Ivory Coast မှာ မြန်မာဆန်တွေဖျက်ဆီးမှု တာဝန်ရှိသူတွေ စစ်ဆေး

19/04/2019 11:05 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

ကုန်တင်တဲ့အချိန်ကစပြီး သင်္ဘောနဲ့လှည့်လည်သွားနေတဲ့ ရှစ်လတာကာလအတွင်းမှာ ဒီဆန်တွေကို တာဝန်ယူထိန်းသိမ်းတဲ့အပိုင်းမှာ မြန်မာကုန်သည် တွေဘက်က တာဝန်ရှိသလား၊ ဒါမှမဟုတ် ဝယ်ယူတဲ့ကုန်သည်တွေကတာဝန်ရှိလားဆိုတာကို အခုထိသတင်းမထုတ် ပြန်သေးတဲ့အတွက် အသေးစိတ် မသိရသေးပါဘူး။ အခုပျက်စီးသွားတဲ့ဆန်တွေဟာ မြန်မာ့ဆိပ်ကမ်းမှာ ၂၀၁၈ ဆယ်လပိုင်းကတင်ခဲ့တာဖြစ်ပြီး ကုန်တင်အပြီး မိုးရွာခဲ့တဲ့အတွက် သင်္ဘောကုန်ခန်း အဖုံးပိတ်ချိန်ကြန့်ကြာသွားတာကြောင့် မိုးစိုတာရှိခဲ့ကြောင်း အမည်မဖော်လိုတဲ့ ဆန်ကုန်သည်အသင်း အဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

အသေးစိတ်ဖတ်ရန်နှိပ်ပါ....


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်