မေးကြ၊ ဖြေကြ.....ဒေသအလိုက် မိုးလေဝသ
🌤💥 တိုင်းနဲ့ပြည်နယ်တစ်ခုချင်းစီအတွက် မိုးလေဝသအခြေအနေဆိုရင် ခြုံငုံပြီးတော့ပဲပြောလို့ရတာမို့ ကိုယ့်မြို့ကိုယ့်နယ်အလိုက် အသေးစိတ်မှန်နိုင်ဖို့မလွယ်ဘူးနော် 😇😇
🤝 ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ Green Way နဲ့ နိုင်ငံတကာမိုးလေဝသအခြေအနေတွေကို စောင့်ကြည့်ခန့်မှန်းပေးနေသူ ဆရာဦးဝင်းနိုင်တို့ ပူးပေါင်းပြီး အခမဲ့ အဖွဲ့လေးတစ်ဖွဲ့ကို ဖွဲ့ထားပါတယ် 🥰🥰
✅ ဒီအဖွဲ့လေးကို ဝင်ရောက်ပြီးတာနဲ့ ကိုယ့်ရဲ့ဒေသအလိုက် မိုးလေဝသအခြေ အနေကို တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပြီး နောက်ဆုံးမိုးလေဝသအခြေအနေတွေကို ဆရာက ပြန်ဖြေပေးသွားမှာပါ 👏👏
⛈ မိုးရွာ၊ လေတိုက်၊ ရာသီဥတုဘေးတွေကို တောင်သူဦးကြီးတွေအနေနဲ့ ကြိုသိပြီးကြိုတင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်တာပဲဖြစ်လို့ အဖွဲ့ဝင်ကြေးက ပိုက်ဆံပေးရန်မလိုပါဗျာ.. 🌹🌹
🌞 ကဲ..ဒီတော့.. Green Way app ထဲဝင်.. ဘယ်ဘက်အပေါ်ထောင့်က လူပုံလေးကိုနှိပ် .. ‘ သင့်အဖွဲ့ အစည်းများ’ ဆိုတဲ့ထဲက “ မေးကြ၊ ဖြေကြ..ဒေသအလိုက် မိုးလေဝသ” ဆိုတဲ့ အဖွဲ့လေးထဲဝင်ပြီး မေးကြ..မြန်းကြ..ဆွေးနွေးလိုက်ကြပါစို့ဗျာ 🌦🌦
sph
လွန်ခဲ့သော ၂ နှစ် ကမကွေးတိုင်း တောင်တွင်းကြီးကပါဆရာ မိုးအခြေနေလေးသိချင်လို့ပါ
Zew Nyi Nyi Naing
လွန်ခဲ့သော ၃ နှစ် ကဆရာ ရှမ်းပြည်တောင်ပိုင်းအတွက် မှန်တိုင်းအခြေအနေသိချင်လို့ပါဆရာ
ဦးကျော်ကျော်
လွန်ခဲ့သော ၃ နှစ် ကမြင်းခြံမြို့မှာလေတိုက်နှုန်းတော်တော်ပြင်းနိုင်လားဗျ နွေ CPပြောင်း/နွေနှမ်းစိုက်ထားသူတွေများလို့ပါ ခန့်မှန်းလေးဖြေပေးပါအုန်းဗျ ကျေးဇူးပါ
ကောင်းထက်နိုင်
လွန်ခဲ့သော ၃ နှစ် ကဂေါ်ရန်ဂျီကျွန်းဘက်ကပြည်သူတွေအတွက်စိတ်ချရရဲ့လားခမျ ပြောင်းရွေ့ဖို့ရောလိုမလားဗျ
Ko Myint
လွန်ခဲ့သော ၃ နှစ် ကပုသိမ်မှာ မိုးခန့်မှန်ပေပါ
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို ခုတ်ဖုံးကျဲလိုရလား
ဦးလင်း • ဖြေကြားချက် 0 ခု
ကြက်သွန်နီ စိုက်ပျိုးပုံ အဆင့်ဆင့်ကိုပြောပါအုံး တစ်ခါမှမစိုက်ဖူးလို့ ဘယ်လမှာ ပျိုးပြီးတော့ ဘယ်နရက်သားမှာ ချစိုက်ရတာလဲ
စိုးငြိမ်းထွန်း • ဖြေကြားချက် 0 ခု
ပြည်ပ နိုင်ငံအချို့ ရာသီဥတုဖောက်ပြန်မှု့ကြောင့် ရေဘေးကြုံနေရချိန် ကျတော်တို့ နေပြည်တော် ကောင်စီနယ်မြေမှာ ဆည်ရေသောက်တွေရေမရဘူးဗျ။စပါး ၁၃၅ ရက် မျိုးကြဲထားတာ ရက် ၇၀ ရှိပြီ။ ပေါင်းသတ်ဆေးဖျန်းပြီး ရေမသွင်းရတော့ ပေါင်းလည်းမသေ။စပါးကလည်း ၁၀လက်မသာသာပဲရှိတယ် စပါးငွေ့ရည်တည်တော့မယ် ရေလိုအပ်ချက်ရှိနေလို့ အထက် လူကြီးသိစေလိုခြင်းကြောင့် ရေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။နေရာ ငလိုက်ဆည် DY. 4
Ye Naing • ဖြေကြားချက် 2 ခု
ဂန္ဓမာပန်းခင်း တစ်ညတာမီးဘယ်အချိန်ပေးပြီး ဘယ်အချိန်မှာပိတ်သင့်ပါလဲခင်ဗျ အပင်တွေအဝါရောင်လိုက်နေပါတယ် ဘာဆေးသုံးရမလဲခင်ဗျ
aung than lwin • ဖြေကြားချက် 2 ခု
ဆရာခင်ဗျ အိမ်ရောတင်းကုတ်ရော မီးထဲပါသွားတာ အတာမြတ်ခြောက်တွေလဲပါသွားတယ်ရော အတာနဲ့ ကျွေးစရာရှိအောင်ဆိုပြီး ပြောင်း20ရက်သားလောက်ကို ပုလဲသွားကျွေးမိတယ်ဆရာ မိုးကနည်းနည်းပဲရွာတယ်ဆရာ ထပ်ရွာမှာပဲဆိုပီကျွေးလိုက်တာ ထပ်မရွာဘူးဆရာ ခုရက်ပိုင်းတွေလဲ အနည်းငယ်ပဲရွာတယ်ဆရာ အတာကိုလေ ပြောင်းတွေတက်လာအောင် GA3 ဆေးမျိုးတွေ ဖျန်းလို့ရလားဆရာ အပင်တက်လာအောင်ဘယ်လိုတွေ လုပ်လို့ရလဲဆရာ
U Yan • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်
02/09/2026
စပါးပင် ဘယ်အချိန်မှာ ရွက်ဖြတ်သင့်လဲ..ဘာကြောင့်ဖြတ်ကြတာလဲ?
02/09/2026
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
02/09/2026
More from Green Way
အားလုံး
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....