နွားငယ်ပြုစုစောင့်ရှောက်ခြင်း (၂)

30/03/2018 15:48 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။
“ နွားကလေးနှင့်နွားမတမ်းများ၏ ကိုယ်အလေးချိန်တိုးတက်မှုမှတ်တမ်း ”
ကိုယ်အလေးချိန်တိုးတက်မှုတိုင်းတာခြင်း
 မွေးစမှ အသက် (၆) လသားအထိ (၂) ပတ်လျှင်တစ်ကြိမ် ကိုယ်အလေးချိန်တိုင်းတာရမည်။ ထိုသို့(၂)ပတ်တစ်ကြိမ် ကြီးထွားနှုန်း တိုင်းတာခြင်းအားဖြင့် အသက်အရွယ်လိုက်ရရှိမည့် အလေးချိန်များကိုသိရှိပြီး သတ်မှတ်စံနှုန်းအတိုင်းကြီးထွားမှုမရှိပါက လိုအပ်သလို စီမံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ နွားကလေးများသည် ပျမ်းမျှ တစ်ရက်လျှင်(၆၇၂) ဂရမ်နှုန်းဖြင့် ကြီးထွားရန်လိုအပ်ပါသည်။
 
 အသက် (၃) လသားတွင်သားခွဲခြင်း၏ အကျိုးကျေးဇူးများ
 
အသက် (၃) လတွင် သားခွဲနိုင်ရန်အတွက် သတ်မှတ်ထားသော ကိုယ်အလေးချိန်ပြည့်မီစေရန် နို့နှင့်အစာကိုလုံလောက်စွာ တိုက်ကျွေးရပါမည်။ ထိုမှသာလျှင် ကြီးထွားနှုန်းကောင်းမွန်ပြီး အသက် (၈) လ ခန့်တွင် သားစတင်တောင်းနိုင်မည်ဖြစ်ပါသည်။ သို့သော်လည်း ပထမသားစပ်ရန် သတ်မှတ်ထားသည့် အသင့်တော်ဆုံးအသက်အရွယ်မှာ (၁၅) လ ဖြစ်သည့်အတွက် ထိုအချိန်တွင်ရှိသင့်သည့်ကိုယ်အလေးချိန် ရောက်အောင် သေချာဂရုတစိုက်ကျွေးမွေးရန်လိုအပ်ပါသည်။ သို့မှသာ အသက် (၂) နှစ်တွင် ပထမသား မွေးဖွားနိုင်မည်ဖြစ်ပါသည်။
 
  အသက် (၃) လ သားခွဲချိန်တွင် ကိုယ်အလေးချိန် (၉၀ မှ ၁၀၀) ကီလိုဂရမ်အတွင်းရှိရပါမည်။
  အသက် (၁၅) လ ပထမသားစပ်ချိန်တွင် ကိုယ်အလေးချိန် (၃၀၀ မှ ၃၃၀) ကီလိုဂရမ်အတွင်းရှိရပါမည်။
  အသက (၂) နှစ် ပထမသားကျချိန်တွင် ကိုယ်အလေးချိန် (၅၀၀) ကီလိုဂရမ်ရှိရပါမည်။
 
   သားခွဲချိန်တွင် ရှိရမည့် ကိုယ်အလေးချိန်
   နွားမတန်း ပထမ သားစပ်ချိန်တွင် ရှိရမည့် ကိုယ်အလေးချိန်
တိပ်ကြိုးဖြင့် တိုင်းတာရာတွင် နွား၏လက်ပြင်နောက်မှ ပတ်၍ တိုင်းတရမည်။
ကိုးကား - မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်