုဂျင် ရစေနိုင်မှု (N2 fixation) ကို အထောက်အကူပြုပါတယ်။ အပင်ထဲရောက်လာတဲ့ အင်ဩဂဲနစ် P ကို ဩဂဲနစ် P ပြောင်းပေးတယ်။ မိုလစ်ဒီနမ်ဟာ စပျစ်အထွက်နဲ့ အရည်အသွေးကို တိုးတက်စေနိုင်ပါတယ်။

၆။ သွပ်ဓာတ် (Zinc)
အပင်တွင်း ကလိုရိုဖီးထုတ်လုပ်မှုနဲ့ ကာဘိုဟိုက်ဒရိတ် ဖြစ်ပေါ်မှုမှာ ပါဝင်ပတ်သက်တယ်။ အစေ့အဆံအောင်ဖို့ အထောက်အကူ ပြုတယ်၊ ရင့်မှည့်မှု မြန်ဆန်စေပါတယ်။

၇။ ကလိုရင်း(CL)
အစာချက်လုပ်ငန်း(Photosynthesis) မှာ အရေးပါတယ်။ ရေမော်လီကျူးပြိုကွဲမှု ဖြစ်စေပြီး အောက်စီဂျင် ခွဲထုတ် ပေးတယ်။ ထန်း၊ အုန်းမျိုးနွယ် အပင်တွေနဲ့ ကီဝီသီးအတွက် လိုအပ်တယ်။ သုံးတာများရင် စပျစ်မှာ လောင်တတ် တယ်။

အကျိုးပြုအာဟာရဓာတ်များ၏ စွမ်းဆောင်နိုင်မှု
အပင်အတွက် မရှိမဖြစ်သတ်မှတ်မှု မရှိသေးပေမယ့် အချို့သီးနှံတွေအတွက် အကျိုးပြုပေးတဲ့ အာဟာရ (beneficial element) (၅) မျိုးရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဖော်ပြလိုက်ပါတယ်။

၁။ နစ်ကယ် (Nickel)
မြေထဲထည့်လိုက်တဲ့ ပုလဲမြေဩဇာကို အပင်ကစားသုံးနိုင်အောင် ချေဖျက်ပေးတဲ့ အင်ဇိုင်းယူရိရေ့ (Enzymurease) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ အပင်ကို ရောဂါဒဏ်ခံနိုင်ရည်ရှိစေတယ်။

၂။ ဆိုဒီယံ(Sodium)
အချို့အပင်တွေအတွက် ပိုတက်စီယံအစားထိုး(K substitute) ဖြစ်တယ်၊ မုန်လာဥနီ (Beet) အတွက်လိုအပ်တယ်။

၃။ ကိုဘော့(Cobalt)
ပဲမျိုးနွယ်တွေအတွက် လေထုထဲကနိုက်ထရိုဂျင်ကို ရယူပေးတဲ့ဖြစ်စဉ် (N2 fixation) မှာ ဆက်စပ်ပါဝင်တယ်။

၄။ စီလီကာ (Silica)
အပင်ရဲ့ ပင်စည်သန်မာကြံ့ခိုင်စေလို့၊ စပါးလိုသီးနှံတွေမှာ အပင်ယိုင်လဲမှု (Lodging) ကိုလျော့နည်းစေတယ်။ ပိုးမွှား ရောဂါဒဏ် ခံနိုင်ရည်ရှိစေတယ်။

၁၃။ အလူမီနီယံ (Aluminium)
လက်ဖက်အတွက် လိုအပ်ချက်ရှိတယ်။

ဦးကျော်စိုး (Soil Scientist)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်