သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး
စီးပွားဖြစ်စိုက်ပျိုးတဲ့ သီးနှံတွေကို ဖျက်ပိုးရောဂါဒဏ်မှ ကာကွယ်ဖို့အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေကို အသုံးမပြုချင်ဘဲ အသုံးပြုရပါတယ်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသော ရာသီဥတုပြောင်းလဲမှုများကြောင့် ဖျက်ပိုးပေါက်ဖွားမှုနှုန်း မြင့်မာလာတဲ့အတွက် ပိုးသတ်ဆေးတွေကို ပမာဏမြင့်ပြီး သုံးစွဲလာရပါတယ်။ ထိုအခါ နည်းစနစ်မမှန်ကန်ခြင်း၊ ပိုးနှင့် ရောဂါမှား၍ ဆေးဖြန်းခြင်း၊ ပိုမိုထိရောက်စေရန် ဆေးပမာဏကို တိုးမြှင့်သုံးခြင်း၊ ပိုးသတ်ဆေးတစ်မျိုးတည်းကို ထပ်ခါထပ်ခါအသုံးပြုသဖြင့် ဆေးယဉ်ပါးမှုကြောင့် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံမရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်အချိန်ကာလကို မစောင့်ဆိုင်းဘဲ ခူးဆွတ်ပြီး ဈေးကွက်အလျင်မှီရန် တင်ပို့ရသဖြင့် နေ့စဥ်စားသုံးသော အသီးအနှံများတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး စသည့် ဓာတုဓာတ်ကြွင်းများ ပါဝင်မှုများလာပြီ စားသုံးသူတို့၏ ကျန်းမာရေးအန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ကျန်းမာအသက်ရှည်လိုလျှင် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပေးသင့်သည်ဆိုသော်လည်း ၎င်းဟင်းသီးဟင်းရွက်များတွင် ပါဝင်နေသော ဓာတ်ကြွင်းအန္တရာယ်ကို သတိပြုသင့်ပါတယ်။ Environmental Working Group(EWG)၏ လေ့လားစမ်းသပ်မှုများအရ အမေရိကန်နိုင်ငံမှာရောင်းချတဲ့ အော်ဂဲနစ်မဟုတ်တဲ့ ဟင်းသီးဟင်းရွက် ၇၀% မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပိုးသတ်ဆေးတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံတွင် တရားမဝင် စိုက်ပျိုးရေးသုံးဆေးပစ္စည်းများကို အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်သောကြောင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်မှာ များလှပါတယ်။
ကိုက်လန်၊ မုန်ညှင်း စသောဟင်းသီးဟင်းရွက်များသည် ကင်ဆာရောဂါဖြစ်ပွားစေနိုင်သော ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေတာကို တွေ့ရှိရပါတယ်။ အခြားသောဟင်းသီးဟင်းရွက်များတွင် တွေ့ရသော neonicotinoid နှင့် pyrethroid ပိုးသတ်ဆေးများသည် အာရုံကြောစနစ်ကို အဆိပ်သင့်စေနိုင်ပါတယ်။ ငရုတ်ပွမှာတွေ့ရတဲ့ acephate၊ chlorpyrifos ပိုးသတ်ဆေးတွေက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးရေးကို အန္တရာယ်ဖြစ်စေတဲ့အတွက် 2017 မှာ US,EU မှာ တားမြစ်ထားပါတယ်။ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုက သီးနှံအမျိုးအစားကိုလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် စားသုံးသူများအနေဖြင့် ဘယ်သီးနှံတွေက ဓာတုဓာတ်ကြွင်း ပါဝင်မှုအများဆုံးလဲဆိုတာ နားလည်သိရှိရန် အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု အများဆုံး အသီးအနှံ (၁၁) မျိုးကို ရေးသားဖော်ပြလိုက်ပါတယ်။
EWG ရဲ့ ၂၀၂၁ ခုနှစ် စစ်တမ်းအရ ဓာတုဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုးကတော့
၁။ စတော်ဘယ်ရီ
၂။ ဟင်းနုနွယ်
၃။ ကိုက်လန်၊ မုန်ညင်း
၄။ ပန်းသီး
၅။ စပျစ်
၆၊၊ ချယ်ရီသီး (မြန်မာနိုင်ငံမှာ စားသုံးမှုနည်းပါးပါသည်။)
၇။ မက်မွန်သီး
၈။ သစ်တော်သီး
၉။ ငရုတ်ပွ
၁၀။ တရုတ်နံနံ
၁၁။ ခရမ်းချဉ်
ဒါကြောင့် သက်ရှည်ကျန်းမာဖို့ ဩဂဲနစ်သီးနှံတွေကို ရွေးချယ်စားသုံးဖို့လိုအပ်သော်လည်း ဩဂဲနစ်သီးနှံများမှာ ဈေးများခြင်း၊ ဩဂဲနစ်သီးနှံဈေးကွက် ကောင်းစွာမထွန်းကားခြင်းကြောင့် ဓာတုဆေးများကို အသုံးပြု၍ စိုက်ပျိုးထားသော အသီးအနှံများကို စားသုံးကြရာတွင် စနစ်တကျဆေးကြောခြင်း၊ အခွံခွာခြင်းပြုလုပ်ပြီးမှ စားသုံးသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်ရှင့်။
Reference by
https://www.ewg.org/foodnews/summary.php
Dr. Myo Aung Kyaw
လွန်ခဲ့သော ၄ နှစ် ကမြန်မာပြည်အတွက် သီးခြား သုတေသန ပြုသင့်ပါတယ်။ အထူးသဖြင့် ၁) ဖရဲသီး ၂) သခွားမွှေး ၃) ဂေါ်ဘီထုတ် ၄) ပန်းဂေါ်ဘီ ၅) မုံညှင်းထုတ် ၆) ခရမ်းချဥ်သီး ၇) ဘရိုကိုလီ ၈) ခရမ်းသီး ၉) သခွားသီး အဲဒါတွေကို လေ့လာ သုတေသန ပြုသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာလူမျိုးတွေ တော်တော်များများ အထက်ပါ အသီးတွေကို အများအပြား စားလို့ပါ
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 0 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 0 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ
U Yan • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from အေးပွင့်ဖြူ
အားလုံး
စားနပ်ရိက္ခာဖူလုံဖို့ ဒေသမျိုးတွေ ထိန်းသိမ်းစို့
27/12/2021
စိုက်ခင်းထဲက မိတ်ဆွေးပိုးတွေကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ
06/11/2021
စီးပွားဖြစ် တစ်သျှုးငှက်ပျောစိုက်ပျိုးနည်းစနစ်
27/10/2021
မုန်ညှင်းမျိုးနွယ်ဝင်အပင်တွေမှာ ဆိုးရွားစွာကျရောက်တဲ့ သံချေးဖြူရောဂါ
21/10/2021
အပင်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ
08/10/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....