ကြူကုတ်-ပန်ဆိုင်းလမ်းအား ယနေ့ ပြန်ဖွင့်ပေးမည်

28/12/2018 10:54 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ- တရုတ် အဓိကကုန်သွယ်ရေး လမ်းမကြီးဖြစ်သည့် ကြူကုတ်-ပန်ဆိုင်းလမ်းအား မြန်မာနိုင်ငံ၏ တရား၀င်ပို့ကုန်များအတွက် တရုတ်နိုင်ငံဘက်မှ ဒီဇင်ဘာလ ၂၈ရက်နေ့ (ယနေ့) တွင် ပြန်လည်ဖွင့်ပေးသွားမည် ဖြစ်ကြောင်း မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သတင်းရရှိသည်။

“ ကျင်းစန်းကျော့ကတော့ မဖွင့်ပါဘူး။ ဒီနေ့ ၃ နာရီထိုးလောက်မှာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ အစည်းအဝေး ပွဲပြီးလို့ မနက်ဖြန် ကြူကုတ်-ပန်ဆိုင်းလမ်းကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ ဒါက တရားဝင် ကုန်သွယ်ရေးဇုန်ပါ။ ဝေးလို့ မသွားကြတာ ကြာပြီ။ မုဒ်ဦးအသစ်လဲ လုပ်နေတော့ ပိတ်ထားသလို ဖြစ်နေတာပါ။ အဲဒီမုဒ်ဦးအသစ်ရဲ့ အရေးပေါ် ငြမ်းစင်ကြီးကို တရုတ်ဘက်က ဖြုတ်ပေးသွားမှာပါ “ ဟု မှုဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သက်ဦးက ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန်