အပ်မှို
အပ်မှိုဟာ မှိုအမျိုးအစားများစွာရှိသည့်အနက်မှ ဆေးဖက်ဝင်ပြီး လူစားသုံးများသော မှိုတစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် အပ်မှိုကိုမစားသုံးမီ ကောင်းကျိုးများအပြင် ဆိုးကျိုးများကိုပါ သိရှိထားသင့်ပါတယ်။
၁။ မှိုအဆိပ်သင့်ခြင်း
အပ်မှိုဟာ ကြွက်သားများ ဆုံးရှုံးပျက်စီးစေတဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အပ်မှိုဟာ ကိုလက်စထရောကို လျော့ချပေးနိုင်သော်လည်း သွေးဖြူဥနှင့် ရောဂါကာကွယ်ပေးသော သွေးတွင်းဆဲလ်များ အရေအတွက်ကျဆင်းစေတာကို တွေ့ရှိခဲ့ရပါတယ်။ ထို့ကြောင့် အပ်မှိုဟာ ကြွက်သားများနှင့် နှလုံးအား ထိခိုက်စေနိုင်ပါတယ်။
၂။ ဓာတ်မတည့်ခြင်းများ
ကြက်ဥနှင့် အသားဓာတ် ဓာတ်မတည့်သောရောဂါ ရှိသူတွေဟာ အပ်မှိုကို ရှောင်ရှားသင့်ပါတယ်။ အစာအဆိပ်သင့်တတ်တဲ့သူတွေကတော့ အပ်မှိုကိုဂရုပြုစားသုံးသင့်ပါတယ်။
၃။ သွေးတွင်းသကြားဓာတ်ကျစေခြင်း
သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် သွေးတွင်းသကြားပမာဏ ကျဆင်းလေ့ ရှိသူတွေ အပ်မှိုကိုအလွန်အကျွံစားသုံးခြင်း မပြုသင့်ပါဘူး။
၄။ ဘတ်တီးရီးယားကူးစက်ရောဂါ
လတ်ဆတ်တဲ့မှိုကိုပဲ အမြဲစားသုံးသင့်ပြီး ပုပ်နေသော နွမ်းရိနေသောမှိုများကို မစားသုံးသင့်ပါဘူး။ ပလတ်စတစ်ပါကင်ဖြင့်ထုပ်ပိုးထားတဲ့ အပ်မှိုတံဆိပ်အချို့မှာ Listeria လို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးများပါဝင်နေကြောင်း ၂၀၂၁ မေလ ၃၁ ရက်နေ့က သတင်းများထုတ်ပြန်ခဲ့ပါတယ်။ Listeria ဘတ်တီးယားပိုးဟာ မူးဝေအော့အန်ခြင်း၊ ပြင်းထန်စွာဖျားနာခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းများအပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ပလတ်စတစ်ပါကင်ထုပ်ပိုးထားတဲ့အပ်မှိုများကို မဝယ်ယူမီ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးသင့်ပါတယ်။ အပ်မှိုအပြင် မည်သည့်မှိုမျိုးမဆို မဝယ်ယူမီ ပုပ်သိုးဆွေးမြေ့မှုရှိမရှိ စစ်ဆေးပြီး လတ်ဆတ်မှုရှိမှသာ ဝယ်ယူစားသုံးသင့်ပါတယ်။
မှိုတွေဟာ super food လို့ တင်စားခေါ်ဆိုနိုင်သော်လည်းပဲ တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ချင့်ချိန်စားသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်။
Soe Soe
လွန်ခဲ့သော ၅ နှစ် ကအပ်မှိုစိုက်နည်းသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
ဆက်စပ်မေးခွန်းများ
မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့ ဖြန်းရရင် ပဲဘယ်အရွယ်မှာ ဘယ်လောက်ဖြန်းသင့်သလဲ 2.မကြဲခင် 10ရက်ခန့် စောပြီး ပေါင်းကြမ်းဆေး(glyphosate)ဖြန်းခဲ့ပါတယ် ခု ပဒေါ်လို ပေါင်းနဲနဲကျန်ပြီး ခြွေလှေ့ကျတဲ့ စပါးတစ်ချို့ ပြန်ပေါက်လာပါတယ် (13/14မိုးရွာပါတယ်) ပေါင်းဆေးထပ်ဖြန်းသင့်လား ဖြန်းရင် ဘယ်လိုဆေးမျိးဖြန်းရမလဲ သိချင်ပါတယ်ခင်မျ
Thiha • ဖြေကြားချက် 0 ခု
ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း
စိုင်းအိုက်လှိုင် • ဖြေကြားချက် 1 ခု
#တောင်ယာစပါး မျိုးစေ့ ရောင်းဝယ် နေရာ စိုက်နည်း ပေါင်းဆေး အားဆေး အော်ဂဲနစ် ဘယ်အမျိုးက ဘယ်နေရာနဲ့သင်တော်လဲဆိုဒါ ပညာရှင်များ ပြောပြပေးလို့ရလား
အိုအေ • ဖြေကြားချက် 3 ခု
မြေပဲခင်းမှာ အားဆေးပက်ချင်လို့ နွားသေးနဲ့ ပုလဲမြေဩဇာ ရောပက်လို့ ရပါသလား ပက်ရရင် ဘယ်လောက် နှုန်းထား စပ်ရမလဲ
နံပတ်2 • ဖြေကြားချက် 1 ခု
ဂျစ်ပဆမ်ကျောက်မှုန့် က ဘာကိုပြုလုပ်ထားတာလဲ ဘယ်လိုအကျိုးအာနိသင် ရှိချင်ပါတယ်ခင်ဗျ
U Soe • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
More from ThawZin
အားလုံး