World Antimicrobial Awareness Week(WAAW) အထိမ်းအမှတ်အဖြစ် ပဋိဇီ၀ဆေး ယဉ်ပါးမှုဆိုင်ရာ အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲကျင်းပမည်

20/11/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    World Antimicrobial Awareness Week(WAAW) အထိမ်းအမှတ်အဖြစ် မွေးမြူရေးကဏ္ဍအတွက် ပဋိဇီ၀ဆေးယဉ်ပါးမှုဆိုင်ရာ အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာ၀န်များအသင်းကဦးဆောင်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်မှ (၂၄) ရက်အထိ ရက်သတ္တပတ်ကို ကမ္ဘာလုံးဆိုင်ရာ ပဋိဇီ၀ဆေးယဉ်ပါးမှု အသိပညာပေး‌ရေးရက်သတ္တပတ် (World Antimicrobial Awareness Week - WAAW)အဖြစ် သတ်မှတ်၍ အသိပညာပေးဟောပြောပွဲများကို ကမ္ဘာတစ်၀န်းလုံးတွင် ဆောင်ရွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် နိုဝင်ဘာလ (၂၁) ရက်၊ စနေနေ့ နံနက် ၈:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအချိန်တွင် အွန်လိုင်းဆွေးနွေးပွဲကျင်းပမည် ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းမှာ ပဋိဇီဝဆေးအလွန်အကျွံသုံးစွဲမှုတွေကြောင့် ပဋိဇီဝဆေးယဥ်ပါးမှုဖြစ်‌ပေါ်ပြီး ပြည်သူ့ကျန်းမာရေးအန္တရာယ်တွေ ကြုံတွေ့နေပါတယ်။ ဒါ့ကြောင့် ပဋိဇီဝဆေးယဥ်ပါးမှုအန္တရာယ်ကို သတိမူမိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအွန်လိုင်းဆွေးနွေးပွဲလေးကို ကျင်းပတာပါ။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တာ၀န်ရှိသူတွေ၊ ပုဂ္ဂလိကကဏ္ဍက တာ၀န်ရှိသူတွေ ပါဝင်ဟောပြောမှာဖြစ်တဲ့အတွက် တကယ်အကျိုးရှိမယ့်ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကိုလည်း ဝင်ရောက်နားထောင်စေချင်ပါတယ်။

ဟု မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာ၀န်များအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာတင်ငွေ က ပြောသည်။

    အဆိုပါ အွန်လိုင်းဆွေးနွေးပွဲ ဖြစ်မြောက်စေရန် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း(ဗဟို)မှ ဦးဆောင်၍ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အာရှ တိရစ္ဆာန်ဆေးကုဆရာ၀န်များအဖွဲ့ချုပ် (Federation of Asian Veterinary Association - FAVA) တို့နှင့်အတူ ပြည်တွင်းရှိ အစိုးရအဖွဲ့အစည်းများဖြစ်သည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ပူးပေါင်းအားဖြည့်ထားကြောင်း သိရသည်။

ဒီ WAAW အထိမ်းအမှတ် အသိပညာပေးအွန်လိုင်းဆွေးနွေးပွဲ (Webinar) ကို မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာ၀န်များအသင်းက အဓိက ဦးဆောင်ကျင်းပတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့လည်း ပူပေါင်းပါဝင်အားဖြည့်ထားပါတယ်။ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အသင်း၀င်တွေအပြင် မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ မွေးမြူရေးလောကသားတွေ၊ တခြားစိတ်ပါဝင်စားသူတွေနဲ့ သတင်းမီဒီယာတွေကိုလည်း တက်ရောက်ဖို့အတွက် ဖိတ်ကြားလိုပါတယ်။ ဆွေးနွေးပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဖေ့ဘုတ်ပေ့ချ် မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသက်ခိုင်က ပြောသည်။

    စိတ်ပါဝင်စား၍ ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် အောက်ဖေါ်ပြပါ link တွင် ဝင်ရောက်ကြည့်ရှု၍ တက်ရောက်နိုင်ကြောင်း သိရသည်။

https://us05web.zoom.us/j/88498947776

Meeting ID: 884 9894 7776

Passcode: mva2020

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်